ဂေါင်းကြီးအတွက် သတင်းဆိုးပေးပြီး မန်ယူပရိတ်တွေအတွက် သတင်းကောင်းပေးလိုက်တဲ့ တန်ဟတ်

Posted on

ဂေါင်းကြီးအတွက် သတင်းဆိုးပေးပြီး မန်ယူပရိတ်တွေအတွက် သတင်းကောင်းပေးလိုက်တဲ့ တန်ဟတ်

ယမန်နေ့ညနေပိုင်းကစားခဲ့တဲ့ ဆောက်သမ်းတန်နဲ့ပွဲစဉ်အပြီး မန်ယူနည်းပြ တန်ဟတ်က ဗာရိန်းလို ထိပ်တန်းအဆင့် ကစားသမား ရှိနေခြင်းက မက်ဂွိုင်းယားအနေနဲ့ကတော့ အသင်းခေါင်းဆောင် နေရာကို ရရှိထားပေမယ့် ပွဲထွက်ခွင့်အာမမခံနိုင်ဘူးလို့ သတိပေးစကား ပြောကြားပါတယ်။

ချယ်လ်ဆီးက ခေါ်မယ်လို့ သတင်းထွက်နေတဲ့ မက်ဂွိုင်းယားဟာ လီဗာပူးကို ၂-၁ဂိုးနဲ့ နိုင်တဲ့ပွဲမှာကတည်းက  ပွဲထွက်လူစာရင်ကနေ ချန်လှပ်ခံခဲ့ရပါတယ်။

မန်ယူခံစစ်ကို ဗာရိန်းနဲ့ မာတီနက်ဇ်တို့က အဓိက တာဝန်ယူခဲ့ပြီးနောက် တန်ဟတ် အကြိုက်တွေ့တဲ့ ကစားဟန်ကို ပုံဖော်နိုင်ခဲ့လို့ မက်ဂွိုင်းယားရဲ့ ပွဲထွက်ခွင့်က အကန့်အသတ်ဖြင့်သာ ရရှိသွားနိုင်ပါတယ်။ အသင်းတစ်သင်းမှာ အပြိုင်အဆိုင်ဖြစ်နေဖို့လိုအပ်ပြီး ဗာရိန်းရဲ့ စွမ်းဆောင်ရည်အရ ပွဲထွက်ခွင့်ဆက်လက် ရရှိဖို့ ဖြစ်နိုင်ခြေများတယ်လို့ တန်ဟတ်က ပြောကြားပါတယ်။

မက်ဂွိုင်းယားဟာ မန်ယူရဲ့ ယခုရာသီ ပထမဆုံးနှစ်ပွဲဖြစ်တဲ့ ဘရိုက်တန်နဲ့ ဘရန်းဖို့ဒ်ကို ရှုံးတဲ့ပွဲတွေမှာ ပါဝင်ကစားခဲ့ပါတယ်။ပြီးခဲ့တဲ့ရာသီကလည်း မက်ဂွိုင်းယား ၂၉နှစ်ဟာ ရာသီကြို သြစတြေးလျခရီးစဉ်မှာလည်း လှောင်ပြောင်ခံခဲ့ရပါတယ်။

အသင်းခေါင်းဆောင်ဖြစ်နေရုံနဲ့ အမြဲပွဲထွက်ခွင့်ရမှာ မဟုတ်ကြောင်းနဲ့ အထူးသဖြင့် အသင်းမှာ ဗာရိန်းရှိနေတဲ့ အချိန်မှာ ပွဲထွက်ခွင့် အာမခံချက်မရှိဘူးလို့ တန်ဟတ်က ပြောကြားပါတယ်။

တန်ဟတ်က “အသင်းခေါင်းဆောင်ဖြစ်တိုင်း ပွဲတိုင်းကစားခွင့်ရဖို့ အာမခံချက်မရှိဘူး။ ကျွန်တော့်မှာ ရွေးချယ်စရာအများကြီးရှိတယ်။ အထူးသဖြင့် ဗာရန်း လိုမျိုးကစားသမားရှိနေရင်ပေါ့။ ဗာရန်း ကြံ့ခိုင်မှုကို ကျွန်တော်တို့အထူးဂရုစိုက်ပြီးတည်ဆောက်နေပါတယ်။ သူဖြည်းဖြည်းချင်း အဆင်သင့်ဖြစ်လာပါလိမ့်မယ်” လို့ ဆိုပါတယ်။

ဆောက်သမ်တန်ကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာလည်း မက်ဂွိုင်းယား ကို ပွဲထွက်လူစာရင်းကနေချန်လှပ်ခံခဲ့ပါတယ်။အဆိုပါပွဲမှာ နေရာလုဘက်အသင်းဖော်တွေဖြစ်တဲ့ မာတီနက်ဇ်နဲ့ ဗာရန်းတို့က အထူးခြေစွမ်းပြခဲ့ပြီး မန်ယူနိုက်တက်အသင်းအတွက် ကလင်းရှိ ရရှိအောင် စွမ်းဆောင်ပေးခဲ့ကြပါတယ်။