ရော်နယ်ဒိုရဲ့ သွင်းဂိုးတွေရေတွက်ရမယ့်အချိန်

Posted on

ရှရဖ် နဲ့ ပထမပိုင်းမှာပဲ ရော်နယ်ဒို ဟာ အရေးပါတဲ့ ဒုတိယဦးဆောင်ဂိုး ကို ပယ်နယ်တီ က တဆင့် သွင်းယူပေးခဲ့တဲ့နောက် သူ့ရဲ့ ဂိုးမိုးခေါင်နေမှုကို အဆုံးသတ်နိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ရော်နယ်ဒို အတွက်တော့ ဒီဂိုးဟာ ကစားသမားဘဝ ပထမဆုံးသော ယူရိုပါလိဂ်ဂိုး ဖြစ်ပေမယ့် မိသားစုပြသနာ နဲ့ အသင်းပြသနာတွေကြားမှာရှုတ်ထွေးနေတဲ့ သူ့အတွက် စိတ်အားတက်စေတဲ့ သွင်းဂိုး ဖြစ်လာခဲ့ပါတယ်။အထူးသဖြင့် ရော်နယ်ဒို ဟာ သွင်းဂိုးမြစ်ခမ်းခြောက်မှုကို ခံစားနေရတာကြောင့် ကိုယ်တိုင်လည်း ယုံကြည်မှုကျဆင်းနေပြီ ယခုသွင်းယူခဲ့တဲ့ ဂိုးကတော့ သူ့အတွက် ယုံကြည်မှု နဲ့ စိတ်ပိုင်းဆိုင်ရာတိုးတက်မှုကို ရရှိစေပါလိမ့်မယ်။

ရော်နယ်ဒို က တန်ဟဂ် ရဲ့ နည်းစနစ် မှာ အံဝင်ဂွင်ကျကစားထားနိုင်သလို သူဟာ အိုမင်းသွားပေမယ့် ကျဆုံးသွားခြင်း မရှိသေးကြောင်း ကို ကွင်းလယ် နဲ့ တောင်ပံနေရာတွေကိုပါ ထွက်ကစားပြီး ပြသထားပါတယ်။ရှရဖ် အသင်းရဲ့ ကြမ်းတမ်းတဲ့ မြက်ခင်းပြင်ကြောင့် ကစားသမားအားလုံး ပုံမှန်ခြေစွမ်းရရန်ရုန်းကန်ခဲ့ရသလို ရော်နယ်ဒို အနေနဲ့လည်း အသားကျစေဖို့ ကြိုးစားနေရလို့ ခြေမပေါ်ခဲ့ရင်တောင် သူ့ရဲ့ လုပ်အားနှုန်း၊ကြိုးစားကစားမှုတွေက ထင်သာမြင်သာရှိခဲ့သလို work rate တောင်းဆိုမှုများတဲ့ တန်ဟဂ် ကိုယ်တိုင် ကြိုက်နှစ်သက်ခြင်းကို ရရှိခဲ့ပါသေးတယ်။

ရော်နယ်ဒို ကို လက်တလောမှာ အထောင်တိုက်စစ်မှုးအဖြစ် ထားသုံးနေပေမယ့် ဗျူဟာအရ ဘယ်ခြမ်းကို အတော်လေး ကပ် ကစားစေသလို ဆန်ချို အတွက် နေရာလွတ်တွေ ရရှိစေဖို့ ဖန်တီးပေးထားပါတယ်။ရော်နယ်ဒို ကြောင့် တောင်ပံ က ဆန်ချို အနေနဲ့ အတွင်းကို ချိုးဝင်ရာမှာ ပိုမိုလွယ်ကူစေသလို ဘရူနို၊အဲရခ်ဆင် တို့နဲ့ ချိတ်ဆက်ကာ low block ကို ဖြိုခွင်းနိုင်တဲ့ နည်းစနစ်တစ်ခုကို ပုံဖော်လာနိုင်ပါတယ်။

ဂျေဒန်ဆန်ချို ရရှိခဲ့တဲ့ သွင်းဂိုး က အဆိုပါ ဗျူဟာ ကနေ ရရှိခဲ့တာဖြစ်ပြီး အဲရခ်ဆင် ရဲ့ ပါးနပ်မှုက အဓိက ကျခဲ့ပါတယ်။ယူနိုက်တဒ် အတွက်တော့ ရှရဖ်နဲ့ပွဲဟာ သူတို့ရဲ့အကောင်းဆုံး လူစာရင်း ကို သိသာစေခဲ့သလို ရော်နယ်ဒို ဂိုးအနံ့ရသွားပြီဖြစ်လို့ နောက်ပွဲတွေမှာ သူ့ရဲ့ သွင်းဂိုး တွေ ကို ဆက်လက်ရေတွက်ဖို့ သာ စောင့်ဆိုင်းရန်လိုအပ်ပါတော့တယ်။