ဒီဂျောင်အတွက် အလုံးစုံသဘောတူညီမှုရခဲ့ပေမယ့် ပျက်ပြယ်ခဲ့ရခြင်းအကြောင်းအပါဝင် နွေရာသီအပြာင်းအရွှေ့အနှစ်ချုပ်

Posted on

မန်ယူနိုက်တဒ် အသင်းရဲ့နွေအပြောင်းရွှေ့မှာ ပရိတ်သတ်တွေ ရေပန်းစားဆုံးသတင်းကတော့ ဖရန်ကီဒီဂျောင် အပြောင်းရွှေ့ဖြစ်ပြီး ဈေးကွက်ပိတ်သိမ်းရန် နာရီပိုင်းအလိုအထိ မျှော်လင့်ခဲ့ကြပါတယ်။မန်ယူနိုက်တဒ် အနေနဲ့ ဒီဂျောင်ကို ဇွန်လထဲက ကြိုးစားခဲ့ပြီး ဇူလိုင်လအတွင်း သဘောတူညီမှုအပြည့်အဝ ရယူထားနိုင်သည့်တိုင် ဘာစီလိုနာ ရဲ့ ကြွေးကျန် ပြသနာ ကြောင့် ပျက်ပြယ်ခဲ့တာ ဖြစ်တယ်လို့ ယူနိုက်တဒ်ရဲ့ မန်ချက်စတာညနေခင်းသတင်းထောက် ဆင်မြူရယ် က ယနေ့ဖော်ပြလာပါတယ်။

ယူနိုက်တဒ် နဲ့ ဘာစီလိုနာကြားမှာ ယူရို(၈၅)သန်းတန် သဘောတူညီချက်ရှိနေပြီး ကစားသမားနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု အပြည့်အဝ ရရှိခဲ့သည့်တိုင် စပိန်ကလပ်ရဲ့ကြွေးကျန် (၁၉)သန်း ကြောင့် အပြောင်းရွှေ့က ပျက်ပြယ်ခဲ့ရတာပဲ ဖြစ်ပါတယ်။

ယူနိုက်တဒ်ရဲ့ အစောပိုင်း လူဝယ်ယူမှုတွေဖြစ်တဲ့ မလာစီယာ၊မာတီနက်ဇ် နဲ့ အဲရခ်ဆင် တို့ ပြီးတဲ့နောက် ရစ်ချဒ်အာနိုးလ် နဲ့ ဂျွန်မော့တော့ဂျ် တို့နှစ်ဦးဟာ ဖရန်ကီဒီဂျောင် အပြောင်းရွှေ့အပေါ်မှာသာ အာရုံစိုက်ခဲ့ကြပြီး ဘရန်းဖိုဒ့် ကို (၄)ဂိုးပြတ်အရေးနိမ့်တဲ့နောက်မှာတော့ အသင်းရဲ့ အရေးပေါ်အချက်ပေးသံကြောင့် ဈေးကွက်ထဲ ခပ်မြန်မြန်လှုပ်ရှားခဲ့ကြရတယ်လို့ ဆိုပါတယ်။

ဘရန်းဖိုဒ့်ကိုအရေးနိမ့်ပြီးနောက် အရေးပေါ်အစည်းအဝေးပြုလုပ်ခဲ့ရာမှာ အပြောင်းရွှေ့ဘက်ဂျက်ကို တိုးမပေးရင် အသင်းကနေ ထွက်သွားမယ်ဆိုတဲ့ ခြိမ်းခြောက်မှုမျိုး အဲရခ်တန်ဟဂ် က ပြုလုပ်ခဲ့တယ်လို့သိရပြီး ချက်ချင်းဆိုသလိုပဲ အန်နာတိုဗစ် နဲ့ ရာဘီယော့ တို့ကို ခေါ်ယူဖို့ကြိုးစားလာပါတယ်။သို့သော်လည်း ပရိတ်သတ်တွေရဲ့ကန့်ကွက်မှုကြောင့် အန်နာတိုဗစ် အပြောင်းရွှေ့ပျက်သွားသလို ရာဘီယော့အမေရဲ့မြင့်မားတဲ့လုပ်ခလစာတိုးတောင်းမှုကြောင့်လည်း ပြင်သစ်သားရဲ့ အပြောင်းရွှေ့ကထက်မံ ပယ်ဖျတ်ခဲ့ပြန်ပါတယါ။

ယူနိုက်တဒ် ပရိတ်သတ်တွေအတွက်ရော တစ်ကမ္ဘာလုံးကပါ အံအားသင့်စေခဲ့တဲ့ အပြောင်းရွှေ့က ကတ်စမဲရိုး ဖြစ်ပြီး ယူရိုသန်း(၆၀) နဲ့ နှစ်ရက်အတွင်းခေါ်ယူခဲ့တာက လက်ဖျားခါဖို့ ကောင်းပါတယ်။ ယူနိုက်တဒ်ဟာ ကတ်စမဲရိုး နဲ့ တပြိုင်နက်ထဲမှာပဲ ဂျိုအာဖီးလစ် ကို ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရတဲ့နောက် အန်တိုနီ ထံ ပြောင်းရွှေ့သွားခဲ့ပြီး ဘရာဇီးလ်သားကလည်း အကောင်းဆုံးတွန်းအားပေးခဲ့လို့ ယူရိုသန်း(၁၀၀)တန် အပြောင်းရွှေ့က အမှန်တကယ် အလုပ်ဖြစ်လာခဲ့ပါတယ်။

ယူနိုက်တဒ် အနေနဲ့ အန်တိုနီ ကို ခေါ်ယူနိုင်ခဲ့ပြီး နောက် နယူးကာဆယ်ဂိုးသမား ဒူဗက်ကာ ကိုအငှားနဲ့ဆက်လက်ခေါ်ယူခဲ့ကာ အပြောင်းရွှေ့ကိုပိတ်သိမ်းခဲ့ပါတယ်။အသင်းရဲ့လူငယ်တွေဖြစ်တဲ့ ဂါနာ ကို ရောင်းချကာ၊အာမက် နဲ့ ချောင်ကိုအငှားချခဲ့ပြီး တချို့သောကစားသမားတွေကိုတော့ လူစာရင်းထိန်းသိမ်းရန် အတွက်ချန်ရစ်ခဲ့ပြီး ဇန်နဝါရီ မှာ ဖရန်ကီဒီဂျောင် အတွက် တကျော့ပြန် ဝင်ရောက်လာဖွယ်ရှိပါတယ်။