ငယ်ဘဝကလပ်ဆီပြန်သွားတဲ့ ဆွာရတ်ဇ်အတွက် မက်ဆီပေးပို့လိုက်တဲ့ ချစ်ခြင်းမေတ္တာများ

Posted on

တချိန်က ဥရောပရဲ့ နာမည်အကျော်ကြားဆုံးတိုက်စစ်အတွဲဖြစ်တဲ့ MSN တိုက်စစ်အတွဲမှ လူးဝစ် ဆွာရက်ဇ် ကတော့ လက်ရှိမှာ အက်သလက်တီကို မက်ဒရစ်အသင်းက စာချုပ်သစ်ချုပ်ဆိုခြင်းမရှိတော့တာကြောင့် သူ့ရဲ့ ကစားသမားဘဝစတင်ရာ ဥရုဂွေးကလပ်အသင်းတစ်သင်းဖြစ်တဲ့ ကလပ်နာဆီယွန်နယ်အသင်းကိုသာ ပြောင်း ရွှေ့ခဲ့ပြီဖြစ်ပါတယ်။

အသက် (၃၅) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဥရုဂွေးလက်ရွေးစင်တိုက်စစ်မှူး ဆွာရက်ဇ်ဟာ ယနေ့ခေတ်ဘောလုံးလော ကရဲ့ အကောင်းဆုံးတိုက်စစ်မှူးတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရတာဖြစ်သလို စီရော်နယ်ဒိုနဲ့ မက်ဆီ တို့ရဲ့ လွှမ်းမိုးမှုတွေကြားထဲမှ (၂၀၁၃-၁၄) နဲ့ (၂၀၁၅-၁၆) ဘောလုံးရာသီတွေမှာ ဥရောပရဲ့ ရွှေဖိနပ်ဆုကို (၂) ကြိမ်တိုင်တိုင်ဆွတ်ခူးရယူထားခဲ့ဖူးတာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းမှာ (၆) ရာသီကြာ ကစားပြီး၊ ဆုဖလား (၁၃) လုံးအထိ ရယူနိုင်ခဲ့သလို အက်သလက်တီကို မက်ဒရစ်အသင်းကိုပြောင်းရွှေ့ပြီး ပထမဆုံးနှစ်မှာပဲ (၇) နှစ်ကြာ ဝေးကွာနေတဲ့ လာလီဂါဆုဖလားကို ရယူ ပေးခဲ့တဲ့ ဆွာရက်ဇ်ကတော့ လက်ရှိမှာ ဥရောပဘောလုံးလောက ကိုအပြီးတိုင်စွန့်ခွာခဲ့ပြီဖြစ်လို သူရဲ့ငယ်ဘဝ ကလပ်အသင်းမှာပဲ ကစားသမားဘဝနေဝင်ချိန်တွေကို ကုန်ဆုံးသွားတော့မှာဖြစ်ပါတယ်။

လီယိုမက်ဆီကတော့ သူငယ်ချင်း လူးဝစ်ဆွာရက်စ် ရဲ့နေရှင်နယ်အသင်းထံပြောင်းရွှေ့သွားတဲ့ Video မှာ ကြိုဆိုနှုတ်ဆက် စကားပြောကြားခဲ့ပါတယ်။

” ခုလို ဥရောပမှာအချိန်ကာလအတော်ကြာအောင် ကစားခဲ့အပြီး မင်းရဲ့မွေးရပ်၊ မင်းရဲ့အိမ်ဖြစ်တဲ့ နေရှင်နယ်အသင်းဆီ ပြောင်းရွှေ့သွားခဲ့တာဟာ မင်းအတွက် ဘယ်လောက်အထိ အရေးပါလဲဆိုတာ ငါသိပါတယ်။ မွေးရပ်မြေမှာ ပြန်ကစားပြီး နီးကပ်လာပြီဖြစ်တဲ့ ကမ္ဘာ့ဖလားအတွက်လည်းပြင်ဆင်ချိန်ကောင်းကောင်းရမှာပါ။ ”

” မင်းရှိနေတဲ့အတွက် နေရှင်နယ်အသင်းရဲ့ပွဲတွေလည်း စောင့်ကြည့်ဖြစ်မှာပါ။ ငါတို့ နူးဝဲလ်စ် (Newell’s Old boy) ဖန်တွေအတွက်တော့ နေရှင်နယ်အသင်းနဲ့အတိတ်ဆိုးတွေရှိခဲ့တာပေါ့ကွာ ( 1988 Copa Libertadores final ပွဲမှာ နူးဝဲလ်စ်အသင်း ရှုံးခဲ့ရမှုအပေါ် ရီလျက်ပြန်ပြောတာပါ)။ ”

” ငါမင်းကိုဘယ်လောက်ချစ်လဲ မင်းသိပါတယ်။ အသင်းသစ်မှာအောင်မြင်ပါစေကွာ။ ” လို့ နှုတ်ဆက် Video မှာ လီယိုက ဆွာရက်စ် ကိုပြောကြားခဲ့တာဖြစ်ပါတယ်။