ဖာဂီရဲ့ဆူပူကြိမ်းမောင်းမှုတွေထဲက အပြင်းထန်ဆုံးအဖြစ်အပျက်ကို ပြန်လည်ပြောပြခဲ့တဲ့ ရွန်နီ

Posted on

ဖာဂူဆန်က ဝိန်းရွန်နီကို ယူနိုက်တက်ကစားသမားဘဝမှာ ၆ ကြိမ်ဆူပူကြိမ်းမောင်းခဲ့ဖူးတယ်။ အဲဒီအထဲက တစ်ကြိမ်အကြောင်း ပြောပြချင်တယ်။ တော်တော်များများမှတ်မိကြမှာပါ။ ၂၀၁၁ ခုနှစ်က ယူနိုက်တက်က ချယ်ဆီးကို ၃-၁ နဲ့နိုင်သွားတဲ့ပွဲမှာပါ။ တောရက်စ်ကြီး ဒီဂီယာမရှိတဲ့ ဂိုးပေါက်ကို ချော်ကန်တဲ့ပွဲပေါ့။ အဲဒီပွဲမှာ ပထမပိုင်းတင် ၃ ဂိုးသွင်းထားခဲ့ပြီး နိုင်ထားတယ်။ ပထမပိုင်းပြီးတော့ အဝတ်လဲခန်းထဲကို ဖာဂူဆန်က ဝင်လာခဲ့ပြီး နောက်ထပ်ဂိုးတွေ လိုချင်သေးကြောင်း ပြောခဲ့တယ်။

“မင်းတို့ ၁၁ ယောက်က ဟိုဖက်က ၁၁ ယောက်ထက် ပိုကောင်းတယ်။ ဒီတော့ မင်းတို့ ဒီပွဲကို နိုင်အောင်ကန်ပေးရမယ်။ သွား.. အသင်းအတွက် နိုင်အောင်ကန်လာခဲ့” လို့ပြောပြီး ပြန်ထွက်သွားခဲ့တယ်။ ဒုတိယပိုင်းစစချင်းပဲ တောရက်စ်က ချေပပြန်သွင်းတယ်။ ရွန်နီအဆူခံရတဲ့ ကိစ္စက နာနီကို လူချတယ်ဆိုပြီး ပင်နယ်တီရတဲ့ကိစ္စ။ ပင်နယ်တီကို ရွန်နီကန်ရတယ်။ ကန်လည်းကန်ရော ခြေချော်ပြီး ဘေးကို ကန်ပါလေရော။ ကွင်းဘေးမှာ ဖာဂူဆန်ဆဲနေတာတဲ့လေ။ ပွဲလည်း ပြီးရော အဝတ်လဲခန်းကို ဒေါကြီးမောကြီးနဲ့ ရောက်လာပါလေရော။

“မင်းတို့ကို ငါဘာမှာထားလဲ။ ငါ ဒီထက်ဂိုးတွေလိုချင်သေးတယ်လို့ မပြောခဲ့ဘူးလား။ ဘာလို့ မသွင်းတော့တာလဲ။ ဒီလောက်နဲ့ ကျေနပ်လိုက်တာလား။ ဟိုကောင်..(ရွန်နီကို လက်ညှိုးထိုးပြီး) ဒီကွင်းက မင်းကန်နေကျကွင်းမဟုတ်ဘူးလား။ ကွင်းထဲမှာ ချော်လဲနေတာ မရှက်ဘူးလား။ တစ်ဂိုးသွင်းပြီးရင် တာဝန်ကျေတယ်လို့ ထင်နေတာလား။ ဒီလောက်ဂိုးပေါက်အကျယ်ကြီးကိုတောင် ဝင်အောင်မကန်နိုင်ရင် ဘယ်လိုလုပ်ဖလားရမှာလဲကွ။ ”

” မရှုံးလို့ ရှုံးရင် မင်းကိုငါ အရံခုံပို့ပစ်မှာ။ ဟေး..ဂျော့ဖ်(လေ့ကျင့်ရေးနည်းပြ) မနက်ဖြန် အဲဒီကောင်ကို တစ်နေကုန် ပင်နယ်တီလေ့ကျင့်ခိုင်း” ဆိုပြီး မျက်ထောင့်နီကြီးနဲ့ အခန်းထဲကနေ ထွက်သွားပါလေရောတဲ့။ အခန်းထဲမှာ အသံကိုတိတ်လို့။ ဖာဂူဆန်ဆို သိပ်ကြောက်ကြတယ်။ ယူနိုက်တက်ကို စရောက်တုန်းက ဂျစ်ကန်ကန်နဲ့ လူစားလဲတာတောင် မကြိုက်တဲ့ကောင်လေးလည်း ဖာဂူဆန်ကို လွန်ဆန်လို့ မရခဲ့ဘူး။ ဖာဂူဆန်ဆိုတာ အဲဒီလောက်အထိ နိုင်ဖို့အတွက်ဆို စိတ်ဓာတ်ပြင်းထန်တဲ့သူတစ်ယောက်ပါ။