လာမယ့်အပြောင်းအရွှေ့မှာ တန်ဟဂ် ထပ်မံရှင်းထုတ်မယ့် ကစားသမား အချို့

Posted on

နွေရာအသီအပြောင်းရွှေ့ဟာ လက်စတာကို အနိုင်ရပြီးတဲ့ပွဲအပြီးမှာ ပိတ်သိမ်းခဲ့ပြီဖြစ်ပေမယ့် တန်ဟဂ် ကတော့ သူ့အသင်းရဲ့ လူစာရင်းဟာ ဇန်နဝါရီ အထိသာ အပြောင်းလဲမရှိတည်ရှိနေနိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။

တန်ဟဂ် ရဲ့ပြောဆိုမှုက လာမယ့် ကမ္ဘာ့ဖလားအပြီးပြန်လည်ဖွင့်လှစ်မယ့် ဈေးကွက်အတွင်း ယူနိုက်တဒ်ဟာ အရောင်း/အဝယ်ပြုလုပ်ရန်အတွက် ဝင်ရောက်မှာဖြစ်ကြောင်း အရိပ်အမွှက် အသိပေးခဲ့တာဖြစ်ပါတယ်။တဆက်ထဲမှာပဲ အသင်းမှာကျန်ရှိခဲ့တဲ့ ကစားသမားတချို့ အတွက်လည်း သူ့ရဲ့ နည်းစနစ်၊ဗျူဟာကို မလိုက်မှီတာ သို့မဟုတ် မလိုက်နာတာတွေ ပြုလုပ်ခဲ့ရင် ရောင်းချသွားဖို့ပြင်ဆင်နေတာပဲ ဖြစ်ပါတယ်။

တန်ဟဂ် အနေနဲ့ ပြီးခဲ့တဲ့ နွေရာသီမှာထဲက ကစားသမားအားလုံးကို မြေလှန်ပစ်လိုပေမယ့် မူလထဲက ကစားသမားအများအပြားထွက်ခွာခဲ့သလို ကမ္ဘာ့ဖလားရှိတာကြောင့် ကစားသမားအင်အား လိုအပ်တဲ့အတွက် တချို့သော ကစားသမားတွေကို ချန်လှပ်ခဲ့တာပဲ ဖြစ်ပါတယ်။

တန်ဟဂ် ရဲ့ နည်းဗျူဟာ မှာ အံမဝင်တဲ့ ကစားသမားတွေထဲက ဘစ်ဆာကာ၊တွမ်ဇမ်ဘီ နဲ့ ဝီလျံ တို့က ရောင်းချဖို့ စီစဉ်ထားတဲ့ကစားသမား တွေ ဖြစ်ပြီး ပရိတ်သတ်တွေ မျှော်လင့်မထားတဲ့ လင်ဒီလောဖ့်၊ဗန်ဒီဘိခ့် တို့ဟာလည်း အသင်းကနေ ထွက်ခွာသွားရနိုင်ချေရှိပါတယ်။ ဗာရန်း၊မာတီနက်ဇ် အတွဲ တည်ငြိမ်မှု အပြင် မက်ဂွိုင်းယား က အရံလူဖြစ်သွားတာကြောင့် လင်ဒီလောဖ့် အနေနဲ့ အသင်းကနေ ထွက်ခွာသွားနိုင်ချေမြင့်ပါတယ်။

တောင်ပံလူတွေဖြစ်တဲ့ ဝီလျံ နဲ့ ဘစ်ဆာကာ ကိုတော့ တန်ဟဂ် က စိတ်ကြိုက်မတွေ့တာကြောင့် အရံအင်အားအဖြစ်သာ ချန်ထားခဲ့ပြီး ဇန်နဝါရီမှာတော့ ရောင်းချသွားဖွယ်ရှိပါတယ်။ ဝီလျံတွက် ပေါင်(၁၀)သန်းဝန်းကျင် နဲ့ ဘစ်ဆာကာ ကို ပေါင်(၁၅)သန်း သတ်မှတ်ထားပြီး လက်တလောမှာတော့ ပဲလေစ့်၊ဖောရက်စ်၊ဗီလာ တို့က စိတ်ဝင်စားနေပါတယ်။

ဗန်ဒီဘိခ့် ကို အိုင်းယက်စ် က ပြန်လည်ခေါ်ယူလိုသလို လင်ဒီလောဖ့် ကိုတော့ ဘာစီလိုနာ အပါဝင်အသင်းကြီးတွေက အလိုရှိလျက်ရှိပါတယ်။ ယူနိုက်တဒ် အနေနဲ့ ဆောင်းဈေးကွက်မှာ ကစားသမားရှင်းလင်းမှုတချို့ ထပ်မံပြုလုပ်ပြီးရင် အသင်းလူစာရင်းကို ကျစ်လစ်သွားစေဖို့ရည်မှန်ထားတာပဲ ဖြစ်ပါတယ်။