ဆာအဲလက်စ်အလွန် ပထမဆုံး အောင်မြင်တဲ့ အပြောင်းရွှေ့ရာသီကို ပုံဖော်နိုင်ခဲ့တဲ့ တန်ဟဂ်

Posted on

မန်ယူနိုက်တဒ်အသင်း ရဲ့နွေရာသီအပြောင်းရွှေ့ဟာ အတက် အကျကြမ်းခဲ့သလို ပရိတ်သတ်တွေရဲ့ တော်လှန်ရေး အောင်မြင်မှုကြောင့် ကြီးမားတဲ့ အသီးပွင့်တွေ ခံစားနိုင်ခဲ့ပါတယ်။

မန်ယူနိုက်တဒ် အသင်းပိုင်ရှင်တွေရဲ့ ဆိုးရွားလှတဲ့ စီမံခန့်ခွဲမှုတွေကြောင့် အသင်းဟာ ရာသီအစအဖွင့်မှာတင် နှစ်ပွဲဆက်ရှုံးနိမ့်ခဲ့သလို ပေါက်ကွဲမှုတွေလည်းတိုးမြင့်လာပါတယ်။ဖရန်ကီဒီဂျောင် အတွက် ကာလရှည်ကြာ ကြိုးစားရင်းနဲ့ပဲ ကစားသမားသစ်ခေါ်ယူမှုတွေက နောက်ကျသထက်နောက်ကျလာပြီး အသင်းဟာ ဆိုးရွားတာရဲ့ အခြားတဖက်ဖြစ်တဲ့ ပျက်သုဉ်းခြင်း ကို ဦးတည်နေတာကြောင့် ဂလေဇာ ကို အသင်းရောင်းချဖို့ ပရိတ်သတ်တွေက ဆန္ဒပြတဲ့ထိ သောင်းကြမ်းလာကြပါတယ်။

ပရိတ်သတ်တွေရဲ့သောင်းကြမ်းမှုကြောင့်ပဲ ဂလေဇာမိသားစုဟာ အသင်းကို ရုတ်ချည်း ငွေသုံးရန်ခွင့်ပြုခဲ့ရပြီး ကစားသမားအများအပြားကို ချိတ်ဆက်ခဲ့သလို ရာဘီယော့၊အနာတိုဗစ် တို့လို ကစားသမားတွေထိ ချိတ်ဆက်နေတာကြောင့် အခြေအနေကပိုပြီးတင်းမာလာပါတယ်။

အနာတိုဗစ် က လူမျိုးရေးခွဲခြားတာကြောင့် ဝေဖန်ခံနေရသူဖြစ်ပြီး ပရိတ်သတ်တွေရဲ့ တောင်းဆိုမှုကြောင့် လက်လျှော့ခဲ့သလို ရာဘီယော့အမေရဲ့ မဖြစ်နိုင်တဲ့လုပ်ခလစာငွေ တောင်းဆိုမှုကလည်း ယူနိုက်တဒ်အတွက် ကောင်းမွန်တဲ့ အရွေ့တစ်ခုကို ဦးတည်စေခဲ့တာဖြစ်ပါတယ်။ ယူနိုက်တဒ်ပရိတ်သတ်တွေအတွက်တော့ အဆိုပါရက်ပိုင်းဟာ အမှောင်ကျနေတဲ့ည ဆိုရင် နောက်တစ်ရက်ဟာတော့ နေသာတဲ့မနက်ခင်းဖြစ်ခဲ့တာအသေချာပါပဲ။

ကတ်စမဲရိုး ကို နှစ်ရက်အတွင်း ခေါ်ယူပြခဲ့တဲ့ ယူနိုက်တဒ် ရဲ့ လက်စပြင်းမှုက ဥရောပဈေးကွက်ကိုပါ တုန်လှုပ်စေခဲ့ပါတယ်။ကမ္ဘာ့အဆင့် ကွင်းလယ်ခံစစ်ကစားသမား ကို ပေါင်သန်း(၆၀) နဲ့ခေါ်ယူခဲ့တဲ့ အတွက် ယူနိုက်တဒ် ရဲ့ ဆွဲအားဟာ လျှော့တွက်မရတာကို ပြိုင်ဘက်တွေ သတိပြုမိခဲ့သလို အန်တိုနီ ကို ယူရိုသန်း(၁၀၀)အသုံးပြုပြီး ခေါ်ယူခဲ့တာကလည်း တန်ဟဂ် နဲ့ ပရိတ်သတ်အတွက် စိတ်ကျေနပ်စေခဲ့ပါတယ်။

ယူနိုက်တဒ် ဟာ ယခုရာသီမှာ အဲရခ်ဆင်၊မလာစီယာ၊မာတီနက်ဇ်၊ကတ်စမဲရိုး၊အန်တိုနီ တို့ကိုခေါ်ယူခဲ့ပြီး ခေါ်ယူခဲ့တဲ့ ကစားသမားတွေဟာ နည်းပြစိတ်ကြိုက်ဖြစ်သလို အသင်းမှာရှိသူတွေထက်ပိုမိုသာလွန်တာကြောင့် ဆာအဲလက်စ်အလွန် အကောင်းဆုံးနွေရာသီကို ပိုင်ဆိုင်ခဲ့တယ်လို့ဆိုလို့ရနိုင်ပါတယ်။