အင်္ဂလန်သားတွေ အထင်ကြီးနေတဲ့မက်ဂွိုင်းယား ရဲ့နေရာမှန်ကိုပြသလိုက်တဲ့ အဲရခ်တန်ဟဂ်

Posted on

လီဗာပူးလ် ကိုအနိုင်ရခဲ့တဲ့ ပွဲက အသင်းရဲ့ အားတက်ကျေနပ်လောက်စရာကောင်းတဲ့ ကစားပုံထက်ပိုပြီး စိတ်ကျေနပ်မှုရခဲ့တာက အသင်းမှာ နေရာကြီးကြီးမားမားယူထားပြီး ခြေစွမ်းမပြနိုင်လည်း မီဒီယာအားကိုးနဲ့ ပေတေနေတဲ့ အင်္ဂလန်တသိုက်ကို အရံခုံတန်းပေါ် တင်ပို့ခဲ့တာဖြစ်ပါလိမ့်မယ်။

မက်ဂွိုင်းယား လို အသင်းခေါင်းဆောင်ဖြစ်ပြီး အသုံးမကျပေမယ့် အင်္ဂလန်လက်ရွေးစင်ကစားသမားဖြစ်ပြီး ပေါင်သန်း(၈၀)ဆိုတဲ့ ဝယ်ကြေး ရှိတာကြောင့် အထူးအခွင့်အရေးသဖွယ်ရနေတဲ့ ကစားသမားကို နှစ်ပွဲအပြီး အရံခုံပေါ်တင်လိုက်နိုင်တာက ပရိတ်သတ်တွေနဲ့နည်းပြကြား နီးစပ်တဲ့ အတွေးအမြင်တွေရှိနေတာကို ဖော်ပြပေးလိုက်တာပဲဖြစ်ပါတယ်။

အဲရခ်တန်ဟဂ်က လုပ်ရဲကိုင်ရဲ ရှိပြီး ဘယ်ကစားသမားကို မှ အသင်းအထက်မှာထားမှာ မဟုတ်ကြောင်း အတိလင်း ဖော်ထုတ်ပြခဲ့တဲ့လုပ်ရပ်ဖြစ်တယ်လို့ အင်္ဂလန်မီဒီယာတွေက လီဗာပူးလ်ကိုအနိုင်ရပြီးချီးကျူးခဲ့ပါတယ်။သို့သော်လည်း အင်္ဂလိပ်တို့ထုံးစံ မက်ဂွိုင်းယား ဟာ အသင်းရဲ့ ထောက်တိုင်အဖြစ် တန်ဟဂ် ရဲ့အနာဂတ်အစီစဉ်မှာပါဝင်နေပြီး ချဲလ်ဆီး အသင်းက စိတ်ဝင်စားနေသည့်တိုင် ရောင်းချရန် မစဉ်းစားဘူးလို့ ဆိုပါတယ်။

မက်ဂွိုင်းယား ဟာ ပေါင်သန်း(၈၀) နဲ့ ခေါ်ယူထားသူဖြစ်တာကြောင့် ယူနိုက်တဒ် အနေနဲ့ အလွယ်တကူပြန်ရောင်းချနိုင်မှာ မဟုတ်ပေမယ့် အသက်(၃၀)အရွယ် ကစားသမား အတွက် ပေါင်သန်း(၆၀)ဝန်းကျင်သာ ရရှိခဲ့ရင် ချဲလ်ဆီးထံ လက်လွှတ်သင့်တာတော့အသေချာပါပဲ။

ယူနိုက်တဒ် အနေနဲ့ မက်ဂွိုင်းယား ကို ယခုရာသီမှာ မရောင်းချနိုင်ရင် လာမယ့် ရာသီအတွင်းမှာတော့ ရောင်းချနိုင်ဖွယ် မရှိတော့ပဲ တန်ဖိုးကျ/ခြေကျ ပြီး ပိုဆိုးရွားတဲ့အခြေအနေကို ရောက်ရှိနိုင်ပါတယ်။လီဗာပူးလ် နဲ့ ပွဲမှာ လူစားလဲဝင်ရောက်လာတဲ့ ကစားသမားတွေကို ကပ္ပတိန်မပီသစွာ နှုတ်ဆက်ခဲ့တာမျိုးတောင်မရှိပဲ သူအပါဝင် ရှော၊ဘစ်ဆာကာ တို့ဟာ အသင်းအတွက် ကြီးမားတဲ့ ဆူး တစ်ချောင်းလို စိုက်ဝင်နေတဲ့ ပြသနာအရင်းအမြစ်ဖြစ်လာပါတယ်။

ယူနိုက်တဒ် အနေနဲ့ မက်ဂွိုင်းယား ကို ရောင်းချဖို့ မရှိရင်တောင် တန်ဟဂ် ကတော့ အလွယ်တကူ နေရာပြန်ပေးမှာမဟုတ်တာကြောင့် အနီးစပ်ဆုံး အလှည့်ကျစနစ်သာ အသုံးပြုနိုင်ပြီး ဗာရန်း ဒဏ်ရာရသွားမှသာ လူစာရင်းကို တိုက်ရိုက် ပြန်လည်ဝင်ရောက်နိုင်ပါလိမ့်မယ်။