ယူရိုပါလိဂ်မှာ ရလဒ်ကောင်းရဖို့ တန်ဟတ်မဖြစ်မနေ အသုံးပြုရတော့မယ့် ကစားသမား(၂)ဦး

Posted on

မန်ယူနိုက်တဒ်အသင်းရဲ့ ယခုတစ်ပတ်ယှဉ်ပြိုင်ကစားမယ့် ယူရိုပါလိဂ်ပြိုင်ပွဲမှာတော့နည်းပြကြီးအဲရခ်တန်ဟဂ် စိတ်ကြိုက်တွေ့မယ့် လူစာရင်း အခင်းအကျင်းမျိုး ပွဲထုတ်လာဖွယ်ရှိပါတယ်။အထူးသဖြင့် ကတ်စမဲရိုး ကိုမဖြစ်မနေအသုံးပြုရတော့မယ့်အနေထားမှာ ကွင်းလယ်ကို ပိုမိုကျစ်လစ်ပြီးတောင့်တင်းမှုရှိစေဖို့ အတွက် ဘရာဇီးလ်သားရဲ့စွမ်းဆောင်ရည်က ဘယ်အတိုင်းအတာထိ သက်ရောက်မှုရှိမလည်းဆိုတာစောင့်ကြည့်ရပါမယ်။ ကတ်စမဲရိုး ဟာ တန်ဟဂ် ရဲ့ ခေါ်ယူမှုဖြစ်ကြောင်း Telegraph သတင်းစာကဖော်ပြခဲ့သလို ဒချ့်သားဟာ နံပတ်(၆)စစ်စစ် လိုအပ်ချက်ကြောင့် ရာဘီယော့ကိုကျော်လွန်ပြီး ခေါ်ယူခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ကတ်စမဲရိုး က နံပတ်(၆)နေရာမှာ DM စစ်စစ် အဖြစ်သာ ကစားလိုပြီး အပိုတွေမလုပ်တဲ့ ကွင်းလယ်လူ ဖြစ်တာကြောင့် အဲရခ်ဆင်၊ဘရူနို တို့လို တိုက်စစ်အားသန်ကစားသမားတွေကြား အသင့်တော်ဆုံး ပေါင်းစပ်မှုလည်း ဖြစ်ပါတယ်။ ကတ်စမဲရိုး ရဲ့ ခြေစွမ်း၊ဦးဆောင်နိုင်မှု၊အတွေ့ကြုံနဲ့ ကစားအား က လက်ရှိယူနိုက်တဒ် ရဲ့ ကွင်းလယ်အဖျတ်တာဝန်ယူထားတဲ့ တော်မနေး ထက် အစစအရာရာသာလွန်ပြီး ဒါဘီပွဲက ဖြစ်ပျက်ခဲ့တဲ့ ရုပ်ပျက်မှုမျိုးကို ကာကွယ်ဖို့ဆိုရင် ဘရာဇီးလ်သားက အကောင်းဆုံး အခွင့်အရေး ဖြစ်လာပါလိမ့်မယ်။ တန်ဟဂ် အတွက်လည်း နည်းစနစ်ပိုင်းအရ တော်မနေး ထက် ကတ်စမဲရိုး လို စိတ်ချရတဲ့ DM ရှိနေတာက high line def ကစားရာမှာပိုမိုလွယ်ကူစေမှာပါ။

တန်ဟဂ် အတွက် နောက်ထပ်သတင်းကောင်းတစ်ခုကတော့ မာစီရယ် ရဲ့ ဒဏ်ရာပြသနာကင်းရှင်းတဲ့ သတင်းပဲ ဖြစ်ပါလိမ့်မယ်။ ယူနိုက်တဒ် ရဲ့နံပတ်(၉) ဟာ ပေါင်းစပ်လုပ်ကိုင်နိုင်မှုအားကောင်းရန်လိုအပ်ပြီး လက်ရှိတိုက်စစ်က မားကပ်စ် နဲ့ ရော်နယ်ဒို တို့နှစ်ဦးလုံးက အဆိုပါအချက်မှာအားနည်းကြသူတွေ ဖြစ်ပါတယ်။

တန်ဟဂ် အနေနဲ့ အထောင်တိုက်စစ်မှာ မာစီရယ် ကို ပြန်လည်အသုံးချနိုင်ရင် ရာသီကြိုမှာ ခြေစွမ်းပြခဲ့တဲ့ ဆန်ချို-မာစီရယ်-မားကပ်စ် အတွဲဖက်မျိုး မြင်တွေ့ရဖွယ်ရှိနိုင်ပါတယ်။အန်တိုနီ လည်း ခြေစွမ်းပြနိုင်နေပြီဖြစ်တာကြောင့် တိုက်စစ်ပိုင်းမှာပိုမိုကောင်းမွန်တဲ့ ရွေးချယ်မှုတွေ ရှိလာသလို ပေါင်းစပ်လုပ်နိုင်စွမ်းကောင်းမွန်တာကြောင့် ပိုမိုထက်မြက်ပြီး အားကောင်းတဲ့အစုအဖွဲ့ကို ဖန်တီးတည်ဆောက်လာဖွယ်ရှိပါတယ်။