အန်တိုနီ ပြောပြတဲ့ လောကငရဲ (သို့) ဘရာဇီးလ် မူးယစ်နယ်မြေမှသည် မန်ချက်စတာဆီသို့

Posted on

မန်ချက်စတာယူနိုက်တဒ် ရဲ့ ယူရိုသန်း(၁၀၀) တန် ကစားသမားဆိုတဲ့ ဂုဏ်ပုဒ် က ဥရောပဘောလုံးဈေးကွက်တစ်ခုလုံးကို ကိုင်လှုပ်နိုင်ခဲ့ပါတယ်။လူငယ်ကစားသမားဘဝ မှာထဲက မက်ဒရစ်၊ချဲလ်ဆီး၊လီဗာပူးလ်တို့ မျက်စိကျခြင်း ခံခဲ့ရသလို ကစားသမားဘဝတိုးတက်ရေး အတွက် ရွေးချယ်မှုမှန်ကန်စွာနဲ့ အိုင်းယက်စ် ကိုသာ ပြောင်းရွှေ့ခဲ့တဲ့ နောက် အန်တိုနီ ရဲ့ ရွှေရောင်လွှမ်းသော နေ့ရက်များဟာ ဆရာခင်းပေးတဲ့ ကော်ဇော်နီထက် အဆင်သင့်လေး လျှောက်လှမ်းလာခဲ့ရုံပါပဲ။

အန်တိုနီ ဟာ မန်ယူနိုက်တဒ် အတွက် ယူရိုသန်း(၁၀၀)တန်ကြေးရှိသူ၊ဥရောပ ဘောလုံးဇာတ်ခုံပေါ်က တန်ကြေးအကြီးဆုံး ကစားသမား ဒါတွေရဲ့တခြားတဖက်မှာတော့ သူဟာ ဆိုးရွားလှတဲ့အတိတ် နဲ့ ဒုက္ခတွေကို ခါးစည်းခံခဲ့ရတဲ့နေ့စွဲတွေ ပြီးတော့ မူးယစ်နယ်မြေ မှာ ဘဝမပျက်သွားအောင် ထိန်းသိမ်းခဲ့ရတဲ့ အကြောင်းအရာတွေ များစွာရှိနေပါသေးတယ်။

အန်တိုနီ က “ကျွန်တော်က favela က လာတဲ့ ရိုးသားတဲ့ ချာတိတ်လေးပါပဲ၊ကျွန်တော့်ကလေးဘဝ မှာ မြက်ခင်းပေါ်တက်ကစားဖို့ ဖိနပ်တောင် မရှိခဲ့ပါဘူး။ကျွန်တော့်မှာ ကိုယ်ပိုင်အခန်းဆိုတာလည်း မရှိလို့ ဆိုဖာခုံပေါ်ပဲအိပ်လိုက်ရတာကများပါတယ်။ကျွန်တော်တို့ မိသားစုက favela ရဲ့ အတော့်ကိုအတွင်းကျတဲ့နေရာမှာနေထိုင်ကြပြီး ကျွန်တော်တို့အိမ်နဲ့ ကိုက်(၂၀)လောက်မှာတင် မူးယစ်ဆေးဝါးကုန်သည်တွေ ရှိကြပါတယ်။”

” တနင်္ဂနွေလိုနေ့မျိုးမှာ ဘောလုံးပွဲတွေကြည့်နေရင်း သူတို့သုံးနေတဲ့ မူးယစ်ဆေးဝါးအနံ့တွေက ကျွန်တော့် ကို မခံနိုင်အောင် ဒုက္ခပေးတတ်ပါသေးတယ်။တစ်ခါတစ်လေဆို မူးယစ်သမားတွေ နှောက်ယှက်လို့ ကျွန်တော်နဲ့ ကျွန်တော့်ညီ၊ညီမတွေဖက်ပြီး ငိုခဲ့ကြတာ အကြိမ်ကြိမ်ပါပဲ”လို့ ဖွင့်ဟဝန်ခံခဲ့ပါတယ်။

အန်တိုနီ ဟာ လူငယ်ကစားသမားဘဝ မှာထဲက ကလပ်အသင်းကြီးများစွာရဲ့ကမ်းလှမ်းမှု တွေ ရရှိခဲ့ပေမယ့် သူ့ရဲ့ ပင်ကိုယ်အရည်အသွေးနဲ့ပါရမီ ကို တိုးတက်အောင်ပြုလုပ်ပေးနိုင်မယ့်နည်းပြ နဲ့ အသင်းကိုသာ အချိန်ကုန်ခံရှာဖွေခဲ့ပြီး အဆုံးသတ်မှာတော့ ဟာကိးမ်ဇီယချ် နေရာအစားထိုးရန်လိုအပ်နေတဲ့ အဲရခ်တန်ဟဂ် ရဲ့ အိုင်းယက်စ် ကို ရွေးချယ်ခဲ့တာပဲဖြစ်ပါတယ်။

အန်တိုနီ နဲ့ တန်ဟဂ် က အိုင်းယက်စ် မှာ အတော်လေး အတွဲညီသလို ဆရာကောင်း တပည့် ပန်းကောင်းပန် ဆိုသလို နယ်သာလန်သားကြီးဟာ အိုးထရဒ့်ဖိုဒ့်ကို ပြောင်းရွှေ့လာချိန်မှာတော့ တပည့်ကောင်းကို အမိအရ ခေါ်ယူခဲ့တာပဲဖြစ်ပါတယ်။အန်တိုနီ ဟာ ပြောင်းရွှေ့ကြေးအရ မြင့်မားတယ်ဆိုပေမယ့် ငယ်စဉ်ထဲက ခက်ခဲကြမ်းတမ်းတဲ့ဘဝကို ကျော်ဖြတ်လာသူ ဖြစ်တာကြောင့် ပင်ကိုယ်ဗီဇအရ တိုက်ရဲခိုက်ရဲသူဖြစ်သလို စိန်ခေါ်မှုတွေကိုလည်း ရှောင်ဖယ်သွားမယ့်မဟုတ်တာကြောင့် ပရီးမီးယားလိဂ်သားရဲတွင်းမှာ ဆမ်ဘာ တစ်ယောက် ကပြဖျော်ဖြေမယ့် နေ့ရက်တွေကို ရေတွက်ရင်း…..