Getty Images

စစ်ကောင်စီခန့် ဝဏ္ဏမောင်လွင် ရှက်ဖွယ်လိလိ ကြုံရတော့မည်

Posted on

နောက်ဆုံးရရှိသော သတင်းအရ အမေရိကန် နှင့် တရုတ် တို့ ကန်လန်ကာ နောက်ကွယ် ဆွေးနွေးမှုများ အရ ကုလ အထွေထွေ ညီလာခံတွင် ဝဏ္ဍမောင်လွင် မိန့်ခွန်းပြောဆိုခွင့်ကို ပိတ်ပင်ရန် သဘောတူညီမှု ရသွားခဲ့ပြီ ဟု အမေရိကန် Foreign Policy မဂ္ဂဇင်း က ထဲထဲဝင်ဝင် ပါဝင်ခဲ့သူများ၏ အပြောကို ကိုးကား၍ ဖေါ်ပြထားသည်။

Getty Images

တရုတ်ဖက်မှလည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ၎င်း၏ မိန့်ခွန်းတွင် ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက်ခြင်း မပြုရန် နှင့် လျော့ပေါ့ ပြောဆိုရန် တောင်းဆိုခဲ့သည်။ ထို့အပြင် မြန်မာ၏ ကုလ သံအမတ်နေရာ ကို နိုဝင်ဘာအထိ ရွှေ့ဆိုင်းထားရန် လည်း သဘောတူခဲ့ကြသည်ဟု ဆိုသည်။

ရိုက်တာ သတင်း အရ ကုလ ကိုယ်စားလှယ် စီစစ်ရေး ကော်မတီအား မနက်ဖန် ကျင်းပမည့် ကုလအထွေထွေ ညီလာခံကြီး အစ တွင် ဖွဲ့စည်းပေးရန် ရှိနေပြီး အစဉ်အလာ အတိုင်းဆိုက အောက်တိုဘာ သို့မဟုတ် နိူဝင်ဘာလ ထဲတွင်သာ တွေ့ဆုံ၍ အဖွဲ့ဝင် ၁၉၃ နိုင်ငံ ၏ ကိုယ်စားလှယ် ခန့်အပ်လွှာများကို စီစစ် ရွေးချယ်၍ နှစ်မကုန်မီ အထွေ‌‌ ထွေ ညီလာခံ သို့ တင်ပြ လေ့ သိရသည်။

ထို့အတွက် အစည်းအဝေး ကျင်းပ၍ ဆုံးဖြတ်ချက် မချမီအထိ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းသည်သာ စက်တင်ဘာ ၂၇ ရက်နေ့တွင် မိန့်ခွန်း ပြောကြားဖို့ ရှိနေသည်ဟု ဆိုသည်။

Getty Images
Getty Images

ဝဏ္ဏမောင်လွင် က မြန်မာ ကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်၍ တက်ရောက် မိန့်ခွန်း ပြောကြားမည့် အစီအစဉ်သည် ပျက်ပျယ်ဖို့ သေချာသလောက် ဖြစ်နေပေပြီ။

လက်ရှိတွင်တော့ နိုင်ငံတကာ၏ ပစ်ပယ်ခြင်း ခံနေရ သော ကဘူးလ်ရှိ တာလီဘန် များ နှင့် နေပြည်တော်ရှိ စစ်ကောင်စီ တို့ က အထုတ်အပိုးပြင်ကာ နယူးယောက်ရှိ ကုလရုံးချုပ်မှ ထွက်ပေါ်လာမည့် အဖြေကို ရင်တမမ ဖြင့် စောင့်နေကြပြီ ဖြစ်သည်။

လက်ရှိ နိုင်ငံတကာ အမြင်တွင်တော့ NUG သည်အစိုးရတရပ် ၏ အင်္ဂါရပ်များ နှင့်အညီ တာဝန်သိသိ ဖြင့် ဆောင်ရွက်နေပြီး အာဏာသိမ်း အဖွဲ့ကတော့ နိုင်ငံသား များ အပေါ် ဥပဒေမဲ့ အကြမ်းဖက် သတ်ဖြတ်နေသူ များ အဖြစ်သာ တိုး၍ ရှု့မြင်လျက် ရှိသည်ဟု ဂျပန်၏ The Diplomat ဂျာနယ်က ထောက်ပြထားသည်။

ကုလ မှ စစ်ကောင်စီအား အသိအမှတ် ပြုလိုက်မည်ဆိုက ကုလ သမိုင်းတွင် အဆိုးရွားဆုံး မသိကျိုးကျွံပြုမှုကြီး အဖြစ် မှတ်တမ်းဝင်သွားတော့မည် ဖြစ်ယုံသာမက မြန်မာပြည်သူတို့၏ အသံကို ငြင်းပယ်လိုက်ခြင်း ပင် ဖြစ်သည်ဟု ဂျာနယ်က ဆက်လက် ရေးသားထားသည်။

Getty Images

ပြည်တွင်း ပြည်ပရှိ မြို့ပြ အဖွဲ့အစည်း ၃၅၈ ဖွဲ့မှလည်း ကုလ အဖွဲ့ဝင် နိုင်ငံများ နှင့် ကိုယ်စားလှယ်များအား မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ဆက်လက် ထားရှိပေးပါရန် စာရေးသား ပေးပို့တောင်းဆိုခဲ့ကြပြန်သည်။

NUG ဖို့ စဉ်းစားဆရာ လာရသည်က နိုင်ငံတကာ တရားရုံး တွင် ဂျီနိုဆိုက် အရေး စွပ်စွဲ ခံထားရမည်ကို ကိုယ်စား ပြုနိုင်ခွင့် ပင် ဖြစ်သည်၊ NUG အနေဖြင့်လည်း နိုင်ငံကို တရားစွဲဆိုထားမှု ဖြစ်နေသည့် အတွက် မည်သို့မည်ပုံ လုပ်ရမည် အပေါ် အကျပ် ရိုက်လာဖွယ် ရှိနေသည်။

ယခုအခါ နိုင်ငံတော်အတိုင်ပင်ခံ ကားမူးသွားသည့် အကြောင်းကိုပင် ကမ္ဘာ သတင်းစာကြီးများတွင် အလုအယက် ဖေါ်ပြလာနေကြပြီ ဖြစ်၍ စစ်ကောင်စီ အဖို့ သူမအပေါ် ရှေ့လျောက် လူမြင်ကွင်းမှ ပျောက်ကွယ်သွားအောင် ကြံစည်မည့် အရေးသည် ၎င်းတို့ ထင်သလောက် လွယ်ကူလိမ့်မည် မဟုတ်ဆိုသည်ကို သဘောပေါက် လာကြတော့မည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်

နိုင်ငံတော် အတိုင်ပင်ခံသည် ကားစီးရင်း ခေါင်းထဲမူးနောက်နောက် ဖြစ်လာ၍ ရုံးချိန်းကို ရွှေ့ဆိုင်းပေးခဲ့ရပြီး ရှေ့နေများနှင့် တွေ့ဆုံရာတွင် သူမအား စစ်ကောင်စီ အဖွဲ့ဝင် တဦးတယောက်မျှ လာရောက်တွေ့ဆုံခဲ့ခြင်း မရှိဟု ထွက်ပေါ်နေသော သတင်းများနှင့် ပတ်သက်ပြီး ငြင်းဆိုသွားခဲ့သည်ဟု ဧရာဝတီ သတင်းတွင် ဖေါ်ပြထားသည်။

နိုင်ငံတော် အတိုင်ပင်ခံ အနေဖြင့် သူမကဲ့သို့ တကမ္ဘာလုံး က အသိအမှတ် ပြုထားသော လူကိုပင် မတရား ပုဒ်မများ ဒါဇင်ဝက်ခန့် တပ်ကာ တရားစွဲဆို ခံနေရသည့် အဖြစ်ကို ရောက်နေရ၍ သာမန် ပြည်သူများ အဖို့ ဆိုက မည်မျှအထိ အနိုင်ကျင့်ခံနေရမည် ‌ဆိုသည်ကို မရိပ်စားမိပဲ နေမည် မဟုတ်ပေ။

