ဈေးကွက်ပိတ်ခါနီးမှာ ပရိသတ်တွေ ကာလရှည်မျော်လင့်နေတဲ့ ကစားသမားကို ထပ်မံခေါ်ယူနိုင်ဖို့ရှိတဲ့ ယူနိုက်တက်

Posted on

မန်ယူနိုက်တဒ် အသင်းရဲ့အပြောင်းရွှေ့တွေက အန်တိုနီ နဲ့ နယူးကာဆယ် ဂိုးသမား ဒူဗက်ကာ တို့ကို ခေါ်ယူပြီးနောက် ပြီးဆုံးခဲ့ပြီးလို့ ထင်မှတ်ခဲ့ရပေမယ့် လက်တွေ့မှာတော့ မပြီးပြတ်သေးတဲ့ အပြောင်းရွှေ့တစ်ခု ကို လက်စသတ်ဖို့ရန်အတွက် အဲရခ်တန်ဟဂ်က ကြိုးစားလျက်ရှိပါတယ်။ယူနိုက်တဒ် အနေနဲ့ လန်ဒန်ကို ရောက်ရှိနေတဲ့ ဖရန်ကီဒီဂျောင်ကို ခေါ်ယူနိုင်ရန် အဆုံးသတ်ကြိုးစားလျက်ရှိပြီး လက်ရှိအချိန်မှာတော့ အငှား+အပြီးသတ် ခေါ်ယူခွင့် နဲ့ ခေါ်ယူနိုင်ဖို့ ဘာစီလိုနာ နဲ့ ညှိနှိုင်းလျက်ရှိပါတယ်။

ဘာစီလိုနာ အသင်းက ဖရန်ကီဒီဂျောင် ကို လစာလျှော့ရန် တောင်းဆိုထားပေမယ့် ကစားသမားဖက်က လျှော့ယူဖို့ ငြင်းဆန်ထားတာကြောင့် အခက်ကြုံနေရပါတယ်။ ဘာစီလိုနာ အနေနဲ့ ဂျူးလက်စ်ကွန်ဒေး ကို စာရင်းသွင်းနိုင်ခဲ့သည့်တိုင် စာချုပ်သစ်တိုးမြှင့်ထားတဲ့ ဂါဗီ၊အာရူဂျို တို့ကို အဆိုပါအသစ်ချုပ်ဆိုတဲ့ စာချုပ် နဲ့ စာရင်းမသွင်းနိုင်ပဲ လက်ကျန်စာချုပ်အဟောင်းနဲ့သာ ဆက်လက် ကစားစေနေတာ ဖြစ်ကြောင်း ဒီပို့တီပို သတင်းဌာနကဖော်ပြထားပါတယ်။

ဘာစီလိုနာ ရဲ့ ကြွေးကျန်ပြသနာနဲ့ ငွေပေးချေရမယ့် ပြသနာတွေက ဖရန်ကီဒီဂျောင် လို လစာမြင့်မားတဲ့ ကစားသမားကို တစ်ပတ်လုပ်ခယူရို(၄)သိန်းကျော် ပေးချေနေရတာက မနိုင်ဝန်ဖြစ်လာစေပြီး အသင်းကို ကောင်းမွန်စွာလည်ပတ်နိုင်ဖို့ဆိုရင် ဖရန်ကီ ကို လက်လွှတ်တာကအကောင်းဆုံး အဖြေ ဖြစ်လာစေပါလိမ့်မယ်။

ဒီဂျောင် အပြင် မန်းဖစ်ဒီပိုင်း ဟာလည်း ပြီးခဲ့တဲ့ တနင်္လာနေ့ထဲက လန်ဒန် ကို ရောက်ရှိနေကြပြီး အစောပိုင်းမှာ ဗန်ဒီဘိခ့် မင်္ဂလာဆောင် လို့ ပြောကြပေမယ့် လက်ရှိမှာတော့ အဆိုပါသတင်းဟာ မှားယွင်းနေပါတယ်။ကစားသမားနှစ်ဦးလုံးဟာ ယူနိုက်တဒ် နဲ့ အသံတွေကျယ်လောင်စွာ ထွက်ပေါ်နေပြီး သတင်းတချို့အရ မန်းဖစ်ဒီပိုင်းကို စာချုပ်ဖျတ်သိမ်းလိုတဲ့ ဘာစီလိုနာ ဟာ ယူရို(၁၀)သန်းနဲ့ ယူနိုက်တဒ်ထံရောင်းချပြီး အဆိုပါငွေကြေးကို ဖရန်ကီထံ အကြွေးပေးချေရန် အသုံးပြုဖွယ်ရှိတယ်လို့သိရပါတယ်။

ယူနိုက်တဒ် အနေနဲ့ ဖရန်ကီဒီဂျောင် ကို အပြီးသတ်ခေါ်ယူတာထက် အငှား နဲ့ ယခုရာသီကိုခေါ်ယူပြီး လာမယ့်ရာသီမှာတော့ ယူရို(၈၅)သန်း နဲ့ အပြီးသတ် ခေါ်ယူဖွယ်ရှိပါတယ်။