အာဆင်နယ်အတွက် အရှုံးဆိုတဲ့အရာသာကို မြည်းစမ်းခွင့်ပေးလိုက်တဲ့ ယူနိုက်တက်(ပွဲပြီးသုံးသပ်ချက်)

Posted on

ပရီးမီးယားလိဂ် ရာသီအဖွင့် ပွဲစဉ် (၅)ပွဲဆက်တိုက် အနိုင်ယူပြီး အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်ခဲ့တဲ့ အာဆင်နယ်ဟာ ယူနိုက်တက်နဲ့ အတွေ့မှာတော့ အရှုံးအရသာကို စတင်ခံစားခဲ့ရပါတယ်။ ဒီပွဲမှာတော့ မန်ယူအသင်းဟာ ရက်ဖို့စ်၊ဆန်ချို၊ဖာနန်ဒက်နဲ့အတူ ကစားသမားသစ် အန်တိုနီကို ထည့်သွင်းလာခဲ့ပါတယ်။အာဆင်နယ်ကလဲ ဂျီးဆပ်၊ဆာကာ၊မာတင်နယ်လီ၊အိုဒီဂတ်တို့လိုအဓိကကစားသမားတွေနဲ့မန်ယူကိုယှဉ်ပြိုင်ကစားခဲ့ပါတယ်။

ပွဲစတာနဲ့ မန်ယူအသင်းကပဲ ဘောလုံးပိုင်ဆိုင်မူအသာစီးရယူကာ တိုက်စစ်ဆင်ကစားခဲ့ပါတယ်။ဒါပေမဲ့အာဆင်နယ်အသင်းကပဲ တန်ပြန်တိုက်စစ်ကနေ ဦးဆောင်ဂိုးရဖို့ နီးစပ်ခဲ့တာဖြစ်ပါတယ်။ပွဲချိန်၁၂မိနစ်မှာ အိုဒီဂတ်ရဲ့ ဖန်တီးပေးမူကနေ မာတင်နယ်လီက ပြေးထွက်ပြီး ဂိုးသွင်းနိင်ခဲ့ပမဲ့ အိုဒီဂတ်အနေနဲ့ ဘောလုံးရယူစဉ် အဲရစ်ဆင်ကို အဝင်ကြမ်းခဲ့တယ်ဆိုပြီး VARကိုကြည့်ကာ ဒိုင်က ဂိုးကိုပယ်ဖျက်ခဲ့ပါတယ်။ဒီနောက်မှာလဲ အာဆင်နယ်အသင်းက မာတင်နယ်လီရဲ့ခေါင်းတိုက်ချက်ကောင်းခဲ့ပေမဲ့ မန်ယူဂိုးသမားဒီဂီယာကာကွယ်နိင်ခဲ့ပါတယ်။

ပွဲချိန်၃၅မိနစ်အရောက်မှာတော့ မန်ယူအသင်းဦးဆောင်ဂိုးရခဲ့ပါတယ်။ဒီဂိုးကို ရက်ဖို့စ်ရဲ့ ဖန်တီးပးမူကနေ မန်ယူကစားသမားသစ် အန်တိုနီကသွင်းယူခဲ့တာဖြစ်ပါတယ်။ဒီနောက်မှာ အာဆင်နယ်အသင်းက ချေပဂိုးရဖို့ တိုက်စစ်ဆင်ကစားခဲ့ပေမဲ့ မန်ယူနောက်တန်းနဲ့ဂိုးသမားက ပုံစံကောင်းရကာ ကာကွယ်နိင်ခဲ့ပြီး ပထမပိုင်းပြီးဆုံးခဲ့ပါတယ်။

ဒုတိယပိုင်းအရောက်မှာ အာဆင်နယ်အသင်းက ဘောလုံးပိုင်ဆိုင်မူကို အသာစီးရယူကာ မန်ယူကိုဖိအားပေးကစားခဲ့ပါတယ်။ပွဲချိန်မိနစ်၆၀မှာတော့ အာဆင်နယ်အသင်းချေပဂိုးရခဲ့ပြီး မန်ယူနောက်တန်းကနေ ပြန်ထွက်လာတဲ့ဘောလုံးကို ဆာကာက ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။အာဆင်နယ်အသင်းက ချေပဂိုးရပြီး ၆မိနစ်အကြာမှာပဲ ဦးဆောင်ဂိုးရဖို့ ကြိုးစားတိုက်စစ်ဆင်ကစားရင်း မန်ယူအသင်းကို ဦးဆောင်ဂိုးခွင့်ပြုပေးခဲ့ရပါတယ်။

မန်ယူအသင်းအတွက်ဦးဆောင်ဂိုးကို ဖာနန်ဒက်ရဲ့ ဖန်တီးပေးမူကနေ ရက်ဖို့စ်ကပြေးထွက်ပြီး ဂိုးသမားနဲ့အတွေ့မှာ အပိုင်ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။ပွဲချိန်၇၅မိနစ်မှာလဲ တန်ပြန်တိုက်စစ်ကနေ မန်ယူအသင်းတတိယဦးဆောင်ဂိုးရခဲ့ပြီး အဲရစ်ဆင်ရဲ့ဖန်တီးပေးမူကနေ ရက်ဖို့စ်ကပဲ ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။ဒီနောက်မှာလဲ အာဆင်နယ်အသင်း ချေပဂိုးရဖို့ ကြိုးစားခဲ့ပေမဲ့ မန်ယူအသင်းကပဲထိန်းကစားပြီး ပွဲပြီးဆုံးခဲ့ပါတယ်။

အဲရစ်တန်ဟက်ရဲ့မန်ယူအသင်းဟာ နောက်ဆုံး၄ပွဲဆက်အနိင်ရခဲ့ပြီး ဒီရာသီရူံးပွဲမရှိသေးတဲ့ အာဆင်နယ်အသင်းကို ဂိုးပြတ်အနိင်ယူနိင်ခဲ့ပါတယ်။ဒီနေ့ပွဲမှာ မန်ယူတိုက်စစ်ကိုဦးဆောင်လာခဲ့တဲ့မားကပ်ရက်ဖို့စ်က ခြေစွမ်းပြကစားနိင်ခဲ့ပြီး၂ဂိုးသွင်းကာ အန်တိုနီရဲ့သွင်းဂိုးကိုလဲ ဖန်တီးပေးနိင်ခဲ့ပါတယ်။အခုပွဲမှာ ဇယားထိပ်က အာဆင်နယ် ရှုံးနိမ့်ခဲ့လို့ ပရီးမီးယားလိဂ် အဆင့်(၅)အတွင်းမှာ (၃)မှတ်ပဲ ကွာခြားပြီး တစ်ပွဲ အနိုင်၊ အရှုံးက ဇယားထိပ်နေရာကို အပြောင်းအလဲ ဖြစ်စေမယ့် အနေအထား ဖြစ်လာခဲ့ပါပြီ။