ကတ်စမဲရိုးကို ပထမဆုံးတွေ့မြင်ရနိုင်တဲ့ ဆောက်သမ်တန် vs မန်ယူနိုက်တဒ် (ပွဲကြိုသုံးသပ်ချက်)

Posted on

မန်ယူနိုက်တဒ် အသင်းရဲ့ စိန့်မေရီကွင်းသို့ ခရီးဟာ မျှော်လင့်ချက်ကြီးကြီးမားမား ထားသင့်တဲ့ ပွဲတော့ မဟုတ်တာသေချာပါတယ်။အထူးသဖြင့် ပြီးခဲ့တဲ့ လီဗာပူးလ် ကို အနိုင်ရခဲ့တဲ့ ပွဲရဲ့ လူစာရင်းကို ကြီးကြီးမားမား ပြောင်းလဲဖွယ်ရှိတဲ့ ယူနိုက်တဒ် ရဲ့ အခင်းအကျင်းအရ ရာသီအစ နှစ်ပွဲရဲ့ အခြေအနေမျိုးကို မြင်တွေ့လိုက်ရလည်း ဒါဟာ ထူးမခြားနား အခြေအနေလို့ပဲဆိုနိုင်ပါတယ်။

ယူနိုက်တဒ်ဟာ ပွဲကြီးပွဲကောင်းတစ်ပွဲအနိုင်ရပြီးရင် အခြားသောအသင်းတွေနည်းတူ စိတ်တက်ကြွပြီး နိုင်ပွဲဆက်ရမယ့်အစား စိတ်ကြီးဝင် ဂုဏ်မောက်ပြီး ရှုံးတတ်လေ့ရှိတာကြောင့် ကြီးကြီးမားမားတော့ မမျှော်လင့်ထားစေချင်ပါဘူး။

တန်ဟဂ် အနေနဲ့ မက်ဂွိုင်းယားကို နှစ်ပွဲဆက် အရံခုံထိုင်ခိုင်းဖို့မဖြစ်နိုင်သလို လင်ဒီလောဖ့်လည်း ပွဲမကစားရသေးလို့ ဗာရန်း နဲ့ မာတီနက်ဇ် အတွဲကို အနားပေးဖွယ်ရှိပါတယ်။ ရှော ကလည်း ပြန်လည်ပါဝင်လာနိုင်တာကြောင့် မလာစီယာ ကို အရံခုံမှာပဲ မြင်တွေ့ရနိုင်ပါတယ်။

ကတ်စမဲရိုး က အသင်းလူစာရင်းမှာ ပထမဆုံး ပါဝင်ခွင့်ရနိုင်ပြီး အဲရခ်ဆင်၊ဘရူနို တို့နဲ့ ပွဲထွက်လာပါလိမ့်မယ်။တိုက်စစ်မှာတော့ မာစီရယ် မပါဝင်တာကြောင့် ရော်နယ်ဒို ကို ပြန်လည်အသုံးပြုနိုင်ပြီး မားကပ်စ်ရရှ်ဖိုဒ့် နဲ့ ဂျေဒန်ဆန်ချို အတွဲဖက်ကို အသုံးပြုလာဖွယ် ရှိပါတယ်။

ဆောက်တပ်တန် အနေနဲ့ အဖွင့်ပွဲမှာ စပါး ကို (၄-၁) နဲ့ ရှုံးခဲ့တာကလွဲရင် လိဒ် နဲ့ (၂-၂)သရေကျထားသလို လက်စတာကို (၂-၁) နဲ့ အနိုင်ကန်ထားလို့ လျှော့တွက်လို့မရပါဘူး။အထူးသဖြင့် သူတော်စင်တွေက စိန့်မေရီကွင်းမှာဆိုရင် ပိုစွာသလို စွမ်းဆောင်ရည် လည်းမြင့်မားတာကြောင့် တန်ဟဂ် အနေနဲ့ ကြံခိုင်မှုမြင့်မားတဲ့ ကစားသမားတွေကိုသာအသုံးပြုရန်လိုပါတယ်။

အထူးသဖြင့် ခံစစ်မှာ ရှော/မက်ဂွိုင်းယား တို့ပြန်လည်ပါဝင်လာတာကအသင်းအတွက် ပြသနာများနိုင်သလို ရော်နယ်ဒို ကို တိုက်စစ်မှာ ထည့်သွင်းရင်လည်း pressing ပိုင်းမှာအခက်ခဲတွေရှိလာသလို အသင်းသားတိုင်းကသူ့ထံသာ ပေးပို့နေတာကြောင့် ကစားကွင်တည်ဆောက်မှုမှာ ကျိမ်းသေ ပြသနာရှိနေပြန်ပါတယ်။

ယူနိုက်တဒ် မှာ အဆိုပါပြသနာတွေကဖြေရှင်းရန်မလွယ်သလို တန်ဟဂ် အနေနဲ့လည်း သေချာပေါက်ထည့်သုံးမှာဖြစ်လို့ ယနေ့ညက ထင်တာထက် မျှော်လင့်ချက်လျှော့ချထားတာပိုကောင်းပါလိမ့်မယ်။