ရော်နယ်ဒို ကြောင့် အဓိကပစ်မှတ်တိုက်စစ်မှုးကို မဟာပြိုင်ဘက်ထံ လက်လွှတ်ဆုံးရှုံးရနိုင်တဲ့ ယူနိုက်တက်

Posted on

မန်ယူနိုက်တဒ်အသင်းဟာ PSV ရဲ့နယ်သာလန်တိုက်စစ်မှုး ကော်ဒီဂတ်ပို ကို ခေါ်ယူရန် ပြီးခဲ့တဲ့နွေထဲက ကြိုးစားခဲ့ကြပါတယ်။ ယူနိုက်တဒ် တာဝန်ရှိသူတွေဟာ ဂတ်ပိုကိုခေါ်ယူရန် ဇွန်လဆန်းထဲက စတင်ဆက်သွယ်ခဲ့ကြပြီး PSV အသင်းရဲ့ ယူရို(၃၅)သန်း တောင်းဆိုမှုကြောင့် အနည်းငယ်တုံဆိုင်းနေခဲ့တာပဲ ဖြစ်ပါတယ်။ အပြောင်းရွှေ့ဈေးကွက်ပိတ်သိမ်းခါနီးမှာတော့ ဂတ်ပို ကို ခေါ်ယူဖို့ လှုပ်ရှားခဲ့ပေမယ့် အန်တိုနီ ကို ယူရိုသန်း(၁၀၀) နဲ့ ခေါ်ယူခဲ့တာကြောင့် လာမယ့်နွေမှာသာ ပြောင်းလဲခေါ်ယူရန် လက်လျှော့ခဲ့ကြတာပဲ ဖြစ်ပါတယ်။ဂတ်ပို က မန်ယူနိုက်တဒ် နဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရခဲ့ပြီးနောက် တရားဝင်ကမ်းလှမ်းမှုကို အပြောင်းရွှေ့နောက်ဆုံးအချိန်အထိ စောင့်ဆိုင်းခဲ့ကြောင်း ကိုယ်တိုင်ဝန်ခံဖွင့်ချခဲ့ပါသေးတယ်။

ကော်ဒီဂတ်ပို က လက်ရှိရာသီ ထိပ်တန်းလိဂ်ငါးခုအနက် ဂိုးနဲ့ဖန်တီးမှု (22)ကြိမ်ရှိထားကာ ဂိုး(၁၀+)၊ဖန်တီးမှု (၁၀+) ရရှိထားတဲ့ တစ်ဦးတညိးသော ကစားသမားလည်းဖြစ်ပါတယ်။ ဂတ်ပို ကို ခေါ်ယူရန် အသင်းကြီးတွေအပြိုင်မျက်စိကျနေသလို တလက်စထဲမှာပဲ ခြေသွက်လက်သွက်ရှိတဲ့ လိဒ်ယူနိုက်တဒ်အသင်းကလည်း ခပ်မြန်မြန်ပဲ လှုပ်ရှားလာခဲ့ပြီး ကစားသမားနဲ့ သဘောတူညီမှု ရရှိနေကာ PSV အသင်းနဲ့ သဘောတူညီမှုရဖို့ကြိုးစားလျက်ရှိပါတယ်။တန်ဟဂ် အနေနဲ့ ဂတ်ပိုကို လာမယ့် ရာသီမှာ ရော်နယ်ဒို နေရာအစားထိုးရန် စဉ်းစားထားပေမယ့်လည်း လက်ရှိအချိန်မှာတော့ လိဒ်အသင်းက လက်ဦးမှုရယူသွားခဲ့ရင် ထိပ်သီးကစားသမားတစ်ဦးကို လက်လွှတ်ဆုံးရှုံးရတာမျိုး ဖြစ်လာနိုင်ပါတယ်။

ယူနိုက်တဒ် ရဲ့ တိုက်စစ်ပိုင်းမှာ ရရှ်ဖိုဒ့်၊အန်တိုနီ၊မာစီရယ်၊ဆန်ချို တို့ ရှိတဲ့အပြင် အီလန်ဂါ၊ဂါနာချို တို့လည်းရှိနေတာကြောင့် ယူနိုက်တဒ် ဘုတ်အဖွဲ့စာ ဂတ်ပို ကို မလိုအပ်ပဲ ဝယ်ယူလိုခြင်းမရှိတာကြောင့် ငြင်းဆန်ထားတာပဲ ဖြစ်ပါတယ်။သို့သော်လည်း ရော်နယ်ဒို ကို လာမယ့်ဆောင်းဈေးကွက်အတွင်း ရောင်းထုတ်နိုင်ခဲ့ရင်တော့ ဂတ်ပို ခေါ်ယူရေးကို ငွေကြေးဖြည့်တင်းပေးနိုင်မယ်လို့ သတင်းတွေကဆိုပါတယ်။

တစ်နှစ်လုပ်ခပေါင်(၂၅)သန်းအထက် ရရှိနေတဲ့ ရော်နယ်ဒို သာ ထွက်ခွာခဲ့ရင် ယူနိုက်တဒ် အနေနဲ့ ဘက်ဂျက်များစွာသက်သာသွားမှာဖြစ်ပြီး တဖက်မှာလည်း တိုက်စစ်လိုအပ်ချက် ကွပ်လပ်ကို ဖြည့်တင်းနိုင်မှာပဲ ဖြစ်ပါတယ်။သို့သော်လည်း အခြေအနေတွေကတော့ ရော်နယ်ဒို ကို ခေါ်ယူမယ့် ကလပ်မရှိသေးတာကြောင့် ဆောင်းဈေးကွက်မှာအလုပ်မဖြစ်ခဲ့ရင် ဂတ်ပို ခေါ်ယူရေးလည်း အဆူံးသတ်သွားဖွယ်ရှိပါတယ်။