ယူနိုက်တက်အသင်းကို ပြန်လည်တောင်းပန်လိုက်တဲ့ ရော်နယ်ဒို

Posted on

မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့် ချဲလ်ဆီးနဲ့ပွဲရဲ့ လူစာရင်းထဲမှာ ခရစ္စတီယာနိုရော်နယ်ဒိုကို ထည့်သွင်းမှာမဟုတ်ပဲ ကျန်ကစားသမားတွေနဲ့သာ အပြည့်အဝအာရုံစိုက် ပြင်ဆင်သွားမယ်လို့ တရားဝင်ထုတ်ပြန်လိုက်ပါတယ်။

ရော်နယ်ဒိုဟာ တော့တင်ဟမ်နဲ့ပွဲမှာ ပွဲမပြီးခင်ကွင်းထဲက ထွက်သွားခဲ့သလို လူစားဝင်ကစားဖို့လည်း ငြင်းဆန်ခဲ့ကြောင်းသတင်းတွေ ထွက်ခဲ့ပြီးနောက် နည်းပြတန်ဟတ်က ခုလိုဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။ ဒီအခြေနေတွေ ပြီးတဲ့နောက်မှာတော့ ရော်နယ်ဒိုတယောက် သူ ကျူးလွန်းခဲ့တဲ့ အမှားအတွက် လူမှုကွန်ရက်ကနေ တဆင့် ဝန်ချတောင်းပန်လိုက်ပါတယ်။

“ကျွန်တော့်ရဲ့ကစားသမားတလျောက်လုံးမှာ ကျွန်တော်အကောင်းဆုံးလုပ်ဆောင်ခဲ့သလို ကျွန်တော်ရဲ့လုပ်ဖော်ကိုင်ဖက်တွေ ရင်ဆိုင်ခဲ့ရတဲ့သူတွေ နည်းပြတွေအားလုံးကို လေးစားစွာနေထိုင်ပြီး ကစားနိုင်အောင်ကြိုးစားခဲ့ပါတယ်။ ဒါဟာမပြောင်းလဲပါဘူ။း ကျွန်တော်ကိုယ်တိုင်လည်းမပြောင်းလဲခဲ့ပါဘူး။ကျွန်တော်ဟာလွန်ခဲ့တဲ့ နှစ် ၂၀ထဲကနေ ပရော်ဖက်ရှင်နယ်ကစားအဖြစ် တူညီတဲ့သူအဖြစ်ရှိနေခဲ့ပြီး လေးစားမှုဆိုတဲ့အရာဟာ ကျွန်တော်ဆုံးဖြတ်ချက်ချတဲ့လုပ်ငန်းစဉ်တိုင်းမှာ အလွန်အရေးကြီးတဲ့ အခန်း ကဏ္ဌကပါဝင်နေခဲ့ပါတယ်”

“ကျွန်တော်ငယ်ရွယ်စဉ်ထဲကဘောလုံးကစားခြင်းကိုစတင်ခဲ့ပါတယ်။ အသက်အရွယ်ကြီးတဲ့ကစားသမားတွေနဲ့ အတွေ့အကြုံမြင့်မားတဲ့ကစားသမားတွေဆီက ဥပမာတွေဟာ ကျွန်တော့်အတွက် တစ်ကယ်အရေးပါခဲ့ပါတယ်။ဒါကြောင့်ကျွန်တော်ကိုယ်စားပြုပြီးဆော့ခဲ့ရတဲ့ အသင်းတိုင်းမှာရှိနေတဲ့လူငယ်တွေအားလုံးအတွက် ကျွန်တော်ကိုယ်တိုင်စံပြကောင်းဖြစ်လာဖို့ အမြဲကြိုးစားခဲ့ပါတယ် ။ ကံမကောင်းစွာပဲ ဒီလိုအခြေအနေဟာအမြဲမဖြစ်နိုင်သလို တစ်ခါတစ်လေ ပေါက်ကွဲထွက်သွားတဲ့အခိုက်အတန့်တွေဟာလည်း‌ကျွန်တော်တို့အတွက်အကောင်းဆုံးဖြစ်သွားစေပါတယ်”

“အခုတော့ကာရင်တန်မှာ အကောင်းဆုံးကြိုးစားနေပြီး အသင်းဖော်တွေကိုလည်းပံ့ပိုးကူညီပေးနေပါတယ် အခွင့်အရေးပေးတိုင်းပွဲတိုင်းအတွက်လည်းအရာအားလုံးအဆင့်ဖြစ်အောင်ပြင်ဆင်ထားပါပြီ။ဖိအားပေးခြင်းဟာရွေးချယ်စရာတစ်ခုမဟုတ်ပါဘူး ဘယ်တုန်းကမှလဲအဲ့လိုမရှိခဲ့ပါဘူး ဒါဟာ Manchester United ဖြစ်ပြီးစည်းစည်းလုံးလုံးရပ်တည်ရပါမယ် မကြာခင်မှာကျွန်တော်တို့ပြန်ဆုံကြမယ်” လို့ ရေးသားပြီး တောင်းပန်သွားခဲ့ပါတယ်။