ဈေးကွက်ပိတ်ခါနီးမှာ ကျယ်လောင်လာပြန်တဲ့ ရော်နယ်ဒိုရဲ့အပြောင်းရွှေ့သတင်း

Posted on

ဈေးကွက်ပိတ်ခါနီးမှာ ကျယ်လောင်လာပြန်တဲ့ ရော်နယ်ဒိုရဲ့အပြောင်းရွှေ့သတင်း

အပြောင်းရွှေ့ဈေးကွက်ပိတ်သိမ်းဖို့ နီးကပ်လာတာနဲ့အမျ ရော်နယ်ဒိုရဲ့အပြောင်းအရွှေ့သတင်းတွေကလည်း တဖန်ပေါ်ထွက်လာခဲ့ပြန်ပါပြီ။

အသက် ၃၇နှစ် အရွယ် ပေါ်တူဂီ အသင်းခေါင်းဆောင် တိုက်စစ်မှူး ရိုနယ်ဒိုက ယခု နွေဈေးကွက် အတွင်းမှာ ချန်ပီယံလိဂ် ဝင်ခွင့်ရ ထိပ်သီးအသင်း တသင်းဆီ ပြောင်းရွှေ့ခွင့် ပေးဖို့ မန်ချက်စတာ ယူနိုက်တက်ထံ တောင်းဆိုထားသူ ဖြစ်ပြီး သူ့ရဲ့ အေးဂျင့်ဖြစ်သူ မန်ဒက်စ်ကလည်း ရိုနယ်ဒို တယောက် အသင်းပြောင်းနိုင်အောင် အစွမ်းကုန် ကြိုးစားပေးနေပါတယ်။

တဖက်မှာတော့ နာပိုလီရဲ့ ဥက္ကဌ ဖြစ်သူ ဒီ လော်ရန်တစ်က ရိုနယ်ဒိုကို သူတို့အသင်းဆီ ခေါ်ယူဖို့ ကာလရှည် စိတ်ဝင်စားခဲ့တာ ဖြစ်ပြီး ရိုနယ်ဒိုရဲ့ အပြောင်းအရွှေ့ အတွက် မန်ဒက်စ်နဲ့ တရားဝင် ဆွေးနွေးမှု တချို့လည်း ပြုလုပ်ထားပါတယ်။

နာပိုလီအသင်းဟာ ရော်နယ်ဒို ကို အပြီးသတ်ခေါ်ယူရန်စိတ်ဝင်စားပေမယ့် ဈေးကွက်ပိတ်ရန် နီးကပ်နေပြီဖြစ်တဲ့အတွက် အငှါးနဲ့ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ယူနိုက်တက် တာဝန်ရှိသူတွေကလည်း ဂျော့မန်ဒက်စ် ဟာအပြောင်းအရွှေ့ ဈေးကွက်ပိတ်ခါနီးမှာ ရော်နယ်ဒို ကိုအသင်းပြောင်းရွှေ့ပေးနိုင်ရန်အတွက် ကြိုးစားလာမယ်လို့ ကြိုတင်တွက်ပြီးသားဖြစ်ပါတယ်။

အသင်းပိုင်ရှင် ဂျိုး ဂလေဇာ က ရော်နယ်ဒို ကိုရောင်းချဖို့ဆန္ဒမရှိပေမယ့် နည်းပြ အဲရစ်တန်ဟတ် ကတော့ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေကတည်းက ရော်နယ်ဒို ကို အသင်းကနေထွက်ခွါဖို့ ခွင့်ပြုထားပြီးဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းရဲ့ နည်းပြချူပ် အဲရစ်တန်ဟတ်က ပေါ်တူဂီ ဝါရင့် တိုက်စစ်ကစားသမား ရော်နယ်ဒို အနေဖြင့် အို့ထရက်ဖို့ဒ်မှာ ဆက်ရှိဖို့ အာမခံချက် မရှိတဲ့အကြောင်း အရိတ်အမြွတ်ပြောဆိုထားပါသေးတယ်။

ရော်နယ်ဒိုရဲ့အနာဂတ်နဲ့ပက်သက်ပြီး ယူနိုက်တက် နည်းပြ အဲရစ်တန်ဟတ်က ” ကျွန်တော်တို့ အစီအစဉ်မှာ ရော်နယ်ဒို ပါဝင်နေပါတယ်။ ဒါကကျွန်တော်တို့ ဘက် က လိုချင်တဲ့ အရာပါကျွန်တော်တို့ရဲ့ ဆန္ဒအတိုင်း သူအသင်းမှာ ဆက်ရှိသွားမလား ဆိုတာကတော့ ကြိမ်းသေပေါက် ပြောပြလို့မရပေမဲ့ ဆက်ရှိသွားဖို့တော့ မျှော်လင့်ပါတယ” လို့ စနေနေ့ညက ဆောက်သမ်တန် အသင်းကို အဝေးကွင်းမှာ အနိုင်ရခဲ့တဲ့ ပွဲစဉ် အပြီးမှာ ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။