လီဗာပူးလ်နဲ့ပွဲစဉ်အပြီးမှာ အန်တိုနီနဲ့ပတ်သက်တဲ့ ဝန်ခံမှုတခု လုပ်သွားတဲ့ ဗန်ဒါဆား

Posted on

အေဂျက်ဇ် အသင်းရဲ့ အမှုဆောင်ချုပ် ဖြစ်သူ အက်ဒဝင် ဗန်ဒါဆား က နွေ အပြောင်းအရွှေ့ တုန်းက အသင်းရဲ့ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ အန်တိုနီ ကို မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ဆုံးရှုံးခဲ့ရတာက ကြီးမားတဲ့ ထိုးနှက်ချက် တစ်ခု ဖြစ်ခဲ့ရတယ်လို့ ဝန်ခံ သွားခဲ့လိုက်ပါတယ် ။

ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ ဘရာဇီးတောင်ပံကစားသမား အန်တိုနီဟာ မန်ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့လိုခဲ့တာကြောင့် အေဂျက်စ်အသင်းနဲ့ လေ့ကျင့်ရေးအစီအစဉ်တွေပါ ပူးပေါင်းခဲ့ခြင်း မရှိခဲ့တာပါ။ ဒါကြောင့်လည်း ကစားသမားရဲ့ဆန္ဒကြောင့် အေဂျက်စ်ဟာ မရောင်းချင်ဘဲ ရောင်းထုတ်ခဲ့ရတာဖြစ်ပါတယ်။

အခုတော့ အန်တိုနီဟာ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ နည်းပြဟောင်း အဲရစ် တန်ဟတ် နဲ့အတူ အလုပ် လက်တွဲ လုပ်ခွင့် ပိုင်ဆိုင်နိုင်ခဲ့ပါပြီ ။ ဒါ့အပြင် အာဆင်နယ် အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲဦးထွက်မှာလည်း အဖွင့်ဂိုး သွင်းယူပေးထားနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ် ။

အခြားတဖက်မှာတော့ ကစားသမားကောင်းတွေကို ဆုံးရှုံံးထားခဲ့ရတဲ့ အေဂျက်ဇ် အသင်းဟာ ချန်ပီယံလိဂ် အုပ်စု ဒုတိယ ပွဲစဉ်မှာ ပရီးမီးယားလိဂ် ကလပ် လီဗာပူး အသင်း နဲ့ ရင်ဆိုင် ကစားခဲ့ရပြီး အဝေးကွင်းမှာ 2 – 1 ဆိုတဲ့ ရလဒ် နဲ့ ရှုံးနိမ့် သွားခဲ့ရပါတယ် ။

ဒီလို အနေအထား တစ်ရပ်မှာ ယူနိုက်တက် ဂန္တဝင် ဖြစ်တဲ့ အေဂျက်ဇ် အသင်းရဲ့ အမှုဆောင်ချုပ် အက်ဒ်ဝင် ဗန်ဒါဆား က အန်တိုနီ လို ကစားသမားကောင်း တစ်ဦးကို ဆုံးရှုံးခဲ့ရတာက ခက်ခဲလှကြောင်း ၊ ဒီလို ညမျိုးမှာ သူ့ကို လွမ်းဆွတ်မိကြောင်း ထုတ်ပြော သွားခဲ့လိုက် ပါတယ် ။

” နည်းပြ တစ်ဦး အတွက်တော့ အသင်းမှာ ဘယ် ကစား သမားတွေ ထွက်ခွာကြမလဲ ၊ ဘယ် ကစားသမားတွေ ဆက်နေကြမလဲဆိုတာ သိရတာ တကယ့်ကို ကောင်းမွန်လှ ပါတယ် ။ ကျွန်တော် ရှရူဒါ ကို ဒါတွေ ကြိုတင် ပြောပြခဲ့ကြပါတယ် ”

” ဒါပေမဲ့ အန်တိုနီလို နည်းစနစ် ကောင်းတဲ့ ကစားသမားမျိုးကို မန်ချက်စတာ ယူနိုက်တက် အသင်းဆီ လက်လွှတ် ဆုံးရှုံးခံခဲ့ရတာက ကြီးမားတဲ့ ထိုးနှက်ချက် တစ်ခုပါပဲ ။ သူ အကောင်းဆုံး ဖြစ်နိုင်ပါစေလို့ ဆုမွန်ကောင်းတွေ တောင်းပေးလိုက်ပါတယ် ”

” ဒါပေမဲ့ အခုလို ညမျိုးမှာတော့ ကျွန်တော်တို့ သူ့ကို တကယ်ပဲ လွမ်းဆွတ်မိခဲ့ကြ ပါတယ် ” လို့ ဗန်ဒါဆား က လီဗာပူး နဲ့ ရှုံးပွဲ အပြီးမှာ အခုလို ငြီးတွား သွားခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနက်ဖြန်မှာ ရှရစ်ဖ် အသင်းနဲ့ ယူရို ပါလိဂ် ကစားရဖို့ ရှိနေပြီး အန်တိုနီ လည်း ပွဲထွက်လာဖို့ ရှိနေပါတယ် ။