ဟာလန်းနဲ့ ရွန်းနီကြားက ကြီးမားတဲ့ ကွာခြားချက်ကို ရှင်းပြလိုက်တဲ့ ရီယိုဖာဒီနန်

Posted on

ဘောလုံးဝေဖန်သုံးသပ်သူတဦးဖြစ်သလို မန်ယူနိုက်တက်ဂန္တဝင်နောက်ခံကစားသမားဟောင်း ရီယို ဖာဒီနန်က အသင်းဖော်ဟောင်း ဝိန်းရူနီနဲ့ မန်စီးတီးတိုက်စစ်မှူး အာလင်း ဟာလန်းတို့ကြားက ကြီးမားတဲ့ ကွာခြားချက်ကို ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။ဟာလန်းဟာ ပြီးခဲ့တဲ့ပွဲစဉ်တွေမှာ ပြိုင်ဘက်တွေ ထိတ်လန့်လောက်တဲ့ စွမ်းဆောင်ရည်ပြသနေခဲ့သူဖြစ်ပြီး စက်တင်ဘာ ၁၄ ရက်နေ့ညက ဒေါ့မွန်ကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ၆ ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

နော်ဝေ ဂိုးသွင်းစက်ဟာ သွင်းဂိုးတွေ ပုံမှန် သွင်းယူပေးနေချိန်မှာ ပွဲစဉ်အတွင်းမှာတော့ ဘောလုံးထိတွေ့မှု များများစားစား ပြုလုပ်နိုင်ခြင်းမရှိခဲ့တာဖြစ်ပြီး အဲဒါက ဘောလုံးဝေဖန်သူတွေရဲ့ အာရုံစိုက်ခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။ဒီအခြေနေကို မန်ယူခံစစ်မှုးဟောင်း ဖာဒီနန်က ဝိန်းရွန်နီနဲ့ နှိုင်းယှဉ်ပြီး သုံးသပ်သွားခဲ့တာပါ။

ရီယိုဖာဒီနန်က “ကျွန်တော်တို့ ဝိန်း ရူနီနဲ့ ကစားခဲ့ရတယ်။ သူ ဘောလုံးနည်းနည်းပဲ ထိပြီး တစ်ဂိုး ဒါမှမဟုတ် ၂ ဂိုးသွင်းယူနိုင်ခဲ့ရင်တောင် သူ ပျော်ရွှင်မှာမဟုတ်ပါဘူး။ ဒီကောင်လေးကျတော့ လုံးဝကို ဆန့်ကျင်ဘက်ပဲ။ ‘ငါ့ကို ဘောလုံးထိတွေ့မှု နည်းနည်းနဲ့ ဂိုးများများပဲပေး။ အဲဒါဆို သေပျော်ပြီ’ဆိုတဲ့သူမျိုးပါ”

“သူက အဲဒီလိုမျိုး သူပါ။ ဘောလုံးနဲ့ အသက်ရှူနေပြီး သွင်းဂိုးတွေ သွင်းယူဖို့နဲ့ နိုင်ပွဲတွေ ရရှိနေဖို့ပါပဲ။ ဝိန်း ရူနီနဲ့ပတ်သက်ပြီး ကျွန်တော်နှစ်သက်တာက ပွဲစဉ်အတွင်းမှာ ဘောလုံးထိတွေ့မှု ၁၁ ကြိမ်သာရှိခဲ့ရင် သူက ဘောလုံးကို အသည်းအသန် လိုက်ရှာနေပြီး ဘောလုံးထိတွေ့မှုတွေ ပိုရအောင် အသင်းရဲ့ ပုံစံကိုပါ အကျိုးသက်ရောက်မှု ရှိစေတယ်”

“ဟာလန်းကျတော့ အေးဆေးပဲ။ သူ တွေးနေတာက ‘ငါ ဂိုးတွေ လိုချင်တယ်။ ငါ ပွဲစဉ်အတွင်းမှာ ဘောလုံးထိတွေ့မှု ၃ ကြိမ်ရနိုင်တယ်။ အဲဒီထဲက တစ်ကြိမ်က ပင်နယ်တီဧရိယာထဲမှာဖြစ်ပြီး ဂိုးသွင်းနိုင်ရင် ငါ ပျော်ရွှင်ရလိမ့်မယ်’လို့ ဖြစ်ပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။

ဟာလန်းဟာ လက်ရှိမှာ သိသာတာတစ်ခုကတော့ ဝိန်း ရူနီရဲ့ ချန်ပီယံလိဂ်သွင်းဂိုးကို လိုက်မီဖို့ ၄ ဂိုးသာ လိုအပ်တော့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ဂန္တဝင် တိုက်စစ်မှူးဟာ ဥရောပပြိုင်ပွဲမှာ ၈၅ ပွဲ ကစားခဲ့ရာမှာ သွင်းဂိုး ၃၀ ရရှိခဲ့ချိန်မှာ နော်ဝေတိုက်စစ်မှူးက ၂၁ ပွဲသာ ကစားရသေးချိန်မှာ ၂၆ ဂိုးအထိ သွင်းယူထားပြီးဖြစ်ပါတယ်။