အပြောင်းရွှေ့မပိတ်ခင် ခေါ်ယူပေးဖို့ တန်ဟဂ် တောင်းဆိုထားတဲ့ ကစားသမား (၃)ဦး

Posted on

မန်ယူနိုက်တဒ်နည်းပြကြီး အဲရခ်တန်ဟဂ် က အပြောင်းရွှေ့ရာသီမပိတ်သိမ်းခင်အချိန်အတွင်း နောက်ထပ် ကစားသမား (၃)ဦးခေါ်ယူလိုတယ်လို့ သိရပါတယ်။ အဲရခ်ဆင်၊မလာစီယာ နဲ့ မာတီနက်ဇ် တို့ကို ခေါ်ယူထားတဲ့ ယူနိုက်တဒ် လူစာရင်းကို ရာသီရှည်ကြာကစားမယ့်အချိန်အတွက် လုံလောက်မှု မရှိဘူးလို့ ယူဆထားပြီး ကွင်းလယ်၊ညာတောင်ပံတိုက်စစ် နဲ့ ညာတောင်ပံခံစစ် ကစားသမား (၃)ဦးကို အလိုရှိနေတာပဲဖြစ်ပါတယ်။

တန်ဟဂ် အနေနဲ့ အဓိက ဦးစားပေးအဖြစ် ကွင်းလယ်ကို ဖြည့်တင်းရန် ကြိုးပမ်းနေပြီး ဖရန်ကီဒီဂျောင် က ယူနိုက်တဒ် ရဲ့ ဦးစားပေး ပစ်မှတ်အဖြစ် ဆက်ရှိနေပါတယ်။

ဘာစီလိုနာ နဲ့ ကစားသမားကြား ညှိနှိုင်းမှုတွေ ပြီးမြောက်တာနဲ့တပြိုင်နက် ဖရန်ကီဒီဂျောင် ကို ယူနိုက်တဒ်ထံ ခေါ်ယူနိုင်ဖို့ အလုံးစုံပြင်ဆင်ထားပြီး ဖြစ်ပါတယ်။ရာဘီယော့ ခေါ်ယူရေးက ဖရန်ကီဒီဂျောင် အပြောင်းရွှေ့နဲ့ တိုက်ရိုက်သက်ဆိုင်ခြင်း မရှိပဲ သီးခြားခေါ်ယူမှုဖြစ်ကာ ကွင်းလယ်ခံစစ်ကို ဖြည့်တင်းရန် တန်ဟဂ် က ဘရိုက်တန် နဲ့ ပွဲအပြီး တိုက်ရိုက်ညွှန်ကြားခဲ့တာလို့သိရပါတယ်။

တော်မနေး ရဲ့ ခြေစွမ်း နဲ့ ဖရဒ် ရဲ့ မတည်ငြိမ်မှုကို မြင်တွေ့ခဲ့ပြီးနောက် တန်ဟဂ် က ရာဘီယော့ ကို ခေါ်ယူရန် မီးစိမ်းပြခဲ့တာပဲ ဖြစ်ပါတယ်။ ဖရန်ကီဒီဂျောင် အပြောင်းရွှေ့ မှာ အမှားအယွင်းဖြစ်ပေါ်ခဲ့ရင် ကြားဖြတ်အစားထိုးမယ့် ကစားသမားအဖြစ် လာဇီယို ရဲ့ ဆားဘီးယား ကွင်းလယ်လူ ဆာဂျ့်မီလန်ကိုဗစ်ဆာဗစ် ကို လျာထားလျက်ရှိပါတယ်။

တိုက်စစ်အတွက် အန်နာတိုဗစ် ကမ်းလှမ်းမှုကို ပရိတ်သတ်တွေဖိအားပေးတာကြောင့် လက်လျှော့ခဲ့တဲ့ယူနိုက်တဒ် ဟာ ချဲလ်ဆီး ရဲ့ ဝါနာ ကို ကမ်းလှမ်းခဲ့ပေမယ့် နောက်ကျခဲ့လို့ လက်လျှော့ခဲ့ရပါတယ်။တန်ဟဂ် က ဘယ်ခြေသုံး တောင်ပံလူအလိုရှိနေပြီး အန်တိုနီ အစား ဟာကိးမ်ဇီယချ် ကို လျာထားပြီး ယူနိုက်တဒ် ဘုတ်အဖွဲ့နဲ့ စတင်ဆွေးနွေးလျက်ရှိပါတယ်။

PSV ရဲ့ ဂတ်ပို ကလည်း အသင်းရဲ့ စောင့်ကြည့်လူစာရင်းထဲ ရှိနေပြီး ဈေးကွက်မပိတ်သိမ်းခင် ကစားသမား (၃)ယောက်အနည်းဆုံး ထပ်မံဖြည့်တင်းနိုင်ဖို့ တန်ဟဂ် က တောင်းဆိုထားတယ်လို့ သိရပါတယ်။အရံဂိုးသမားနေရာအတွက် ပေါင်(၇)သန်းအထိ အသုံးပြုခွင့်ရှိပြီး ခံစစ်ကိုတော့ ဘစ်ဆာကာ၊ဘိုင်ယီ၊ဂျုံးစ်၊တွမ်ဇမ်ဘီ တို့ ထွက်ခွာမှုအပေါ်မူတည်ကာ ခေါ်ယူဖွယ် ရှိပါတယ်။