အာဆင်နယ် နဲ့ ပွဲမှာ ဝေဖန်သံတွေကို နှုတ်ဆိတ်စေခဲ့တဲ့ ခရစ်တီယာနို ရော်နယ်ဒို

Posted on

အာဆင်နယ် နဲ့ ပွဲထွက်လူစာရင်းမှ ရော်နယ်ဒို ကို မတွေ့ရတော့ အနည်းငယ် အံအားသင့်မိကြောင်းတော့ ဝန်ခံပါရစေ၊ သူ့အတွက်တကယ်ပဲ နေရာမရှိတာ ဒါမှမဟုတ် သူဟာ ပြန်လာနိုင်ဖို့ခက်ခဲသွားတာ မေးခွန်းများစွာဟာ ရင်ဝကို လာစောင့်တဲ့ ခပ်ပြင်းပြင်းထိုးချက်တစ်ချက်လို အောင့် သွားတာတော့အသေချာ၊သူဟာ အသက် (၃၈)နှစ်ပြည့်တော့မယ့်သူ၊

နွေမှာ အပြောင်းရွှေ့အသံတွေဆူညံခဲ့လို့ ပရိတ်သတ် နဲ့ နည်းပြအဖွဲ့ကငြိုငြင်ခံခဲ့ရသူ ဒါပေမယ့် သူဟာ ရော်နယ်ဒိုပဲ မဟုတ်လား သူ့အတွက် ဒီအသင်းဟာ စစ်မှန်သော အောင်မြေဖြစ်ခဲ့ဖူးသလို ဒီတစ်ကြိမ်ရော သူဘာလို့ ကျဆုံးသွားရမှာလည်းဆိုတဲ့ အဖြေကို ကိုယ်တိုင်ထုတ်ရင်းနဲ့ပဲ ပွဲထဲ စီးမျောလာလိုက်တာ မိနစ်(၆၀)ဝန်းကျင်မှာတော့ ဆရာသမားဟာ အန်တိုနီ နဲ့ အလဲလှယ်လုပ်ပြီး ဝင်ရောက်လာပါတော့တယ်။

ရော်နယ်ဒို ဝင်ရောက်လာချိန် ဟာ အာဆင်နယ် ရဲ့ ဖိအားပေးမှုခံနေရပြီး အပြင်းထန်ခုခံနေရချိန်ဖြစ်သလို မမျှော်လင့်တဲ့ ချေပဂိုးလည်းပေးလိုက်ရတော့ ဒါတွေဟာ (၃၈)နှစ်သား ကစားသမားကြီးကြောင့် စွပ်ဆွဲချင်သူတွေ ထွက်ပေါ်လာတာပါပဲ။

အထူးသဖြင့် ရော်နယ်ဒို ဟာ High Press မလုပ်နိုင်ဘူး၊ပြေးအားမရှိတော့ဘူးဆိုတဲ့ လွန်ကဲတဲ့တောင်းဆိုမှုတွေဟာ ကိုယ်တိုင်မဖြစ်ရခြင်းတွေကို မစားရတဲ့အသားသဲနဲ့ပက်တဲ့ မနာလိုခြင်းလို့ အမည်တပ်လို့ရပါရဲ့လား ဒါပေမယ့်လည်း ရော်နယ်ဒို ကတော့ သူ့ရဲ့ မာန်၊သူ့ရဲ့ ဟန် အတိုင်းပဲ ခပ်ပြင်းပြင်း ပေါက်ကွဲပြခဲ့ပြီး အာဆင်နယ် ရဲ့ ခံစစ်ကို စက္ကန့်ပိုင်း အတွင်း အာရုံပျက်သွားအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ယူနိုက်တဒ် ရရှိခဲ့တဲ့ အနိုင်ဂိုး နဲ့ ပွဲသိမ်းဂိုး ဟာ ရော်နယ်ဒိုထံက မြစ်ဖျားခံခဲ့သလို တစ်ပွဲလုံး press မလုပ်ခံရလို့ စိတ်လက်သက်သာစွာ လူပေးနေတဲ့ ရမ်းစ်ဒေးလ် တစ်ယောက် ပြာပြာယာယာဖြစ်သွားရတဲ့ လူမှားပေးခြင်းကလည်း ရော်နယ်ဒို ရဲ့ ဖိအားပေးခြင်းကြောင့်ပဲ ရရှိခဲ့တာပါ။

ဘရူနို သာ တစ်စက္ကန့်လောက် စောခဲ့ရင် ဒါမှမဟုတ် ဘေးကိုချိုးပေးခဲ့ရင် “suiiiiii” ဆိုတဲ့ အသံတွေ အိမ်မက်ပြဇာတ်ရုံကြီးမှာ ဝေဆာနေမှာ အသေချာ။ ရော်နယ်ဒို ပါဝင်လာတဲ့နောက် ဒဟေးယား ကန်တင်သမျှ က အလုပ်ပြန်ဖြစ်လာပြီး ပွဲသိမ်းခံနီးမှာ ဖရဒ် နဲ့ ဘရူနို အပေးယူကနေ နောက်တစ်ဂိုးရဖို့နီးစပ်ခဲ့တာက ရော်နယ်ဒို ရဲ့ ခေါင်းတိုက်ချပေးမှုကနေ အစပြုခဲ့တာပါ။ရော်နယ်ဒို ဟာ (၃၈)နှစ်ပြည့်တော့မှာမလို့ သူ့ရဲ့စွမ်းဆောင်ရည်တွေကယခင်လို မျှော်လင့်လို့မရတော့ရင်တောင် သူဟာ ပရိတ်သတ်ကို စိတ်ပျက်စေမယ့်သူ မဟုတ်သလို ဒီရာသီမှာ သေချာပေါက် သွင်းဂိုးတွေနဲ့ ပြန်လာနိုင်မယ်ဆိုတာ အသေချာပါပဲ။
ViVa RONALDO