Getty Images

အဲရခ်ဆင် အပြောင်းရွှေ့ကိုအတုယူပြီး ထပ်မံခေါ်ယူသင့်တဲ့ ကစားသမား (၃)ဦး

Posted on

မန်ယူနိုက်တဒ် ရဲ့ ဆာအဲလက်စ်အလွန်အပြောင်းရွှေ့တွေအနက် ပြောင်းရွှေ့ကြေးအရရော၊ခြေစွမ်းနဲ့အသင်းအပေါ် အကျိုးသက်ရောက်မှု အရပါ အကောင်းဆုံး ကစားသမားလို့ဆိုရင် အဲရခ်ဆင် ကိုပဲ ညွှန်းဆိုရပါလိမ့်မယ်။

ဒိန်းမတ်သား ဟာ ယူနိုက်တဒ် ကွင်းလယ်အတွက်ရဲ့ အင်ဂျင်ဖြစ်လာခဲ့ပြီး ကိုယ်တိုင်စက်တပ်ထားရသည့်တိုင် ခြေထောက် နဲ့ ဦးဏှောက် ရဲ့ သက်ဝင်လှုပ်ရှားမှုတွေကတော့ အံဩမှင်သက်လောက်စရာ ကောင်းတာတော့ အသေချာပါပဲ။

Getty Images

ယူနိုက်တဒ် အနေနဲ့ လာမယ့် ဆောင်းဈေးကွက် နဲ့ နွေရာသီမှာလည်း ကစားသမားခေါ်ယူမှု တွေ ပြုလုပ်ဖွယ်ရှိပြီး အလွတ်ပြောင်းရွှေ့ကြေး နဲ့ ရရှိနိုင်ပြီး အသင်းအတွက်ကြီးမားတဲ့ သက်ရောက်မှုရှိစေနိုင်တဲ့အပြောင်းရွှေ့တွေကို ထည့်သွင်းစဉ်းစားရန်လိုပါတယ်။

ယူနိုက်တဒ် ဟာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ရရှိခဲ့တဲ့ ဇလာတန်၊ကာဗာနီ၊အီဂါလို တို့ အပြောင်းရွှေ့တွေမှာလည်း အမြတ်ထွက်ခဲ့ဖူးပါသေးတယ်။

ဘန်ဇီမာ

Getty Images

မက်ဒရစ် ဟာ ကရင်းမ် ကို လက်လွှတ်ဖို့ အခွင့်အရေးနည်းပေမယ့်လည်း ဟာလန်း/အမ်ဘာပေး ခေါ်ယူလိုတဲ့ သူတို့ရဲ့ အိမ်မက် က ပြင်သစ်သားကြီးကို ဘာနေဗြူးကနေ စွန့်ခွာဖို့ ဖိအားပေးလာနိုင်ပါတယ်။လက်ရှိစာချုပ်က လာမယ့် နွေမှာ ကုန်ဆုံးမှာဖြစ်ပြီး မက်ဒရစ် ဟာ သူတို့ရဲ့ငယ်မွေးခြံပေါက် မဟုတ်တဲ့ ကစားသမားတွေကို မက်ဒရစ်မှာအနားယူခွင့်ပေးတာရှားတာကြောင့် နှုတ်ဆက်လမ်းခွဲတာမျိုးမြင်တွေ့ရနိုင်ပါတယ်။ ဘန်ဇီမားကိုသာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ရရှိရင် သေချာပေါက် ခေါ်ယူရန် ကြိုးစားသင့်ပါတယ်။

ဂျန်အိုဘလက်

Getty Images

အေတီကို ရဲ့ ဝါရင့်ဂိုးသမားကြီးဟာလည်း စာချုပ်ကုန်ဆုံးတော့မယ့်သူဖြစ်ပြီး လက်တလောမှာတော့ ဆီမြွန်နီရဲ့အသင်းနဲ့ ရှေ့ဆက်ဖို့ အလားလာတွေ နည်းပါးနေပါတယ်။ ယူနိုက်တဒ် ရဲ့ ဝါရင့်ဂိုးသမား ဒဟေးယား က လည်း နွေမှာ စာချုပ်ကုန်မှာဖြစ်တာကြောင့် အိုဘလက် ကို အလွတ်နဲ့ခေါ်ယူနိုင်ခဲ့ရင် အသင်းအတွက် အကျိုးအမြတ်ရှိနိုင်ပါလိမ့်မယ်။သို့သော်လည်း အိုဘလက် က တန်ဟဂ် လ်ိုချင်တဲ့ ဆွီပါကီပါ မဟုတ်သလိုအသက်အရလည်း အနည်းငယ်ကြီးပြီဖြစ်တာကြောင့် ရေရှည်အသုံးပြုဖ်ို့တော့ ခက်ပါတယ်။

မီလန်ရှကရီညာ

Getty Images

အင်တာခံစစ်မှုးကို ဥရောပတလွှားကအသင်းတွေ ခေါ်ယူလိုကြသလို နွေမှာပြည့်မယ့် စာချုပ်ကြောင့် ယူနိုက်တဒ် အနေနဲ့ လက်ဦးမှုယူနိုင်ဖို့ လိုပါတယ်။ ရှကရီညာ ဟာ မော်ရင်ဟို ရှိစဉ်ထဲက အလိုရှိတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ဆိုးလ်ရှားကလည်း ခေါ်ယူဖ်ို့ကြိုးစားခဲ့ဖူးပါသေးတယ်။ မက်ဂွိုင်းယား နဲ့ လင်ဒီလောဖ့် ကို စိတ်မချရတဲ့ အရံနေရာအတွက် အသက်၊အတွေ့ကြုံ၊ခြေစွမ်း အရာရာသာလွန်တဲ့ ရှကရီညာ ကို သာ ရရှိခဲ့ရင် အသင်းအတွက် ပိုမိုတောင့်တင်းတဲ့ ခံစစ်အစုအဖွဲ့ကို ဖွဲ့စည်းနိုင်ပါလိမ့်မယ်။