ရော်နယ်ဒိုကို ကိုယ်တွင်ရခက်နေတဲ့ တန်ဟတ်အတွက် ကြယ်ပွင့်တွေကို ဘယ်လိုကိုင်တွယ်ရသလဲဆိုတာ အကြံပေးလိုက်တဲ့ မော်ရင်ဟို

Posted on

ရိုးမားနည်းပြဖြစ်သူ ဟိုဆေးမော်ရင်ဟိုက ခရစ္စတီယာနို ရော်နယ်ဒိုကို ကိုင်တွယ်ရခက်ခဲနေတဲ့ မန်ယူနိုက်တက် နည်းပြ တန်ဟဂ်အတွက် ကြယ်ပွင့် ကစားသမားတွေကို ဘယ်လို ကိုင်တွယ် ထိန်းချုပ်ရသလဲဆိုတာ အကြံပြုသွားခဲ့ပါတယ်။

ရော်နယ်ဒိုဟာ တော့တင်ဟမ်နဲ့ပွဲမှာ ပွဲမပြီးခင် ကွင်းထဲကနေ ထပြန်သွားပြီးနောက် နည်းပြ အဲရစ်တန်ဟက်ရဲ့ ပြစ်ဒဏ်ခတ်မှုနဲ့ ရင်ဆိုင်နေရပါတယ်။ ၃၇နှစ်သားကို တန်ဟက်က ချဲလ်ဆီးနဲ့ပွဲ လူစာရင်းကနေ ချန်လှပ်လိုက်ပြီး လူစာရင်းထဲ ပြန်ထည့်ဖို့ ဆွေးနွေးမှုတွေ လုပ်သွားဦးမယ်ဆိုပြီး ပြောထားခဲ့ပါတယ်။

ရော်နယ်ဒိုအပေါ် တန်ဟက်ရဲ့ ကိုင်တွယ်ပုံကို ချီးကျူးမှုတွေ ရှိသလို တစ်ဖက်ကလည်း ဘော်လွန်းဒီအော် ၅ကြိမ်ရကစားသမားကို ယခုလို အပြစ်ပေးမှုကြောင့် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ရော်နယ်လ်ဒိုနဲ့ တန်ဟက်တို့ကြားက ဆက်ဆံရေးဟာ လက်ရှိအချိန်မှာ အရင်ကထက် အများကြီး ဆိုးရွားလာတာကြောင့် ပေါ်တူဂီတိုက်စစ်မှူးဟာ လာမယ့် ဇန်နဝါရီလမှာ အသင်းကို စွန့်ခွာဖို့ စိတ်ပိုင်းဖြတ်ထားပုံ ပေါ်ပါတယ်။

ပေါ်တူဂီသားအပေါ် ပြစ်ဒဏ်ပေးခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်မှာတုန်းက ရော်နယ်ဒိုကို နည်းပြလုပ်ခဲ့ဖူးတဲ့ မော်ရင်ဟိုက သူ့ကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ ပြောပြထားတဲ့ ဗီဒီယိုဖိုင်က အွန်လိုင်းမှာ ပြန်နာမည်ကြီးလာခဲ့ပါတယ်။

မော်ရင်ဟိုက “နည်းပြတယောက်ဟာ ပုံရိပ်ကြီးမားတဲ့ကစားသမားတယောက်ကို မကိုင်တွယ်တတ်ဘူးဆိုရင် ဘယ်ကစားသမားကိုမှ နည်းပေးလမ်းပြလုပ်လို့ရမှာမဟုတ်ဘူး။နည်းပြတယောက်အနေနဲ့ နားလည်ထားရမယ့် အရေးကြီးဆုံးကဘာလဲဆိုတော့ မင်းဟာကစားသမားတယောက်ကို ဘောလုံးဘယ်လိုကန်ရသလဲဆိုတာမျိုးတွေ သင်ပြရတာမဟုတ်ဘူး။ ”

” ဥပမာ မင်းက‌ ရော်နယ်ဒို ကို Freekickကို ဘယ်လိုကန်ရတယ်‌နော်တို့၊ ဇလာတန်အီဘရာဟီမိုဗစ်ကို သွားပီး ဘောလုံးကိုရင်ဘတ်နဲ့ဒီလိုထိန်းရမယ်တို့၊ ဒရော့ကို လေထဲကနေဘယ်လိုခေါင်းတိုက်ပီးဂိုးသွင်းရမယ်တို့ အဲ့လိုဟာမျိုးတွေမဟုတ်ဘူး။မင်းက ဘောလုံးသမားကို ဒီအသင်းအတွက် ဘယ်လိုကစားရမယ်ဆိုတာကိုပဲ နည်းပြပေးရတာပါ။” လို့ အကြံပြုလိုက်ပါတယ်။