ဂျေဒန်ဆန်ချို အတွက် စိုးရိမ်ရတဲ့အချက်ကို ပြောပြလာတဲ့ ရီယိုဖာဒီနန်

Posted on

ယူနိုက်တဒ် ဂန္နဝင်ခံစစ်မှုးကြီးရီယိုဖာဒီနန် ကတော့ ယူနိုက်တဒ်တောင်ပံတိုက်စစ်ကစားသမား ဂျေဒန်ဆန်ချို ရဲ့ အနာဂတ် နဲ့ ပက်သက်လို့ ဘွန်ဒက်စ်လီဂါကခြေစွမ်းမျိုး မပြသနိုင်မှာကို စိုးရိမ်မိတယ်လို့ ဝန်ခံလိုက်ပါတယ်။ ယူနိုက်တဒ် ရဲ့ ပေါင်(၇၃)သန်းတန် တောင်ပံလူဟာ ပြီးခဲ့တဲ့ ရာသီမှာရုန်းကန်ခဲ့ရပေမယ့် လိဂ်အသစ်၊ဒေသအသစ် ဖြစ်တာကြောင့် ပရိတ်သတ်တွေက လက်ခံနားလည်ပေးခဲ့ကြပေမယ့် ယခုရာသီမှာပါ ဆက်လက်ခြေစွမ်းကျနေတာကြောင့် ဝေဖန်မှုတွေ စတင်ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။

ဆန်ချို ဟာ ပြီးခဲ့တဲ့ မန်စီးတီး နဲ့ ပွဲကစလို့ ခြေစွမ်းပျောက်ဆုံးနေတာဖြစ်ပြီး ပရီးမီးယားလိဂ်ရဲ့လျှင်မြန်မှု နဲ့ ကြံခိုင်မှု ကို လိုက်မှီဖို့ ရုန်းကန်နေရတယ်လို့ ဝေဖန်ခံနေရပါတယ်။အထူးသဖြင့် အဲရခ်တန်ဟဂ် ရဲ့ တောင်းဆိုမှုများတဲ့နည်းစနစ်အတွင်းလိုက်လျောညီထွေကစားနိုင်ဖို့ ခက်ခဲနေသလို တဖက်မှာလည်း ဆန်ချို ဟာ သူ့ရဲ့ပင်ကိုယ်ကစားပုံကနေ ကွဲထွက်နေတဲ့ ကစားဟန်ကြောင့် အခက်ကြုံနေရတာပဲ ဖြစ်ပါတယ်။

ရီယို က “ကျွန်တော်အခုထိကို ဘွန်ဒက်စ်လီဂါ မှာ ဂျေဒန်ဆန်ချို ပြသခဲ့တဲ့ အရည်အသွေးကို မြင်တွေ့ရခြင်းမရှိသေးပါဘူး။ဒီအချက်က ကျွန်တော့်အတွက်တော့တကယ်ကို စိုးရိမ်ထိတ်လန့်ဖို့ကောင်းနေပါပြီ။ကျွန်တော်သာ ဂျေဒန်ဆန်ချိုနေရာမှာ ဒါမှမဟုတ် သူ့အဖွဲ့စည်းထဲရှိနေမယ်ဆိုရင် သူ့အနေနဲ့ ဘယ်လိုအရာတွေကို မလုပ်သင့်ဘူး၊စိတ်ကိုဘယ်လိုပြင်ဆင်သင့်တယ်၊ကွင်းထဲဘယ်လိုအနေထားမျိုး ရှိနေသင့်လည်းဆိုတာနဲ့ပက်သက်ပြီး ဂရုစိုက်သင့်ပါပြီ။ဒါမှလည်း သူ့ရဲ့ ဥရောပတလွှားပြသခဲ့တဲ့ ခြေစွမ်းကို ပြန်ပြီး ရရှိလာမှာပါ။သူ့ရဲ့ ဂျာမဏီမှာ ပြသခဲ့တဲ့ ခြေစွမ်းက ထူးရှယ်ပါပဲ၊ကိန်းဂဏန်းတွေကလည်း သိပ်ကိုအထင်ကြီးစရာကောင်းပါတယ်။ဒါပေမယ့်ဒီအရာတွေက ပရီးမီးယားလိဂ်ကိုတော့ ပြန်လည် ရောက်ရှိလာခြင်း မရှိသေးပါဘူး”လို့ဆိုပါတယ်။

ဆက်လက်ပြီး ရီယို က “သူဒီလိုဖြစ်နေတာ ဘာကြောင့်လည်းဆိုတာ ကျွန်တော်မသိသေးပါဘူး၊ အရိုးသားဆုံးပြောရရင်နားမလည်နိုင်အောင်ပါပဲ၊ကျွန်တော်တွေးထင်မိတာကတော့ ပရီးမီးယားလိဂ်ရဲ့မြန်နှုန်းကြောင့်လားလို့တော့ ထင်မိပါတယ်။သူ့အနေနဲ့ ခံစစ်ပိုင်းတာဝန်တွေ ပိုမိုထမ်းဆောင်ရလို့ တိုက်စစ်အကူးအပြောင်းအတွက် အားအင်မကျန်တော့တာလားလို့ တွေးစရာတော့ရှိပါတယ်။သူ့နေရာမှာကစားနေတဲ့ အခြားသော ထိပ်သီးတောင်ပံကစားသမားတွေ နဲ့ နှိုင်းယှဉ်လိုက်ရင် သူ့ရဲ့ ဂိုးနဲ့ဖန်တီးမှုတွေက အထင်ကြီးလောက်စရာမဟုတ်တာကို ခများတို့ မြင်တွေ့ရပါလိမ့်မယ်။သူဒီရာသီ လက်စတာ နဲ့ လီဗာပူးလ် ပွဲတွေမှာဂိုးသွင်းယူခဲ့တယ်၊သူဂိုးတွေရယူနိုင်တယ်ဆိုတာကို ပြသခဲ့ပြီးပါပြီ”လို့ဆိုပါတယ်။