လီဗာပူးလ် နဲ့ ပွဲမတိုင်မီ ယူနိုက်တက် အလျင်အမြန် ခေါ်ယူသွားမယ့် ကစားသမား(၃)ယောက်

Posted on

မန်ယူနိုက်တဒ် အသင်းရဲ့ ရာသီအစဆိုးရွားလွန်းတဲ့ ဖွင့်လှစ်မှုအပြီး အခြေအနေတွေက ကမောက်ကမဆန်တဲ့အရွေ့တစ်ခုစီဦးတည်သွားပါတယ်။

အသင်းသားတွေဟာ ရာသီကြိုလေ့ကျင့်ရေးမှာ တက်ကြွခဲ့သလောက် လက်တွေ့တိုက်ပွဲထဲမှာတော့ အတွေ့ကြုံနုနယ်လွန်းတဲ့ လူငယ်တွေအလား အမှားမှားယွင်းယွင်းဖြစ်နေတာကြောင့် တန်ဟဂ် ကတော့ ယနေ့(တနင်္ဂနွေ)မှာ နားရပ်မပေးပဲ ကာရင်တန်မှာ အချိန်ပိုဆင်းခိုင်းနေတယ်လို့ သိရပါတယ်။ တဆက်ထဲမှာပဲ သူကိုယ်တိုင်လည်း ရစ်ချက်အာနိုးလ်၊ဂျွန်မော့တော့ဂျ် တို့နဲ့ တွေ့ဆုံကာ အပြောင်းရွှေ့ကို အပြီးသတ်ဖို့ ကြိုးစားနေပြီး လီဗာပူးလ် နဲ့ ပွဲမတိုင်ခင် ကစားသမား (၃)ဦး ခန့် ခေါ်ယူသွားနိုင်ဖို့ကြိုးပမ်းလျက်ရှိပါတယ်။

တန်ဟဂ် ရဲ့ ဦးစားပေး ကစားသမားက ဖရန်ကီဒီဂျောင် ဖြစ်ပြီး လာမယ့်တစ်ပတ်(မနက်ဖြန်) အတွင်း တန်ဟဂ် နဲ့ ဖရန်ကီဒီဂျောင် ကြား တိုက်ရိုက် တွေ့ဆုံဆွေးနွေးမှု ရှိလိမ့်မယ်လို့ သိရပါတယ်။

ယူနိုက်တဒ် နဲ့ ဘာစီလိုနာ ကြားမှာ ယူရို(၇၅+၁၀)သန်းတန် ပြောင်းရွှေ့ကြေး သဘောတူညီထားပေမယ့် ချဲလ်ဆီး ရဲ့ ဝင်ပါမှုအပါဝင် ရလာဒ်ဆိုးတွေကြောင့် ပရိတ်သတ်ကို ချွေးသိပ်နိုင်ဖို့ ဘာစီလိုနာတင်ကျန်တဲ့ကြွေးကျန် ယူရို(၁၉)သန်းကိုပါ လက်မှတ်ထိုးကြေးအဖြစ် သတ်မှတ်ကာ ပေးချေသွားဖွယ် ရှိပါတယ်။ဖရန်ကီဒီဂျောင် အပြောင်းရွှေ့ကို လာမယ့် ဩဂုတ်(၂၃)မတိုင်ခင်မှာပဲ အပြီးသတ်နိုင်ဖို့ ယူနိုက်တဒ် ဖက်က မျှော်လင့်နေပါတယ်။

ကွင်းလယ်မှာ ကြီးမားတဲ့ လိုအပ်ချက်ရှိနေတာကို သတိပြုမိခဲ့တဲ့ တန်ဟဂ် က ယူဗင်းတပ်စ် ကနေ ထွက်ခွာဖို့ကြိုးစားနေတဲ့ ပြင်သစ်ကွင်းလယ်လူ ရာဘီယော့ ကို ခေါ်ယူရန် စည်းရုံးလျက် ရှိပါတယ်။တူရင်ကလပ်နဲ့ ယူရို(၁၈)သန်းတန် သဘောတူညီမှု ရရှိထားပြီး ကစားသမား နဲ့ တစ်နှစ်လုပ်ခ ယူရို(၇)သန်း တန် စာချုပ်အတွက် ညှိနှိုင်းလျက် ရှိပါတယ်။

ရာဘီယော့ ကို လာမယ့်တပတ်အစောပိုင်းကာလအတွင်းမှာပဲ ခေါ်ယူနိုင်မယ်လို့ အသင်းဖက်က ယူဆထားပါတယ်။ တိုက်စစ်မှာလည်း လူအင်အားလိုအပ်နေတာကြောင့် ရှာပုံတော်ဖွင့်လျက်ရှိပြီး အေတီကို ရဲ့ အလ်ဗာရိုမိုရာတာ က ပစ်မှတ်အဖြစ် စောင့်ကြည့်လျက်ရှိပါတယ်။ PSV တောင်ပံကစားသမား ဂက်ပို ကို ချိတ်ဆက်ထားပေမယ့် နယ်သာလန်ကလပ်ဖက်က ချန်ပီယံလိဂ် ဝင်ခွင့် play off final ပွဲ ယှဉ်ပြိုင်ရန် ကျန်နေသေးလို့ အလျှင်စလို ရောင်းချမှာ မဟုတ်လို့ စောင့်ဆိုင်းရဖွယ်ရှိပါတယ်။