ယူရိုပါလိဂ်ပွဲစဉ်အပြီး ယူနိုက်တက်ပရိသတ်ဖြစ်ကြောင်း ဝန်ခံလိုက်တဲ့ အိုမိုနီးယားရဲ့သူရဲကောင်း

Posted on

ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ၁-၀ အိုမိုနီးယား ပွဲစဉ်မှာ အရန် ဂိုးသမား တယောက် ဖြစ်ပေမယ့် ယူနိုက်တက်ရဲ့ ဂိုးသွင်းခွင့်တွေကို စွမ်းစွမ်းတမံ ကာကွယ်ခဲ့တဲ့  ဂိုးသမား အူဇိုဟိုဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ အမာခံ ပရိသတ် တဦးပဲ ဖြစ်ပါတယ်။

အူဇိုဟိုက မန်ချက်စတာ ယူနိုက်တက်ရဲ့ နံပါတ်တစ် ဂိုးသမား ဒီဂီယာကို စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထားသလို ယူနိုက်တက်နဲ့ နီကိုးရှားတို့ မဆုံတွေ့ခင်ကတည်းက သူ့ရဲ့ တွစ်တာအကောင့်ပေါ်မှာ ယူနိုက်တက်နဲ့ ပတ်သတ်တဲ့ သတင်းတွေကို  သူကိုယ်တိုင် Comment ဝင်ပေးတာတွေ လုပ်လေ့ ရှိကြောင်း သိရပါတယ်။

အူဇိုဟိုက မကြာမီကမှ အိုမိုနီးယား နံပါတ်တစ် ဂိုးသမား ဖာဘီယာနို တယောက် ဒဏ်ရာရသွားတာကြောင့် ကံကောင်းထောက်မစွာနဲ့ ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ နီကိုးရှားတို့ရဲ့ ပွဲစဉ်မှာ ပါဝင် ကစားခွင့် ရခဲ့တာပဲ ဖြစ်ပါတယ်။

မန်ယူနိုက်တက် ၁-၀ နီကိုးရှားပွဲမှာ အူဇိုဟိုရဲ့ အိုမိုနီးယားဟာ ရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ရပေမယ့် အူဇိုဟိုက ယူနိုက်တက်ရဲ့ တိုက်စစ်ကို တပွဲလုံးနီးပါး ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့ပြီး ပွဲအတွင်းမှာ ဂိုးပေါက်ကာကွယ်မှု ၁၂ကြိမ် အထိ ပြုလုပ်နိုင်ခဲ့တာကြောင့် ပွဲစဉ်တလျှောက် အကောင်းဆုံး ကစားသမားဆုကိုပါ ရရှိခဲ့ပါတယ်။

အူဇိုဟိုက “ကျနော်ကတော့ အသင်းအရေးနိမ့်ခဲ့လို့ စိတ်မပျက်ခဲ့ဘူး၊ ပွဲကောင်းတပွဲကို ကျနော်တို့ကစားနိုင်ခဲ့တယ်လေ၊ သရေတမှတ်ရဖို့ ကျနော်တို့ ထိုက်တန်ခဲ့ပါသေတးယ်၊ ဒါပေမယ့် ကျနော်ပျော်ပါတယ်၊ ဒီလိုနာမည်ကျော်ကစားသမားတွေနဲ့ ဒီလိုကွင်းကြီးမှာ ကစားရတယ်ဆိုတာ မလွယ်ဘူးဗျ၊ ကျနော့်ရဲ့အိပ်မက်တွေကတော့ တကယ်ဖြစ်လာခဲတ့ာပဲ၊ အိုးထရက်ဖို့ဒ်မှာ ကစားဖို့ ကျနော်အချိန်အကြာကြီးအိပ်မက်မက်ခဲ့ရတာ၊ အုပ်စုမဲခွဲချိန်မှာ ကျနော် ဒီမှာကစားချင်နေခဲ့တာကို ဘုရားသခင်က ဖြည့်ဆည်းပေးခဲ့တာပါ၊ အခွင့်အရေးပေးခဲ့တာပါ” လို့ ပွဲအပြီးမှာ ဖွင့်ဟသွားခဲ့ပါတယ်။

အူဇိုဟိုကို ပွဲအပြီးမှာ ယူနိုက်တက်နည်းပြတန်ဟက်ဂျ်က တွေ့ဆုံခဲ့ပြီး ချီးကျူးစကားတွေပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ယူနိုက်တက်ဂိုးသမား ဒီဂီယာကလည်း တွေ့ဆုံခဲ့ကာ သူ့ရဲ့လက်အိတ်ကို အမှတ်တရလက်ဆောင်အဖြစ်ပေးခဲ့တယ်လို့ ယူဆရပါတယ်။ အူဇိုဟိုကတော့ ဒီဂီယာနဲ့ တွေ့ချိန်မှာ တော်တော်လေးကျေနပ်ပျော်ရွှင်နေပုံရပြီး နှစ်နှစ်ခြိုက်ခြိုက်ပြုံးကာ စကားတွေပြောဆိုနေခဲ့ပါတယ်။