ရော်နယ်ဒိုရဲ့ ပွဲထွက်ခွင့်နဲ့ ရရှ်ဖိုဒ့်အနာဂတ် ကို အသိပေးလိုက်တဲ့ အဲရခ်တန်ဟဂ်

Posted on

အဲရခ်တန်ဟဂ် ရဲ့ ရီးရဲလ်ဆိုစီဒက် အသင်းနဲ့ ပွဲစဉ်အတွက်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ရော်နယ်ဒို ရဲ့ ပွဲထွက်ခွင့်နဲ့ပက်သက်လို့ သေချာတဲ့အဖြေတစ်ခု ပေးသွားခဲ့ပါတယ်။

ရော်နယ်ဒိုစာ ဘရန်းဖိုဒ့် ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲနောက်ပိုင်း လူစားလဲဝင်ရောက်ခွင့်သာ ရရှိနေပြီး ပေါ်တူဂီစတားရဲ့ အနာဂတ်ကမရောမသေချာ ဖြစ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် တန်ဟဂ် ကတော့ ရော်နယ်ဒို ကို လာမယ့် ဆိုစီဒက် အသင်းနဲ့ ပွဲကစလို့ ပြန်လည်အသုံးပြုမှာဖြစ်ကြောင်းအတည်ပြုပြောဆိုခဲ့ပါတယ်။တဆက်ထဲမှာပဲ PSG အသင်းနဲ့ အသံတွေထွက်နေသလို စာချုပ်သက်တမ်းလည်းနည်းပါးနေတဲ့ မားကပ်စ်ရရှ်ဖိုဒ့် ကိုလည်း အသင်းနဲ့ ကာလရှည်ကြာ စာချုပ်သစ်တစ်ရပ်ချုပ်ဆိုသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

တန်ဟဂ်က “ခရစ် က ဘရန်းဖိုဒ့် နဲ့ ပွဲမှာ ပွဲထွက်ခဲ့တယ်လေ၊အဲ့နောက်ပိုင်းတော့ သူမပါဝင်ခဲ့ပေမယ့် အခုတော့ သူပြန်ပြီးပါဝင်ဖို့ အသင့်ဖြစ်နေပါပြီ။ကျွန်တော့်အနေနဲ့ ကစားသမားအားလုံးကို ပျော်ရွှင်နေအောင်လုပ်ပေးဖို့တော့ မတတ်နိုင်ပါဘူး။”

” ဒါပေမယ့် သူတို့အားလုံး လုံလောက်တဲ့ ကစားချိန်မိနစ်တွေ ရရှိမှာဖြစ်ပြီး သူတို့ခြေစွမ်းပြနိုင်လေ ကစားခွင့်ပိုရလေပါပဲ။ကျွန်တော်တို့အရှေ့မှာပွဲများစွာကစားရမှာဖြစ်လို့ ဒီအတွက်အကာကွယ်ဖြစ်စေမယ့် ကစားသမားအရေအတွက်ရှိနေဖို့လိုပါတယ်။နိုင်ငံအသင်းပွဲတွေ အပြင် ကမ္ဘာ့ဖလားသာမက အင်္ဂလန်ပြည်တွင်းလိဂ်တွေနဲ့ ယူရိုပါလိဂ် လည်း ကန်ဖို့ရှိလို့ ကျွန်တော်တို့အနေနဲ့ လုံလောက်တဲ့အရင်းမြစ်တွေရှိနေဖို့ကအရေးကြီးပါတယ်”လို့ဆိုပါတယ်။

မားကပ်စ်ရရှ်ဖိုဒ့် ရဲ့ အနာဂတ် နဲ့ ပက်သက်ပြီး “မားကပ်စ် ရဲ့ ယခင်အချိန်တွေအကြောင်း ပြောဖို့က ကျွန်တော့်အနေနဲ့ ခက်ပါတယ် ဒါပေမယ့် သူအခု ပြန်ပြီးပျော်ရွှင်နေပြီဆိုတာတော့ အသေချာပါပဲ။ကျွန်တော့် အနေနဲ့ သူ့ရဲ့ တချို့သော အပိုင်းတွေမှာ နောက်ထပ်အဆင့်တွေ တက်ရန်လိုအပ်နေတာကို တွေ့မြင်ခဲ့လို့ ပြီးခဲ့တဲ့ နှစ်လခွဲလုံး အတူတကွ ကြိုးပမ်းခဲ့ကြပြီး လက်ရှိအချိန်မှာ ရလာဒ်ကောင်းရထားလို့ ကျေနပ်နေပါတယ်။”

“လေ့ကျင့်ရေးကွင်းမှာ သူလုပ်ပြသမျှ အရာတိုင်းကို အခုဆိုရင် ကွင်းအတွင်းမှာ ပြုလုပ်နိုင်နေပါပြီ၊ အရာအားလုံးက ပျော်ရွှင်မှုအပေါ်ပဲမူတည်နေပြီး လေ့ကျင့်ရေးကိုလာရောက်တိုင်း သူ့ကိုကြည့်ရတာ အမှန်တကယ် ပျော်ရွှင်ပြီး ပြုံးရယ်နေသူဆိုတာ ထင်ရှားပါတယ်။သူ့ရဲ့စာချုပ်ဟာ ကျွန်တော်တို့ရဲ့ ထိန်းချုပ်မှုအောက်ကနေ ကျော်လွန်သွားစရာမရှိပဲ ယူနိုက်တဒ် အနေနဲ့ အပြည့်အဝ ကိုင်တွယ်ထားနိုင်ပါတယ်”လို့ဆိုပါတယ်။