ပရီးမီးယားလိဂ်ပွဲဦးထွက် ပွဲစဉ်ကအတိုင်း တစ်ထပ်တည်းကျအောင် စွမ်းဆောင်ပြခဲ့တဲ့ ရပ်ဖို့ဒ်

Posted on

ပရီးမီးယားလိဂ်ပွဲဦးထွက် ပွဲစဉ်ကအတိုင်း တစ်ထပ်တည်း စွမ်းဆောင်ပြခဲ့တဲ့ ရပ်ဖို့ဒ်

ယူနိုက်တက်အသင်းဟာ အာဆင်နယ်ကို အိုးထရက်ဖို့ဒ်မှာ ဧည့်ခံစားခဲ့ရမှာ ရပ်ရှ်ဖို့ဒ်ရဲ့ 2 goals+1 assist အန်တိုနီရဲ့ ပွဲဦးထွက်သွင်းဂိုးနဲ့အတူ နိုင်ပွဲဆက်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ နောက်ဆုံး(၄)ပွဲဆက်တိုက်ထိ နိုင်ပွဲဆက်နေတဲ့ ယူနိုက်တက် အမှတ်ပေးဇယားထိပ်က အာဆင်နယ်နဲ့ (၃)မှတ်သာ ကွာဟနေပါတော့တယ်။

ဒီကနေ့ပွဲမှာ ထူးရှယ် ခြေစွမ်းပြခဲ့တာကတော့ တိုက်စစ်မှုး မားကပ်စ်ရပ်ဖို့ဒ်ဖြစ်ပြီး သေချာတဲ့အဆုံးသတ်မှု ၂ ဂိုးနဲ့အတူ အန်တိုနီရဲ့သွင်းဂိုးကိုလည်း ဖန်တီးပေးခဲ့ပါတယ်။ ဒါကြောင့်လည်း အဆိုပါပွဲရဲ့ MOTM ဆုကို အင်္ဂလန်တိုက်စစ်မှုးက ရရှိခဲ့ပါတယ်။

ရပ်ဖို့ဒ်ဟာ  ယူနိုက်တက်နဲ့အတူ စတင်ပွဲထွက်တဲ့ပွဲမှာလည်း အာဆင်နယ်အသင်းကို ကောင်းကောင်းကြီး ဒုက္ခပေးခဲ့ပါတယ်။ မားကပ်စ်ရက်ရှ်ဖို့ဒ်ရဲ့ ပရီးမီးယားလိဂ် ပထမဆုံး ကစားခွင့်ရတဲ့ပွဲက အာဆင်နယ်နဲ့ဖြစ်ပြီး ၂၀၁၆ ဖေဖော်ဝါရီ ၂၈ အိုးလ်ထရက်ဖို့ဒ်ပွဲစဉ်ပါ။အဆိုပါပွဲမှာ ယူနိုက်တက်က ၃-၂ နဲ့ အနိုင်ရခဲ့ပြီး ရက်ရှ်ဖို့ဒ်က ၂ ဂိုးသွင်းသလို အန်ဒါဟာရဲရားရဲ့ အနိုင်ဂိုးကိုလည်း သူပဲ ဖန်တီးပေးခဲ့တာပါ။

၆ နှစ်ကျော်အကြာမှာတော့ သူဟာ ဂန်းနားတွေဘက်ကို ၂ ဂိုးထပ်သွင်းခဲ့ပြီး အန်တိုနီရဲ့ ပရီးမီးယားလိဂ် အဖွင့်ဂိုးကိုလည်း ဖန်တီးပေးခဲ့ပါတာကြောင့် ဂန်းနားတွေအတွက်တော့ ရက်ရှ်ဖို့ဒ်က တကယ်ကို ထိတ်လန့်စရာကောင်းခဲ့တာအမှန်ပါဘဲ။ပွဲအပြီးမှာတော့ ရပ်ဖို့ဒ်က –

” ဒီနေ့ပွဲဟာ ကျနော်တို့ဘာလဲဆိုတာပြဖို့ ကောင်းမွန်တဲ့စမ်းသပ်မူတခုပါ။ အာဆင်နယ်လိုအသင်းကြီးတသင်းကိုအနိုင်ရလိုက်တာဟာကျနော်တို့ဘာလဲဆိုတာ ပြလိုက်တာပါဘဲ။ သူတို့ကဇယားရဲ့ထိပ်ဆုံးနေရာမှာရပ်တည်နေတဲ့အသင်းတ သင်းပါ။”

“ဒီနေ့ပွဲအတွက်ကျနော်ဂုဏ်ယူပါတယ်။ ပွဲစဉ်တွေထဲကတူညီတဲ့ပွဲ တစ်ခုလို့ ကျွန်တော်ထင်ပါတယ်။ ပထမပိုင်းမှာ နေရာလွတ်တွေ အများကြီးရှိခဲ့ပေမယ့် အဲဒါတွေကို အခွင့်ရေးအဖြစ် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့ဟာ နေရာလွတ်တွေကို အသုံးချနိုင်ခဲ့ပြီး ဒါဟာ ခြားနားမှုကို ဖြစ်စေခဲ့ပါတယ်။” လို့ဆိုပါတယ်။