Getty Images

ဟာလန်း ကို ယှဉ်ဖို့ ယူဗင်းတပ်စ် တိုက်စစ်မှုး ကို ခေါ်ယူရန်ကြိုးစားသင့်တဲ့ မန်ယူနိုက်တဒ်

Posted on

မန်ယူနိုက်တဒ်အနေနဲ့ လာမယ့်နွေမှာ အထောင်တိုက်စစ်မှုးသစ်ရှာပုံတော်ဖွင့် မှာ ဖြစ်ပြီး ရော်နယ်ဒို ထွက်ခွာမှုနဲ့အတူ တိုက်စစ်မှုးသစ်တစ်ဦးမဖြစ်မနေခေါ်ယူရန်လိုအပ်လာပါလိမ့်မယ်။

တန်ဟဂ် ကိုယ်တိုင်ကလည်း အမြင့်ဘော ထိန်းချုပ်နိုင်ပြီး ဧရိယာထဲအဆုံးသတ်ကောင်းမွန်တဲ့ တိုက်စစ်မှုးကို ရှာဖွေနေပြီး ယူဗင်းတပ်စ် တိုက်စစ်မှုး ဗလ်ဟိုဗစ် ဟာ တန်ဟဂ် အတွက် ရွေးချယ်စရာတစ်ခုဖြစ်လာနိုင်ပါတယ်။

Getty Images

ဖီအ်ိုရင်တီးနားတိုက်စစ်မှုးဟာ နူရင်မြေမှာ ခြေစွမ်းပြန်ိုင်ဖို့ရုန်းကနေရပြီး လက်တလောမှာလည်း သူ့ရဲ့ သွင်းဂိုးတွေ ရရှိနေသည့်တိုင် အသင်းက နိုင်ပွဲပျောက်နေတာကြောင့် ယူဗင်းတပ်စ် မှာ ရုန်းကန်နေရသူလည်းဖြစ်ပါတယ်။

ဗလ်ဟိုဗစ် က ဖီအိုရင်တီးနား မှာ ရှိစဉ် က ဥရောပရဲ့ ထွန်းပေါက်လာမယ့် တိုက်စစ်မှုး တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူပဲ ဖြစ်ပါတယ်။

အသက် (၂၂)နှစ်သာရှိသေးတဲ့ဆားဘီးယား သားက အရပ် (၆)ပေကျော်ရှိပြီး လေပေါ်ယှဉ်ပြိုင်ပွဲတွေမှာအားသာချက် ရှိပါတယ်။

ဆားဘီးယားသားဖြစ်တာကြောင့် ကြံခိုင်မှု နဲ့ စိတ်ပိုင်းဆိုင်ရာ မာကျောမှုက ကောင်းမွန်သလို ဘယ်ခြေတိုက်စစ်မှုးဖြစ်တာကြောင့် ကန်ချက် နဲ့ တိကျမှုပိုင်းအားသာချက်ရှိပါသေးတယ်။

Getty Images

ဗလ်ဟိုဗစ် က ဖီအိုရင်တီးနား မှာ ရှိစဉ် က (၁၀၈)ပွဲကစားကာ (၄၉)ဂိုးအထိသွင်းယူနိုင်ခဲ့ပြီး ယူဗင်းတပ်စ် အသင်းက ပြီးခဲ့တဲ့ဆောင်းရာသီမှာ မှ ရော်နယ်ဒို နေရာအစားထ်ိုးရန် ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ်။

ယူနိုက်တဒ် အနေနဲ့ ဗလ်ဟိုဗစ်ကို ခေါ်ယူမယ်ဆိုရင် အလွယ်တကူ ခေါ်ယူလို့ရမှာတော့ မဟုတ်ပဲ ယူရိုသန်း(၈၀)ဝန်းကျင်အသုံးပြုရနိုင်ပါတယ်။

ယူဗင်းတပ်စ် အသင်းက ဗလ်ဟိုဗစ် ကို ယူရို(၇၅)သန်းနဲ့ ခေါ်ယူထားတာဖြစ်တာကြောင့် လက်ရှိအချိန်မှာ ယူနိုက်တဒ် က ပြန်လည်ခေါ်ယူလိုရင်အဆိုပါ ပမာဏ ထက်ပိုမ်ိုမြင့်မားတဲ့ ပြောင်းရွှေ့ကြေးတရပ်ကို ပေးချေရဖွယ် ရှိပါတယ်။

ဗလ်ဟိုဗစ် ဟာ ယခုရာသီမှာ ဆီးရီးအေ သွင်းဂိုး (၄)ဂိုးသာရထားပေမယ့် အသင်းရဲ့ဆိုးရွားလွန်းတဲ့ ကွင်းလယ်နဲ့တိုက်စစ်အခင်းကျင်းကြောင့်သာ ခြေစွမ်းကျဆင်းနေတာ ဖြစ်တာကိုတော့ သတိပြုမိဖို့လိုပါတယ်။

Getty Images

ပြီးခဲ့တဲ့ရာသီကထိ ဗလ်ဟိုဗစ် ဟာ ဟာလန်း ကို ယှဉ်ပြိုင်နိုင်တဲ့ အမ်ဘာပေး အလွန် တစ်ဦးတည်းသောတိုက်စစ်မှုးဖြစ်တာကြောင့် ဖန်တီးမှုအားကောင်းပြီး တိုက်စစ်မှုးစစ်စစ် လိုအပ်နေတဲ့ တန်ဟဂ် အတွက် မန်စီးတီးကို ပုခုံးချင်းယှဉ်ဖို့အကောင်းဆုံးသော ခေါ်ယူမှုဖြစ်လာပါလိမ့်မယ်။

ဒါ့အပြင် အခုလာမဲ့ ဇန်နဝါရီ ဈေးကွက်ထဲမှာ ရီးရဲလ် မက်ဒရစ်ဘက်က စာချုပ်သစ်အတွက် စကားမပြောဖြစ်ပါကFree-Agent ဖြစ်သွားနိုင်တဲ့ Benzema လို ထိပ်တန်းတိုက်စစ်မှုးကို Eriksen ကိုအရခေါ်ယူခဲ့သလိုမျိုး EiicTenHagအနေနဲ့ တိုက်စစ်ပိုင်းလိုအပ်ချက်ကို ဖြည့်တည်းရန် ဆက်လက်ပြီး ကြိုးပမ်းသွားဖို့ရှိသည်။