သို့သော် မြန်မာပြည်သူ တရပ်လုံးက အာဏာသိမ်း အဖွဲ့ နှင့် လက်ပါးစေများကို ခါးခါးသီးသီး ရွံရှာ မုန်းတီးနေကြပြီး အားမတန်၍ မာန်လျော့ ကာ ဆက်ဆံနေကြရသည်၊ ယင်းနှင့်အတူ ပြည်သူတို့၏ ပြောက်ကျား စစ်ပွဲကြီး ပေါ်ပေါက်လာပြီ ဖြစ်သည်။ နိုင်ငံအနှံ စစ်တပ်စီးပွားရေး လုပ်ငန်း ဖြစ်သော ဆက်သွယ်ရေး တာဝါ ‌တိုင်များအား နိုင်ငံ အနှံ့တွင် ဖျက်ဆီးလာခဲ့ကြသည်၊ စစ်တပ်ကလည်း ၎င်းတို့၏ တခုတည်းသော ကျွမ်းကျင်ရာ မြေလှန်စနစ် ကျင့်သုံးလာတော့မည် လည်း ဖြစ်သည်။

Getty Images

ယခုလည်း အာဏာသိမ်း အဖွဲ့က တရားရုံး၊ ထောင်နှင့် ဆေးရုံကို ဒုက္ခမပေးနဲ့ ဟု ဆိုကာ ၎င်းတို့ တပ်သားများကို စိတ်ထင်တိုင်း သတ်ဖြတ်ခွင့်‌ ပေးထားပြီးဖြစ်သည်။

ထို့အတွက်လည်း ယုတ္တိယုတ္တာ ရှိအောင် ဝါဒဖြန့် စစ်ဆင်ရေး မျိုးပင် မလုပ်နိုင်တော့ပဲ ငါ့စကားနွားရ လူမိုက်ဆန်ဆန် ပြောဆိုနေသည့် အဆင့်သာ ရှိတော့သည်။ ထိုအပြောအဆိုများကိုလည်း ၎င်းတို့အား ထောက်ခံနေသည့် ဒလန်များ၊ အလိုတော်ရိ အစရှိသည့် လူထုချင်ဖတ်များကသာ ယုံယုံကြည်ကြည် ဖြင့် နားထောင်ကြတော့သည်။

၎င်းတို့ နောင်လာ နောင်ခါဈေး ဆိုကာ ပစ်ထားသည့် တိုင်းပြည်စီးပွားရေးက လည်မြို ညှစ်လာနေပြီ ဖြစ်သည်၊ ကမ္ဘာဘဏ်၊ အာရှဘဏ်၊ ကမ္ဘာငွေကြေးရံပုံငွေ အဖွဲ့တို့ မှ ချေးငွေများ တပြားတချပ်မှပင် ရဖို့ မရှိ၊ ဂျပန် ကလည်း ရစရာ လမ်းမမြင်၊ စိုးဝင်း၏ မိတ်ဆွေ နိုင်ငံများ ဆိုသည့် တရုတ်၊ ရုရှား၊ ထိုင်း၊ ကမ္ဘောဒီယား တို့ထံ မှ မစို့တပို့ ပေးသော ငွေများသာ ရဖို့ ရှိနေသည်။

ကုလ လူ့အခွင့် အရေး ကိုယ်စားလှယ် တွန် အင်ဒရူး

ယနေ့တွင် ကုလ လူ့အခွင့်အရေး ကောင်စီ၏ ၄၈ ကြိမ်မြောက် ညီလာခံအား ဂျီနီဗာတွင် စတင်ဖွင့်လှစ်လိုက်ပြီး ကုလ အထူး စုံစမ်းရေး ကော်မရှင်မှ ရရှိထားသော အချက်အလက်များ ဖြင့် အစီရင်ခံစာကို တင်သွင်းပြီး စစ်ကောင်စီ၏ နေစဉ်ရက်စက် ယုတ်မာ နေမှုများကို ကမ္ဘာသိ ဖွင့်ချရန် ရှိနေသည်။

တော်လှန်ရေး မုချ အောင်ရမည်!!!

Hla Soewai

Leave a Reply

Your email address will not be published. Required fields are marked *