Getty Images

တာဝေးပစ် ခရုဇ်ဒုံးကျည်ကိုအောင်မြင်စွာစမ်းသပ်နိုင်ပြီဖြစ်တဲ့ မြောက်ကိုရီးယား

Posted on

မြောက်ကိုရီးယားက ခရီးဝေးသွားခရုဇ်ဒုံးကျည်ကိုအောင်မြင်စွာစမ်းသပ်နိုင်ခဲ့ပါတယ်။ မြောက်ကိုရီးယားသတင်းဌာနက ယနေ့ တနင်္လာနေ့မှာကြေညာရာမှာ အဲ့ဒီမဟာဗျူဟာမြောက်ခရု့စ်ဒုံးကျည်ဟာ ပစ်မှတ်ကိုမထိခင် ကီလိုမီတာ ၁၅၀၀ အထိသွားရောက်တယ်လို့ဆိုပါတယ်။

Getty Images

စားနပ်ရိက္ခာရှားပါးနေပြီး စီးပွားပျက်ကပ်နဲ့ ရင်ဆိုင်နေရတဲ့ မြောက်ကိုရီးယားဟာ ဂျပန်အထိ ပစ်ခတ်နိုင်တဲ့ တာဝေးပစ်ခရုဇ်ဒုံးကျည်သစ်ကို စမ်းသပ်ပစ်လွှတ်ခဲ့တယ်လို့ ဆိုပါတယ်။ မြောက်ကိုရီးယားပိုင်မီဒီယာ KCNA ရဲ့ အဆိုအရ ဒုံးကျည်ဟာ မိုင် ၉၃၀ အထိ ပစ်လွှတ်နိုင်ခဲ့တာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။

လောလောဆယ် ခရုဇ်ဒုံးကျည် စမ်းသပ်ပစ်ခတ်မှုဟာ ကုလလုံခြုံရေးကောင်စီရဲ့ မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ နူကလီးယားအစီအစဉ်အတွင်းမှာ မပါဝင်ဘူးလို့ သိရပါတယ်။ ဒီစမ်းသပ်မှုဟာ ကုလရဲ့ဆုံးဖြတ်ချက်ကို ချိုးဖောက်တာမဟုတ်ဘူးလို့လည်း ပြုံယမ်းကဆိုပါတယ်။

Getty Images
Getty Images

ဒါပေမယ့်လည်း တိုင်းပြည်တွင်း စားနပ်ရိက္ခာရှားပါးမှုနဲ့ စီးပွားပျက်ကပ်ဖြစ်နေချိန်မှာတောင် အခုလိုမျိုး လက်နက်သစ်တွေစမ်းသပ်ထုတ်လုပ်နိုင်တယ်ဆိုတာကို ဖော်ပြခဲ့တာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ခဲ့ကြပါတယ်။

ခရုဇ်ဒုံးကျည်စမ်းသပ်မှုဟာ စစ်အင်အားအပြည့်အဝပါဝင်တဲ့ ရန်သူ့အင်အားကို ထိရောက်စွာဟန့်တားနိုင်တဲ့နည်းလမ်းတွေကို ပိုင်ဆိုင်ထားခြင်းရဲ့ ဗျူဟာမြောက်အရေးပါမှုကို သိသာထင်ရှားစေတယ်လို့လည်း KCNA က ရေးသားခဲ့ပါတယ်။

ဒီခရု့စ်ဒုံးကျည်ဟာ နျူကလီးယားထိပ်ဖူးကိုသယ်ဆောင်နိုင်စွမ်းရှိတဲ့အတွက် အိမ်နီးခြင်းနိုင်ငံတွေနဲ့ အခြားတိုင်းပြည်တွေအတွက် အန္တရာယ်ရှိတဲ့လက်နက်ဖြစ်တယ်လို့ အမေရိကန်စစ်ဌာနချုပ်ပန်တဂွန်ကဆိုပါတယ်။

Getty Images

လောလောဆယ်မှာ တောင်ကိုရီးယားနဲ့အမေရိကန်မဟာမိတ်စာချုပ်အရ အနေရိကန်စစ်သား (၂၈၅၀၀) ဟာ တောင်ကိုရီးယားမှာကာကွယ်ရေးအတွက်တပ်စွဲပေးထားပါတယ်။

မြောက်ကိုရီးယားမီဒီယာတွေက ဒီဒုံးကျည်တွေကို ဗျူဟာမြောက်မှုလို့ ဖော်ပြလေ့ရှိပြီး ပြုံယမ်းအစိုးရကလည်း ဒုံးကျည်မှာ နူကလီးယားထိပ်ဖူးတပ်ဆင်ဖို့ မျှော်လင့်နေကြောင်း BBC က ဆိုပါတယ်။

Getty Images

ကုလကတော့ မြောက်ကိုရီးယားကို ပိုမိုခြိမ်းခြောက်နိုင်တယ်လို့ ယူဆထားတဲ့ ပဲ့ထိန်းဒုံးကျည်စမ်းသပ်မှုတွေ မပြုလုပ်ဖို့ တားမြစ်ထားပြီး ခရုဇ်ဒုံးကျည်သစ်စမ်းသပ်မှုဟာ ကွန်မြူနစ်နိုင်ငံတည်ထောင်ခြင်း ၇၅ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားအဖြစ် စစ်ရေးပြပွဲပြုလုပ်အပြီးမှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *