ဒီဂျောင် နဲ့ ရာဘီယော့ အပါဝင် မန်ယူနိုက်တဒ်ရဲ့ မနက်ခင်းသတင်းများ

Posted on

ဒီဂျောင် နဲ့ ရာဘီယော့ အပါဝင် မန်ယူနိုက်တဒ်ရဲ့ မနက်ခင်းသတင်းများ

မန်ယူနိုက်တဒ် အသင်းဟာ ဖရန်ကီဒီဂျောင် ကို ယခုတစ်ပတ်အတွင်းခေါ်ယူနိုင်ရန်အပြင်းထန်ကြိုးပမ်းနေပြီး ကစားသမားထံ ပိုမိုမြင့်မားတဲ့ လုပ်ခလစာငွေအပြင် ဘာစီလိုနာထံကျန်ရှိတဲ့ကြွေးကျန်ကိုပါ ဖြေရှင်းပေးဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

ဖရန်ကီ ရဲ့ အေးဂျင့်ကတဆင့် ထပ်မံဆက်သွယ်မှုတွေ ပြုလုပ်ထားပြီး ယူနိုက်တဒ် ရဲ့ နောက်ဆုံးကမ်းလှမ်းမှုလည်းဖြစ်လာမယ့် အဆိုပါစာချုပ်အတွင်း တစ်ပတ်လုပ်ခ ပေါင်(၃၅၀၀၀၀)အထိပေးချေမယ့် မြင့်မားတဲ့ လုပ်ခလစာပါဝင်တယ်လို့ သိရပါတယ်။ဘာစီလိုနာ နဲ့ မူလသဘောတူညီမှုဖြစ်တဲ့ ယူရို(၈၅)သန်းကို ပေးချေရန် သဘောတူညီထားပြီး ကစားသမားရဲ့ မီးစိမ်းပြမှုသာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။

ရာဘီယော့ နဲ့ ပက်သက်တဲ့ သတင်းတွေကတော့ ခပ်စိတ်စိတ်ထွက်ပေါ်လာပြီး ယမန်နေ့ညကတော့ ယူဗင်းတပ်စ် ရဲ့ ဆီးရီးအေ ပွဲကို ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်ခဲ့ပါတယ်။သို့သော်လည်း ရာဘီယော့ ဟာ ပရိတ်သတ်တစ်ယောက်နဲ့ တွေ့ဆုံစဉ် အင်္ဂလန်ကိုပြောင်းရွှေ့မှာဖြစ်တယ်လို့ ပြောဆိုခဲ့တဲ့ video ပေါက်ကြားလာတာကြောင့် အပြောင်းရွှေ့ကအလျှင်အမြန်ဖြစ်ပေါ် လာနိုင်တယ်လို့ယူဆလို့ရပါတယ်။

ရာဘီယော့ အမေ နဲ့ ယူနိုက်တဒ် အားကစားဒရိုက်တာ မော့တော့ဂျ် တို့ရဲ့တွေ့ဆုံမှုအတွင်း တစ်နှစ်လုပ်ခ အသားတင် ယူရို(၉)သန်း နဲ့ သဘောတူညီထားပြီး ယူဗင်းတပ်စ် အသင်းကတော့ ယူရို(၁၈)သန်းနဲ့ ရောင်းချဖို့ ယူနိုက်တဒ် နဲ့ သဘောတူညီမှု ရယူထားနိုင်ပါတယ်။

ယူနိုက်တဒ် အသင်းဟာ အက်သလက်တီကို ရဲ့ CAM/SS အဖြစ် ကစားနေတဲ့ မားသီးယက်စ် ကူဟွာ ကို ခေါ်ယူရန်ကြိုးစားနေတယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။ ရော်နယ်ဒို ရဲ့ မတည်ငြိမ်တဲ့ အပြောင်းရွှေ့ဂယက်ကြောင့် တန်ဟဂ် က တိုက်စစ်မှုးအသစ်ရှာဖွေနေပြီး ကူဟွာ က ကွင်းလယ်တိုက်စစ် ကနေ နောက်ချန်တိုက်စစ် ဒါမှမဟုတ် false9 အဖြစ် ကစားနိုင်သူဖြစ်တာကြောင့် စိတ်ဝင်စားနေတာပဲဖြစ်ပါတယ်။

အေတီကိုအသင်းက ယူရို(၄၂)သန်းဝန်းကျင်အလိုရှိနေပြီး ယူနိုက်တဒ်စာ အမှန်တကယ် ခေါ်ယူရန်ကြိုးစားမယ်ဆိုရင် အလွယ်တကူ ရရှိနိုင်တဲ့ ကစားသမားလည်းဖြစ်ပါတယ်။ဆီမြွန်နီ လက်အောက်မှာ ကစားနေတာမလို့ pressing ကောင်းသလို ယူနိုက်တဒ် တိုက်စစ်ပိုင်းမှာမတူညီတဲ့ရွေးချယ်စရာတွေကို သယ်ဆောင်လာမယ့်ကစားသမားလည်းဖြစ်ပါတယ်။