မန်ယူနိုက်တဒ် ရဲ့ အပြောင်းရွှေ့သတင်းပေါင်းချုပ်

Posted on

မန်ယူနိုက်တဒ်ရဲ့ အပြောင်းရွှေ့သတင်းတွေဟာ Deadline day ကို နီးကပ်လာလေ ပိုပြီးထွက်ပေါ်လာလေပါပဲ။အထူးသဖြင့် ပရိတ်သတ်တွေ စိတ်ဝင်စားမှု အမြင့်ဆုံး ရရှိတဲ့ deadline day transfer ဟာ ယူနိုက်တဒ် ဘုတ်အဖွဲ့ ကြိုက်နှစ်သက်တဲ့ စီးပွားရေး ဖြစ်ပြီး ယခုရာသီမှာလည်း ဈေးကွက်ပိတ်ချိန် နဲ့ တိုက်ပြီး အချို့သော အပြောင်းရွှေ့တွေကို စီစဉ်လာဖွယ်ရှိပါတယ်။အထူးသဖြင့် ယူနိုက်တဒ် ရဲ့ ကစားသမား အဝင်/အထွက် ဟာအတော်လေး ရှုတ်ထွေးနိုင်ဖွယ်ရှိသလို ရော်နယ်ဒို သာ အမှန်တကယ် ထွက်ခွာရင် ပိုပြီးရှုတ်ထွေးလာဖွယ် ရှိပါတယ်။

အန်တိုနီ

မန်ယူနိုက်တဒ် နဲ့ ကစားသမားကြားမှာ (၅)နှစ်စာချုပ်အတွက် သဘောတူညီမှုရပြီးဖြစ်သလို ကစားသမားကိုယ်တိုင်ကလည်း အသင်းပြောင်းခွင့်ရဖို့ ပြင်းပြင်းထန်ထန် ကို တွန်းအားပေးလျက်ရှိပါတယ်။ ယူနိုက်တဒ် ရဲ့ ယူရိုသန်း(၈၀) တန်ကမ်းလှမ်းချက် ပယ်ချခံခဲ့ရပေမယ့် လက်ရှိအချိန်မှာတော့ ယူရို(၉၄)သန်းနဲ့ ကနဦးသဘောတူညီထားပြီး deadline day မတိုင် အဆုံးသတ်နိုင်ပါလိမ့်မယ်။

ကော်ဒီဂတ်ပို

ဂတ်ပို အတွက် PSV အသင်းနဲ့သာ ညှိနှိုင်းရန် ကျန်ရှိပြီး ကစားသမားဖက်ကတော့ ယူနိုက်တဒ် ကို ပြောင်းရွှေ့လိုကြောင်း အတည်ပြုခဲ့ပြီး ဖြစ်ပါတယ်။ ယူနိုက်တဒ် နဲ့ (၅)နှစ်သက်တမ်းရှိတဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရယူထားနိုင်ပြီး ကလပ်နှစ်သင်းကြားသဘောတူနိုင်ရန်သာ ကျန်ရှိပါတယ်။ PSV အသင်းဟာ ဂတ်ပိုကို ယူရို (၃၅-၄၀)သန်းကြားမှာ ရောင်းချသွားဖွယ် ရှိပြီး ယူနိုက်တဒ် အနေနဲ့ ရော်နယ်ဒို ရဲ့ ထွက်ခွာမှုအပေါ် စောင့်ကြည့်လျက်ရှိပါတယ်။

ဖရန်ကီဒီဂျောင်

ဒီနွေမှာ ယူနိုက်တဒ် ပရိတ်သတ်တွေအတွက်ရော ၊အဲရခ်တန်ဟဂ် အတွက်ပါ အဓိက အကျဆုံး အပြောင်းရွှေ့က ဖရန်ကီဒီဂျောင် ပဲ ဖြစ်ပါတယ်။ ကတ်စမဲရိုး ကို ခေါ်ယူထားပေမယ့် ကစားသမား (၄)ယောက်ထပ်ခေါ်မယ့် ယူနိုက်တဒ် ဟာ ကွင်းလယ်လူတစ်ဦးထပ်မံခေါ်ယူလိုတာကြောင့် ဖရန်ကီဒီဂျောင် အပြောင်းရွှေ့က ယခုရာသီမှာ ဖြစ်လာနိုင်ချေရှိပါတယ်။

နယ်သာလန်သားအတွက် ပုဂ္ဂိုလ်ရေး သဘောတူညီမှု၊ဘာစီလိုနာ နဲ့ ပြောင်းရွှေ့ကြေး အားလုံးသဘောတူညီထားပြီးဖြစ်တာကြောင့် ကြွေးကျန်(၁၉)သန်းကို ဖြေရှင်းနိုင်ရင် ဒချ့်သားက ယူနိုက်တဒ် ကို အချိန်မှီရောက်ရှိလာနိုင်ပါတယ်။