အဲရခ်တန်ဟဂ်လက်ထက်မှ အံ့အားသင့်ဖွယ် တိုးတက်လာတဲ့ မန်ယူကစားသမား (၃)ဦး

Posted on

မန်ယူနိုက်တဒ်အသင်းရဲ့ ကစားသမားအများစုဟာ နည်းစနစ်မကျေညပ်မှုနဲ့ပက်သက်ရင် အခြေခံဘောလုံးနည်းစနစ်တွေတောင် နားမလည်သူတွေလို့ စွပ်စွဲခံရသလို စည်းကမ်းသေဝပ်မှု၊အမိန့်နာခံမှုတို့မှာလည်း သုံညမှတ်အောက်ရောက်နေသူတွေအဖြစ် နည်းပြဟောင်းတွေက ပုံဖော် ပြောဆိုပြစ်တင်ခံခဲ့ရသူတွေပဲ ဖြစ်ပါတယ်။ ယာယီနည်းပြဟောင်း ရဖ်ရန်းနဂ် ဆိုရင် ယူနိုက်တဒ် ဟာ ကစားသမား တစ်သင်းလုံးပြောင်းလဲရမယ်လို့ ဆိုခဲ့ဖူးပြီး လက်ရှိမှာတော့ အဆိုပါယူဆချက်ကို လက်သင့်မခံခဲ့တဲ့ တန်ဟဂ် ရဲ့ဆုံးဖြတ်ချက်က မှန်ကန်ခဲ့ပြီး ကစားသမားတချို့ ပြန်လည်တောက်ပလာတာကို တွေ့မြင်ခဲ့ရပါတယ်။ နွေအပြောင်းရွှေ့မှာခေါ်ယူခဲ့သူတွေက တန်ဟဂ် စိတ်တိုင်းကျရွေးချယ်ထားသူတွေဖြစ်တာကြောင့် ထူးပြီးချီးမွန်းနေဖို့မလိုသော်လည်း ရှိရင်းစွဲကစားသမားတွေရဲ့ တိုးတက်မှုကတော့ မဖြစ်မနေ ချီးကျူးဖို့လိုပါတယ်။

ရာဖေးလ်ဗာရန်း

ရီးရဲလ် နဲ့အတူ UCL လေးကြိမ်၊ပြင်သစ်နဲ့ ကမ္ဘာ့ဖလားတစ်ကြိမ်ကို ကိုယ်တိုင်အဓိကနေရာကပါဝင်ပြီး ရယူခဲ့တဲ့ ဗာရန်း ဟာ ပရီးမီးယားလိဂ် မှာ ဘောင်မဝင်သယောင်၊ ဘန်ဝှိုက် လောက်ပဲ မကောင်းသယောင် ပြောဆိုခံရမှုတွေက ဆိုးရွားတဲ့ ဝေဖန်ပြစ်တင်ခြင်းလို့ ဆိုနိုင်ပါတယ်။ပြီးခဲ့တဲ့ရာသီမှာ ဆိုးလ်ရှားရဲ့စီမံခန့်ခွဲမှုအလွဲကြောင့် ဒဏ်ရာတွေ များခဲ့ပေမယ့် ယခုရာသီမှာတော့ တန်ဟဂ် ရဲ့ စနစ်ကျတဲ့ ထိန်းကျောင်းကိုင်တွယ်ပုံနဲ့ မာတီနက်ဇ် လို ဖိုက်တာခံစစ်မှုး ရောက်လာချိန်မှာတော့ သူပါဝင်ထားတဲ့ (၅)ပွဲလုံး (၁၀၀%)အနိုင်ရထားသလို ပေးဂိုး (၂)ဂိုးသာ ခွင့်ပြုထားရပါတယ်။

ဒီယေဂိုဒါးလော့

ပေါ်တိုမှာ ရွှေဘောလုံးဆုရှင်ဆန်ခါတင် ဝင်ခဲ့တဲ့ ဒါးလော့ က ယူနိုက်တဒ်မှာ နောက်ထပ်ဆယ်စုနှစ်တစ်ခု နေရာရလိမ့်မယ်လို့ ဟိုဆေးမော်ရင်ဟိုက ဟောကိန်းထုတ်ခဲ့ပါတယ်။သို့သော်လည်း ဆိုးလ်ရှားကတော့ အဖျတ်သီးသန့်သာရတဲ့ ဘစ်ဆာကာ ကို ကြိုက်နှစ်သက်တာကြောင့် ပေါ်တူဂီသားကို ရောင်းချရန်သာ အစဉ်အမြဲကြိုးစားခဲ့ပါတယ်။သို့သော်လည်း တန်ဟဂ် လို တန်ဖိုးသိသူလက်ထဲမှာတော့ ဒါးလော့ဟာ တောက်ပလာပြီး လက်ရှိ EPL RB တွေအနက် ခေါင်းခေါက်စမ်းလို့ရတဲ့ ဘယ်နေရာရာတိုင်းတိုင်းနံပတ် (၁) ကစားသမား ဖြစ်နေခဲ့ပါပြီ။

တော်မနေး

တော်မနေး (ခေါ်) တုတ်ကြီး ဟာ ဘောလုံးဉာဏ်မရှိဆုံးကစားသမားလို့တောင် ဆိုလို့ရပြီး သူဟာ စကော့တလန်လက်ရွေးစင်ဖြစ်သည့်တိုင် ခံစစ်မှုးအဖြစ်ဆင်းကစားတေရသူပဲ ဖြစ်ပါတယ်။ တော်မနေး ဟာ ကြံခိုင်မှု၊စိတ်ဓာတ် နဲ့ နာခံမှု ကောင်းသလောက် ဘောလုံးစွမ်းရည် နဲ့ ဉာဏ်ရည် နိမ့်တာကြောင့် တန်ဟဂ် က သူ့ရဲ့ ကြံခိုင်မှုကို ဉာဏ်ရည်မြင့်တဲ့ အဲရခ်ဆင်၊စွမ်းဆောင်ရည်ကောင်းတဲ့ ဘရူနို တို့နဲ့ တွဲဖက်လိုက်တဲ့အခါမှာတော့ တော်မနေး ဟာ ယခင်ဝန်ပိုတွေလျော့ကျသွားခဲ့သလို သူ့ရဲ့အကောင်းဆုံး ခြေစွမ်းကိုလည်း မြင်တွေ့နေရပြီပဲ ဖြစ်ပါတယ်။