ဟာလန်းက ပရီးမီးယားလိဂ်ပြိုင်ပွဲကို ဖျက်ဆီးမဲ့သူ လို့ ဒဲ့ပြောလိုက်တဲ့ ရီယိုဖာဒီနန်

Posted on

မန်ချက်စတာယူနိုက်တက်အသင်းရဲ့နောက်ခံလူဟောင်း ရီယိုဖာဒီနန်က မန်စီးတီးတိုက်စစ်မှုး ဟာလန်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ပျင်းရိငြီးငွေ့စရာကောင်းအောင်လုပ်ဆောင်နေသူ ဆိုပြီး ပြောဆိုခဲ့ပါတယ်။

ယခုနှစ်နွေရာသီမှ မန်စီးတီးအသင်းကို ရောက်ရှိလာတဲ့ဟာလန်းဟာ ခက်ခဲပါတယ်ဆိုတဲ့ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြကစားနေပြီး၇ ပွဲကစားထားကာ ၁၁ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပါတယ်။ဒါ့အပြင် ၎င်းဟာ ဩဂုတ်လအတွက် အကောင်းဆုံးကစားသမားဆုကိုလည်း မကြာခင်ကမှရရှိထားသူဖြစ်ပါတယ်။

မနေ့ညက ဝုဗ် အသင်းနဲ့ပွဲအပြီးသုံးသပ်ချက်မှာ ဖာဒီနန်က ” ဟာလန်းဟာ မန်စီးတီးအသင်းကို နောက်တစ်ဆင့်မြှင့်ပေးနေတာပါ။နဂိုကတည်းက စီးတီးဟာ အရမ်းကိုကောင်းတဲ့အသင်းဆိုတာကျနော်သိပါတယ်။ဒါပေမဲ့ ဒီတိုက်စစ်မှူးရောက်လာတာက သူတို့ကို ပိုမိုပြီးပြည့်စုံသွားတာပါ။ဟာလန်းကြောင့် ပရီးမီးဟားလိဂ်ဟာ တစ်ကောင်တည်းပြေးတဲ့ပြိုင်ပွဲဖြစ်လာတော့မှာ အရမ်းစိုးရိမ်စရာကောင်းပါတယ်။”

” ပရီးမီးယားလိဂ်မှာ သူ့ကိုထိန်းနိုင်မဲ့အသင်းမျိူး ကျနော်မမြင်မိသေးပါဘူး။ဒါ့အပြင် သူနဲ့ယှဉ်ပြီး ဂိုးတွေအပြိုင်သွင်းနိုင်မဲ့ တိုက်စစ်မှူးမျိူးလည်း မရှိပါဘူး။ဒီလိဂ်ရဲ့စံချိန်တွေကို သူ့အနေနဲ့တစ်ခုပြီးတစ်ခု ချိူးဖျက်ပြပါလိမ့်မယ်။ မန်စီးတီးသာ ချန်ပီယံလိဂ် ဖလားရရင် ဟာလန်း အနေနဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့ လာမဲ့နှစ်မှာ Ballon D’Or ဆု ရနိုင်ပါတယ် ” လို့ BT Sport မှာပြောကြားသွားခဲ့ပါတယ်။

ဝူလ်ဗာဟမ်တန်ကို ၃-၀ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ မန်စီးတီးတိုက်စစ်မှူး ဟာလန်းက ဒုတိယဂိုး သွင်းယူပေးခဲ့ပြီးနောက် ဒီဂိုးက သူ့အတွက် ၁၁ ဂိုးမြောက်ပရီးမီးယားလိဂ်သွင်းဂိုးဖြစ်လာသလိုချန်ပီယံလိဂ်မှာသွင်းထားတဲ့ ၃ ဂိုးနဲ့ဆိုရင်၁၄ ဂိုးရှိသွားပါပြီ။

သူဟာ ပရီးမီးယားလိဂ်သမိုင်းမှာ ပထမဆုံး ကစားခွင့်ရတဲ့ အဝေးကွင်း ၄ ပွဲဆက်တိုက် ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ်လည်း စံချိန်တင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် နော်ဝေသားဟာ ဆဲလ်ဘတ်ကနေ ဒေါ့မွန်ကို စတင်ပြောင်းရွှေ့လာတဲ့ ၂၀၂၀ ဇန်နဝါရီကစလို့ ပြိုင်ပွဲစုံ ၉၉ ပွဲမှာ သွင်းဂိုး ၁၀၀ ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ဂျာမန်ကလပ်အတွက် ၈၉ ပွဲမှာ ၈၆ ဂိုး၊မန်စီးတီးအတွက် ၁၀ ပွဲမှာ ၁၄ ဂိုး သွင်းယူထားတာပါ။