ဘရန်းဖိုဒ့် နဲ့ ပွဲမှာ လူစာရင်းကို ကြီးကြီးမားမားပြောင်းလဲဖွယ်ရှိတဲ့ အဲရခ်တန်ဟဂ်

Posted on

မန်ယူနိုက်တဒ်အသင်းဟာ ဘရိုက်တန် ကို ရာသီအဖွင့်ပွဲမှာ အရေးနိမ့်ခဲ့တာကြောင့် မနက်ဖြန်ညကစားမယ့် ဘရန်းဖိုဒ့် အသင်းနဲ့ ပွဲမှာ ကြီးမားတဲ့ ပြောင်းလဲမှုတွေ ပြုလုပ်ဖွယ် ရှိပါတယ်။ တန်ဟဂ် အနေနဲ့ ပွဲစဉ်(၁)မှာ မက်-ဖရဒ် အတွဲအပေါ် ယုံကြည်ခဲ့မိတာကြောင့် ရလာဒ်ပိုင်းဆိုးရွားတာဖြစ်တယ်လို့ ပရိတ်သတ်တွေက ဝေဖန်နေကြသလို လက်တွေ့မှာလည်း ဒုတိယပိုင်းကစားပုံက ပိုမိုကောင်းမွန်နေတာကြောင့် တန်ဟဂ် အနေနဲ့ ဘရန်းဖိုဒ့် ကွင်းမှာ မက်/ဖရဒ် အတွဲကို စတင်ချိုးဖျတ်ဖွယ် ရှိပါတယ်။

အဲရခ်ဆင် ကို ဖရဒ် ဒါမှမဟုတ် တော်မနေး နဲ့ တွဲဖက်တာမျိုးဖြစ်နိုင်ပြီး လူငယ်ကွင်းလယ်လူ ဂျိမ်းစ်ဂါနာ ကို နေရာပေးတာမျိုးတောင် ဖြစ်ဖွယ်ရှိပါတယ်။

ဘယ်နောက်ခံလူနေရာမှာ အသုံးမဝင်ခဲ့တဲ့ လုခ်ရှော အစား မာလာစီယာ ကို နေရာပေးနိုင်သလို ဗဟိုခံစစ်မှာလည်း ဗာရန်း နဲ့ လင်ဒီလောဖ့် ကို အတွဲလိုက်အသုံးပြုမလားဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ပြီးခဲ့တဲ့ ဘရိုက်တန် နဲ့ ပွဲမှာ မာတီနက်ဇ် က အဆင်ပြေခဲ့ပေမယ့် မက်ဂွိုင်းယား ရဲ့ အလွဲအချော်တွေများခဲ့တာကြောင့် အလှည့်ကျအလဲလှယ်ပြုလုပ်မလားဆိုတာ စောင့်ကြည့်ရပါမယ်။

မက်ဂွိုင်းယား ကို ကပ္ပတိန်ဖြစ်နေတာကြောင့် လူစားမလဲနိုင်သေးရင် မာတီနက်ဇ် ကိုတော့ သေချာပေါက် အရံခုံယာယီတင်ထားဖွယ် ရှိပါတယ်။ညာခြမ်းမှာတော့ ဒါးလော့ ကသာဆက်လက်နေရာရဖွယ် ရှိပြီး ဒဟေးယားကို ဂိုးမှာ ဆက်ပြီး မြင်တွေ့ရနိုင်ပါတယ်။

တိုက်စစ်ပိုင်းမှာတော့ ဂျေဒန်ဆန်ချို က ပွဲထွက်ခွင့်သေချာပေမယ့် မားကပ်စ်ရရှ်ဖိုဒ့် အနေနဲ့ တော့ နေရာပျောက်နိုင်တဲ့ အနေထားမှာ ရှိနေပါတယ်။ မားကပ်စ် အတွက် ဒီရာသီက နောက်ဆုံးအခွင့်အရေးရနိုင်တဲ့ ရာသီဖြစ်တာကြောင့် ရာသီအစမှာသာ ကောင်းမွန်စွာ ခြေစွမ်းမပြနိုင်ရင် ကစားသမားဘဝထိခိုက်တဲ့အနေထားမျိူးဖြစ်သွားနိုင်ပြီး ဂါနာချိူ က တိုက်ရိုက်နေရာဝင်ယူဖွယ် ရှိပါတယ်။

ယူနိုက်တဒ် အနေနဲ့ အထောင်တိုက်စစ်မှာတော့ မာစီရယ် ကို ကနဦး ဦးစားပေးကစားစေပေမယ့် ဒဏ်ရာကြောင့် မပါဝင်နိုင်ချိန်မှာတော့ ရော်နယ်ဒို ကပဲ ဦးဆောင် ပါဝင်လာဖွယ် ရှိပါတယ်။တန်ဟဂ် အနေနဲ့ ရော်နယ်ဒို ကို ရာသီကြိုလေ့ကျင့်ရေး နောက်ကျတဲ့ ပြစ်ဒဏ်အဖြစ် ရာသီအဖွင့်ပွဲကို အရံခုံတင်ထားခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ပေါ်တူဂီ ဂန္နဝင်ကြီးရဲ့ လုပ်အားကို အပြည့်အဝ အသုံးချရတော့မယ့် အချိန်ကို ရောက်ရှိလာပြီပဲ ဖြစ်ပါတယ်။