လူသစ်ခေါ်ယူဖို့ တန်ဟဂ်စောင့်ကြည့်နေတဲ့ ကစားသမား(၃)ယောက်ကို ဖော်ထုတ်လိုက်တဲ့ ရိုမာနို

Posted on

အီတလီနာမည်ကြီး ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ ခြေနှစ်ချောင်းဈေးကွက်ဘုရင် ဖဘရီယိုရိုမာနို ကတော့ လာမယ့် ဆောင်းဈေးကွက်အတွင်း အဲရလ်တန်ဟဂ် က ကစားသမား(၃)ဦးအထိ ခေါ်ယူလိုတယ်လို့ ဆိုလိုက်ပါတယ်။ ယူနိုက်တဒ် ရဲ့ အားနည်းနေတဲ့ နေရာတွေနဲ့ အရံအင်အား မလုံလောက်မှုကို ဖြည့်တင်းရန် အတွက် တန်ဟဂ် က ကင်းထောက်တွေစေလွှတ်ကာ စောင့်ကြည့်တာအပြင် ကိုယ်တိုင်လည်း လေ့လာဆန်းစစ်မှုတွေ ပြုလုပ်နေပြီး ဇန်နဝါရီ မှာ ကစားသမား တချို့ကိုရှင်းထုတ်ကာ လူသစ်ဖြည့်တင်းမှုပြုလုပ်လိုကြောင်း ထိပ်ပိုင်းတာဝန်ရှိသူတွေ နဲ့ ဆွေးနွေးခဲ့ပြီးဖြစ်တယ်လို့ ရိုမာနို က ဆိုပါတယ်။ အဲရခ်တန်ဟဂ် ရဲ့ watch list ထဲ ရောက်ရှိနေတဲ့ ကစားသမားတွေကတော့ ပေါ်တိုဂိုးသမား ကော်စတာ၊လေဗာကူဆင် ညာနောက်ခံလူ ဖရင်ပေါင် နဲ့ PSV တိုက်စစ်မှုး ဂတ်ပို တို့ ဖြစ်တယ်လို့ Podcast Here We Go မှာ ပြောကြားခဲ့ပါတယ်။

တန်ဟဂ် အနေနဲ့ ဒဟေးယား ရဲ့စာချုပ်သစ်ဆွေးနွေးမှုကို ရပ်တံ့ခဲ့ပြီးနောက် ဂိုးသမားသစ် ရှာဖွေနေတာဖြစ်ပြီး ကော်စတာ က ယူနိုက်တဒ် ရဲ့ အနာဂတ် နံပတ်(၁) ဖြစ်လာမယ်လို့ ရေပန်းစားနေတာပဲဖြစ်ပါတယ်။ မော်ဒန်ဂိုးသမား တစ်ယောက်ရဲ့ လိုအပ်ချက်အားလုံးနဲ့ ပြည့်စုံနေသလို shot-stopping rate လည်းမြင့်မားတာကြောင့် ဥရောပတလွှားက အသင်းကြီးတွေ စိတ်ဝင်စားနေပြီး ယူနိုက်တဒ်အတွက် ယခုတစ်ြကိမ်မှာ ကံကောင်းတာက ဘာစီလိုနာ က လွဲရင် ထိပ်သီးအသင်းကြီးတိုင်းမှာ နံပတ်(၁)နေရာဟာ ပြည့်နှင့်နေပြီးဖြစ်တာကြောင့် ပြိုင်ဘက်ကြီးကြီးမားမားမရှိတာပဲ ဖြစ်ပါတယ်။ကော်စတာ ရဲ့ စာချုပ်ဖျတ်သိမ်းကြေးက ယူရိုသန်း(၅၀) ရှိပြီး အသက်(၂၂)အရွယ်ပေါ်တူဂီ ဂိုးသမားက ဒဟေးယား နေရာကို ဆယ်စုနှစ်တစ်ခုကျော်ကြာ ဆက်လက်ထိန်းထားနိုင်မယ့် ကစားသမားဖြစ်လို့ မှန်ကန်တဲ့ ရင်းနှီးမြှပ်နှံ့မှုလို့ ခေါင်းစဉ်တပ်လို့ရပါတယ်။

လေဗာကူဆင် ညာနောက်ခံလူ ဖရင်ပေါင် က နယ်သာလန် သားဖြစ်ပေမယ့် ငယ်စဉ်ထဲက အင်္ဂလန်ကို ပြောင်းရွှေ့အခြေချခဲ့သူဖြစ်ပြီး မန်စီးတီး အကယ်ဒမီကနေ ထွန်းပေါက်လာတဲ့ ချာတိတ် ဖြစ်ပါတယ်။လက်ရှိလေဗာကူဆင် ရဲ့ အားထားရတဲ့ ညာနောက်ခံလူဖြစ်ပြီး ၂၀၀၀ ခုနှစ်ဖွား ဖရင်ပေါင်ဟာ (၂၂)နှစ်သာ ရှိသေးလို့ ဒါးလော့ နဲ့ အပြိုင် အသင်းရဲ့ ခံစစ်မှာ အားထားရမယ့် ကစားသမားဖြစ်လာနိုင်ပါတယ်။

ဖရင်ပေါင်ကိုခေါ်ယူရန်အတွက် ဘစ်ဆာကာ ကို ဦးစွာရှင်းလင်းရန် လိုပြီး အငှားချတာ ဒါမှမဟုတ် အပြီးသတ်ရောင်းချတာ ပြုလုပ်လာနိုင်ပါတယ်။ ဂတ်ပို ကိုတော့ ဒဏ်ရာများလွန်းတဲ့ မာစီရယ် နဲ့ အသင်းကထွက်ဖို့တာဆူနေတဲ့ ရော်နယ်ဒို ကြောင့် မဖြစ်မနေ ခေါ်ယူရန်လျာထားပြီး နယ်သာလန်တိုက်စစ်မှုးကလည်း (၂၂)နှစ်သာ ရှိသေးလို့ တန်ဟဂ် ဟာ နောက်ထပ်ဆယ်စုနှစ်တစ်ခုစာ လုံလောက်တဲ့ လူအင်အားကို မန်ချက်စတာမှာ စုဆောင်းနေပြီလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လျက်ရှိပါတယ်။