အာဆင်နယ်ကို မရွေးချယ်ခဲ့ရတဲ့ အဓိက အကြောင်းအရင်းကို ဖွင့်ဟလိုက်တဲ့ လီဆန်ဒရိုမာတီနက်ဇ်

Posted on

မန်ယူနိုက်တဒ် မှာ အစောပိုင်းကာလတွေတုံးက ပြစ်တင်ဝေဖန်မှုတွေပြည့်နှက်နေခဲ့တဲ့ မာတီနက်ဇ် တစ်ယောက် လက်ရှိအချိန်မှာတော့ အကောင်းဆုံးပုံစံကိုရရှိနေပြီဖြစ်သလို မီဒီယာရဲ့ ချီးမွန်းမှုတွေလည်း ပြန်လည်ရရှိနေပြီဖြစ်ပါတယ်။မာတီနက်ဇ် က ယူနိုက်တဒ် ကို မပြောင်းရွှေ့ခင်မှာ အာဆင်နယ် အသင်းရဲ့ စိတ်ဝင်စားမှုကိုရရှိခဲ့သလို ပေါင်(၃၅)သန်း နဲ့ ကမ်းလှမ်းမှုကလည်း အတော်လေး နီးစပ်ခဲ့ပေမယ့် အဆုံးသတ်မှာတော့ အဲရခ်တန်ဟဂ် နဲ့သာပြန်လည်ပူးပေါင်းလိုတဲ့ မာတီနက်ဇ် ရဲ့ ဆန္ဒက မန်ယူနိုက်တဒ် အသင်းကို အပြောင်းရွှေ့တိုက်ပွဲမှာ အနိုင်ရစေခဲ့ပါတယ်။ မာတီနက်ဇ် က ယူနိုက်တဒ် ကို ပြောင်းရွှေ့နိုင်ရန်အတွက် အသင်းအမှုဆောင်တွေနဲ့ ထိပ်တိုက်တွေ့ခဲ့သူဖြစ်သလို သူ့ရဲ့ အသင်းပြောင်းရွှေ့လိုတဲ့ ဆန္ဒကိုလည်း ပွင့်လင်းစွာချပြခဲ့သူပဲဖြစ်ပါတယ်။

မာတီနက်ဇ် က အပြောင်းရွှေ့နဲ့ပက်သက်လို့ “ကျွန်တော်မန်ယူနိုက်တဒ်ကို ရွေးချယ်ခဲ့တာက ရှင်းပါတယ်။ ဒီအသင်းက ကမ္ဘာ့အကောင်းဆုံးအသင်းမလို့ပါပဲ၊ကျွန်တော့်အတွက် အသင်းရွေးချယ်မှုပြုလုပ်ရတာက ရိုးရှင်းလွယ်ကူခဲ့ပါတယ်၊မန်ယူနိုက်တဒ် က ကမ္ဘာ့အကောင်းဆုံးအသင်းပဲလေ ကျွန်တော်ဒီကိုလာဖို့ပဲရွေးချယ်ရုံ ရှိတာပေါ့။ပွဲစဉ်တိုင်းမှာ ပရိတ်သတ်တစ်ယောက်ချင်းစီရဲ့ အားပေးမှုကို ခများ ခံစားနိုင်ပါတယ်၊ဒီလိုအသင်းကြီးမှာ ကစားဖို့ဆိုတာက ကျွန်တော့်ငယ်ဘဝထဲက အိမ်မက်ပါပဲ။လူတိုင်းက မန်ယူနိုက်တဒ် အသင်းဟာ ဘယ်လောက်ကြီးမားတဲ့ ကလပ်လည်းဆိုတာသိပါတယ်၊သူတို့ရဲ့ လက်ရှိအခြေအနေကို ဖယ်လိုက်ရင်တောင် ဖြစ်တည်ခဲ့တဲ့သမိုင်းအရ သူတို့ဟာ တကယ်ကို အကောင်းဆုံး အသင်းပါပဲ”လို့ဆိုပါတယ်။

ဆက်လက်ပြီး မာတီနက်ဇ် က “ဒီလိုကလပ်အသင်းကြီးမှာ နည်းပြ နဲ့ ပြန်ပြီးလက်တွဲခွင့်ရတာက တကယ့်ကိုဂုဏ်ယူဖို့ကောင်းပါတယ်။ဒီအခိုက်တံ့ကို ပိုင်ဆိုင်နိုင်ဖို့ ကျွန်တော့်ဘဝတစ်ခုလုံး ကြိုးစားခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ ကျွန်တော်ရောက်နေတဲ့ နေရာကနေ ပိုပြီးဝေးဝေး သွားနိုင်ဖို့ ထပ်မံကြိုးစားဦးမှာပါ။”

” ကျွန်တော့်ကစားသမားဘဝ မှာ အောင်မြင်တဲ့အသင်းတွေနဲ့သာ လက်တွဲခဲ့ရတာက ထူးခြားမှုတစ်ခုဖြစ်ပြီး မန်ယူနိုက်တဒ်မှာလည်း ကျွန်တော့်ရဲ့ အောင်မြင်မှုတွေ ဆက်ရှိနေဖို့ ကြိုးစားသွားပါမယ်။အထူးသဖြင့် ကျွန်တော်တို့ ပရီးမီးယားလိဂ် ရဖို့ဆိုရင်အလှမ်းဝေးနေသေးပေမယ့် နည်းပြအဖွဲ့၊ကစားသမားအစုဖွဲ့ တွေကြားက ကောင်းမွန်တဲ့ ပေါင်းစည်းမှုက အောင်မြင်မှုပန်းတိုင်တွေဆီ ဆွတ်ခူးပေးနိုင်မယ်ဆိုတာ အသေချာပါပဲ”လို့ဆိုပါတယ်။