မန်ယူအသင်း ရော်နယ်ဒိုကို နှုတ်ဆက်ရခါနီးပြီလို့ အခိုင်အမာဖော်ပြလိုက်တဲ့ ဖာဘရီဇီယိုရိုမာနို

Posted on

မန်ယူနိုက်တဒ် နဲ့ ရော်နယ်ဒို ကြားမှာ အပျက်ပျက် နဲ့ နှာခေါင်းသွေးထွက်နေတဲ့ သတင်းတွေဟာ နေ့စဉ် ကြီးထွားလာနေသလို အပြောင်းရွှေ့ပိတ်ဖို့ နီးကပ်လာချိန်မှာတော့ ပေါ်တူဂီနတ်ဘုရားဟာ မန်ချက်စတာထီးနန်းကို စွန့်ခွာမယ့်အရိပ်ယောင်တွေ မြင်နေရပါပြီ။

တန်ဟဂ် က ရော်နယ်ဒို ကို သဘောကျပေမယ့် တိုက်စစ်ပိုင်းမှာ (၃၈)နှစ်အရွယ် ကစားသမားကြီးတယောက်ကို အားကိုးဖို့ဆိုတာက မဖြစ်နိုင်တာမလို့ လူငယ်တွေနဲ့သာ တည်ဆောက်လိုနေပါတယ်။အထူးသဖြင့် high press ကစားချိန်တွေမှာ ရော်နယ်ဒို အနေနဲ့ လိုက်ပါစီးမျောဖို့ ခက်နေပြီး တဖက်မှာလည်း သူ့ရဲ့ စွမ်းဆောင်ရည်တွေဟာ အရင်လိုမဟုတ်ပဲ ကျဆင်းသွားပြီဆိုတာကို လက်ခံသဘောပေါက်ဖို့ လိုအပ်နေပါတယ်။

ရော်နယ်ဒို ကို ယခုနွေမှာ ခေါ်ယူလိုတဲ့ကလပ်အသင်းများများစားစား မရှိခဲ့သလို မမှန်ကန်တဲ့ သတင်းများစွာက သူ့ရဲ့ ပုံရိပ်ပိုင်းအတွက်ပါ ထိခိုက်စေခဲ့ပါတယ်။

ရော်နယ်ဒို ကို ခေါ်ယူရင် အသင်းကနေ ထွက်ခွာမယ်လို့ ခြိမ်းခြောက်တဲ့ စပို့တင်းနည်းပြဆိုတဲ့ သတင်းမျိုးတွေဟာ အတော်လေးဆိုးရွားတဲ့ သတင်းတွေဖြစ်ပြီး ရော်နယ်ဒို လို ကမ္ဘာ့အကြီးကျယ်ဆုံးသော နှစ်ယောက်ထဲကတစ်ယောက် အတွက် ဆိုးရွားလှတဲ့ ပုံရိပ်ကျဆင်းမှုပဲဖြစ်ပါတယ်။ယူနိုက်တဒ် မှာ ဆက်နေခဲ့ရင်လည်း ရော်နယ်ဒို အနေနဲ့ ပုံမှန်ပွဲထွက်ခွင့် ရဖို့ကခက်ခဲနေသလို သူရှိနေတာက နည်းဗျူဟာပိုင်းအရအခက်ခဲတွေ များစွာ ဖြစ်လာစေပြီး အသင်းကိုဝန်ပိလာစေပါတယ်။

ရော်နယ်ဒို အနေနဲ့ လက်တလောမှာ ဆီးရီးအေ ကလပ် နာပိုလီ အသင်းနဲ့ တိုက်ရိုက်ဆွေးနွေးမှု ပြုလုပ်နေပြီး နေပယ်ကလပ်ဖက်က ပေါ်တူဂီသားကိုအပြီးသတ်ခေါ်ယူဖို့ထက် တစ်နှစ်အငှား နဲ့ ခေါိယူရန် စိတ်ဝင်စားနေပါတယ်။

ရော်နယ်ဒို အနေနဲ့ နာပိုလီ ကို တစ်ရာသီကြာအငှားသွားကစားခဲ့ရင် လစာရဲ့ (၆၀%) ကို ယူနိုက်တဒ် က စိုက်ပေးရဖွယ်ရှိပြီး အပြီးသတ်ဝယ်ယူတာကိုတော့ အပြောင်းရွှေပိတ်ရန်နီးကပ်နေတာကြောင့် ဖြစိနိုင်ဖွယ်မရှိဘူးလို့ နာပိုလီ တာဝန်ရှိသူတွေက ယုံကြည်နေပါတယ်။ ရော်နယ်ဒို ရဲ့ နေပယ် ခရီးစဉ်ကဖြစ်နိုင်ဖွယ်များနေပြီး ချန်ပီယံလိဂ်ကန်ချင်တဲ့ ပေါ်တူဂီသားအတွက် နာပိုလီ ဟာ အကောင်းဆုံးရွေးချယ်မှုဖြစ်လာမလားဆိုတာတော့…..