GOAT ကြီးကို ပြစ်မှားလို့ ဒုက္ခလှလှ တွေ့ခဲ့ရတဲ့ ချယ်လ်ဆီး နည်းပြတူချယ်

Posted on

မနေ့က ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ ချဲလ်ဆီးတို့ဟာ ဒိုင်နမိုဇာဂရက်ကို ရှုံးနိမ့်ခဲ့တဲ့ ပြီးတဲ့နောက် အသင်းရဲ့ နည်းပြ ဖြစ်သူ သောမတ်တူချယ်ဟာလည်း နာရီပိုင်းအကြာမှာ အသင်းရဲ့ နည်းပြ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။တူချယ် အနေနဲ့ တော်တော်လေးကို မြန်မြန်ဆန်ဆန် အထုတ်ပယ်ခံလိုက်ရတာ ဖြစ်ပြီး၊ ချဲလ်ဆီး ပရိသတ် အချို့ကတောင် တူချယ်ထုတ်ပယ်ခံလိုက်ရတဲ့ အပေါ်မှာ မယုံကြည်နိုင်ဖြစ်ခဲ့ကြရ သေးတာ ဖြစ်ပါတယ်။

ချဲလ်ဆီးကို ပွဲ (၁၀၀) အထိ ကိုင်တွယ်ခဲ့တာ ဖြစ်ပြီး ပွဲ ပေါင်း (၆၀) အနိုင်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး (၂၄) ပွဲသရေ၊ (၁၆) ပွဲ ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။ ချဲလ်ဆီးကို ချန်ပီယံလိဂ်ဖလား အပါအဝင် ဖလား (၃)လုံးအထိ ရရှိအောင်လည်း တူချယ်က စွမ်းဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။ဒါပေမဲ့ ဒီရာသီ ချဲလ်ဆီးရဲ့ အခြေအနေက အကျဘက်ရောက်နေပြီး ပရီးမီးးယားလိဂ်မှာလည်း နိုင်ပွဲတွေ ရရှိဖို့ ရုန်းကန်နေရသလို ချန်ပီယံလိဂ်မှာပါ ဒိုင်နမိုဇာဂရက်ကို ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။

တူချယ် ထုတ်ပယ်ခံရမှု အတွက် အံ့အားသင့်စရာ အခြေအနေတွေ ရှိနေခဲ့ပေမဲ့ တကယ်တမ်းမှာလည်း တူချယ်နဲ့ ချဲလ်ဆီး အသင်းပိုင်ရှင်သစ် တော့ဘိုလေးတို့ကြား ဆက်ဆံရေး မပြေလည်မှုတွေကြောင့် အခုလို မြန်မြန်ဆန် ထုတ်ပယ်ခံလိုက်ရတာလည်း ဖြစ်နေတာပါ။ချဲလ်ဆီးနည်းပြ သောမတ်စ်တူဟယ်လ်ဟာ ရော်နယ်ဒိုကိုခေါ်ယူဖို့ ကြိုးစားခဲ့တဲ့ အသင်းပိုင်ရှင် တော့ဒ်ဘိုလီရဲ့ ဆန္ဒကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပြီး ဒီအရာက သူတို့နှစ်ယောက်အကြား ဆက်ဆံရေးကို အပြောင်းအလဲဖြစ်စေခဲ့တယ်လို့ သိရှိရပါတယ်။

တော့ဒ်ဘိုလီကိုယ်တိုင်ကလည်း သူ့ရဲ့ ပထမဆုံး အပြောင်းအရွှေ့ကာလမှာ ရော်နယ်ဒိုလို ကမ္ဘာလုံးဆိုင်ရာ အမှတ်တံဆိပ်ဖြစ်နေတဲ့ ကစားသမားမျိုးကို ခေါ်ယူချင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီအပြောင်းအရွှေ့က တူဟယ်လ်ရဲ့ ကန့်ကွက်မှုကြောင့် မဖြစ်လာခဲ့တာကိုလည်း မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

တော့ဘိုလေးနဲ့ တွေ့ဆုံစဉ်မှာတူချယ်က ” စီရော်နယ်ဒိုက ငါတို့ အဝတ်စားလဲခန်းထဲက စည်းလုံးမှုတွေကို ဖျက်ဆီးလိမ့်မယ် ” လို့ ပြောကြားခဲ့ကြောင်း သတင်းတွေက ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ တူဟယ်လ်က ယူနိုက်တက်နည်းပြဟောင်း ရန်းနစ်ဂ်နဲ့လည်း တိုင်ပင်ခဲ့ပြီး ရန်းနစ်ဂ်လက်ထက် အဝတ်လဲခန်းအတွင်းပြိုလဲမှုကို ဖန်တီးခဲ့တယ်လို့ ယူဆရတဲ့ ရော်နယ်ဒိုကို မခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီရာသီ အစောပိုင်း ရလဒ်ဆိုးရွားချိန်မှာတော့ တူဟယ်လ်တယောက် အချိန်မရတော့ဘဲ ချက်ချင်းဆိုသလို ရာထူးကနေ အထုတ်ခံလိုက်ရတာပါ။

တူဟယ်လ်ဟာ ရော်နယ်ဒိုအစား ဒေါ့မွန်မှာ သူနဲ့ လက်တွဲခဲ့ဖူးတဲ့ ဘာစီလိုနာတိုက်စစ်မှူး အူဘာမီးယန်းကိုသာ ခေါ်ယူပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် အူဘာမီးယန်းက ချဲလ်ဆီးအတွက် ပွဲချိန် (၅၉) မိနစ်သာ ကစားပြီးရချိန်မှာတင် တူဟယ်လ်ကို ချဲလ်ဆီးဘုတ်အဖွဲ့က ရက်ရက်စက်စက် ဆုံးဖြတ်ခဲ့ပြီး ဒါက ရော်နယ်ဒိုနဲ့ပတ်သက်လို့ တူဟယ်လ်ဆန့်ကျင်ခဲ့တာကြောင့်လို့လည်း ယူဆရမှာဖြစ်ပါတယ်။