ခြေပျက်နေပေမယ့် ခံစစ်စွမ်းဆောင်မှုပိုင်းမှာ ဗန်ဒိုက်ကို ပုခုံးချင်းယှဉ်နိုင်တဲ့ ဂေါင်းကြီး

Posted on

ဘောလုံးပွဲသုံးသပ်သူတွေရဲ့ကြားမှာ ပြောလေ့ပြောထရှိတဲ့ စကားတစ်ခွန်းရှိပါတယ်။ အချက်အလက်တွေက ဘယ်တော့မှ မညာဘူးတဲ့။ အခုလည်း ဗန်ဒိုက်ချ်နဲ့ မက်ဂွိုင်းယားတို့ နှစ်ယောက်ကို နှိုင်းယှဉ်ထားတဲ့ အချက်အလက်တွေ ထွက်ပေါ်လာတဲ့ အခါ ကျွန်တော်ကိုယ်တိုင်လည်း အံ့အားသင့်ရပါတယ်။

ဗန်ဒိုက်ချ်ဟာ လီဗာပူးလ်နဲ့ ဘယ်လောက်အထိ မာကျောခဲ့တယ်၊ အောင်မြင်မှုတွေရခဲ့တယ်ဆိုတာ အားလုံးသိတယ်။ အဲဒီလိုပါပဲ။ မက်ဂွိုင်းယားဟာ မန်ယူမှာ ဘယ်လိုပျက်စီးသွားခဲ့တယ်။ သာမန်ကစားသမားတစ်ယောက်ရဲ့ စွမ်းဆောင်ရည်မျိုးမှာတောင် ရှိမနေလို့ အသင်းရဲ့ ပရိသတ်တွေကတောင် စိတ်ပျက်နေကြသူပါ။ ဒီလိုကစားသမားနှစ်ယောက်က စွမ်းဆောင်ရည်ချင်းတူညီလုနီးပါးဖြစ်နေတာ ဆန်းတော့ ဆန်းပါတယ်။

သူတို့နှစ်ယောက်ရဲ့ ပရီးမီးယားလိဂ်ပွဲပေါင်း ၂၀၀ စွန်းစွန်းလေးကစားထားခဲ့ပြီးတာလည်း တူနေသလို တခြားအချက်အလက်တွေလည်း တူညီနေပါတယ်။ ပုံထဲမှာကြည့်ပါ။ အောင်မြင်တဲ့ဘောလုံးဖျက်ထုတ်မှု၊ ကြားဖြတ်ဟန့်တားမှု၊ အမြင့်ဘောယှဉ်လုနိုင်စွမ်း၊ ကိုယ့်အမှားကြောင့် ပေးရတဲ့ဂိုး၊ အဲဒီတွေကို နှိုင်းယှဉ်လိုက်တဲ့အခါ မက်ဂွိုင်းယားဟာ ဗန်ဒိုက်ချ်နဲ့ တူညီလုနီးပါးထိ စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။

ဒါဆို ဘာတွေကွာသွားသလဲဆိုတော့ နည်းပြရယ်၊ တွဲဖက်ကစားနေရတဲ့အသင်းဖော်တွေရယ်ကြောင့် ဗန်ဒိုက်ချ်ဟာ အခုလိုဖြစ်နေတယ်လို့လည်း အကြမ်းဖျင်းသုံးသပ်ကြပါတယ်။ဒေတာတွေက PL မှာကစားခဲ့တဲ့ ပွဲတွေအပေါ်အခြေခံပီး တွက်ချက်ထားတာဖြစ်ပါတယ်။

ကစားတဲ့ပွဲအရေအတွက်၊
ဗန်ဒိုက် – ၂၀၂ ပွဲ
ဂေါင်းကြီး – ၂၀၆ ပွဲ

ဖျက်ထုတ်မှုအကြိမ်ပေါင်း၊
ဗန်ဒိုက် – ၂၀၆ ကြိမ်
ဂေါင်းကြီး – ၂၅၄ ကြိမ်

အောင်မြင်တဲ့ဖျက်ထုတ်မှု (%)
ဗန်ဒိုက် – ၆၉%
ဂေါင်းကြီး – ၆၇%

ကြားဖြတ်ဟန့်တားမှုပေါင်း၊
ဗန်ဒိုက် – ၃၂၂ ကြိမ်
ဂေါင်းကြီး – ၃၂၆ ကြိမ်

တပွဲကြားဖြတ်ဟန့်တားမှု (%)
ဗန်ဒိုက် – ၁.၅၉
ဂေါင်းကြီး – ၁.၅၈

လေထဲဘောလုံးယှဉ်လုမှု (%)
ဗန်ဒိုက် – ၇၄%
ဂေါင်းကြီး – ၇၂%

အမှားကြောင့်ပေးရတဲ့ဂိုး၊
ဗန်ဒိုက် – ၃ ဂိုး
ဂေါင်းကြီး – ၃ ဂိုး

ဂေါင်းကြီးက ၄ ပွဲပိုကစားပီးဖျက်ထုတ်မှုအကြိမ်အရေတွက်မှာ သူက အကြိမ် ၄၀ ကျော်တောင် ပိုသာအောင် လုပ်ပြထားသေးတယ်။ ကျန်တာက ပြောပလောက်အောင်ကွာတာမရှိ မရှိပါဘူး။ ဒါကြောင့် ဗန်ဒိုက်ကောင်းတယ်ဆိုတာ ဂေါင်းကြီးတို့ ခြေပျက်သလောက်ပဲ ရှိတယ်လို့ အမွှမ်းတင်ရမလိုပါဘဲ။