သံအမတ် ကြီး ဦးကျော်မိုးထွန်း

ပြည်သူ့အစိုးရ ကမ္ဘာအလယ် ရပ်တည်ပိုင်ခွင့်

Posted on

ကုလသမဂ္ဂသည် ကမ္ဘာလုံခြုံရေး နှင့် ငြိမ်းချမ်းသာယာ ဝပြောရေး အတွက် တာဝန်ရှိသည့် ကမ္ဘာ အမြင့်ဆုံး အဖွဲ့အစည်း ဖြစ်သော်လည်း မြန်မာ အရေး နှင့် ပတ်သက်ပြီး ၎င်းတို့၏ တာဝန်ကို ထမ်းဆောင် နိုင်စွမ်း မရှိတော့၍ ဒေသတွင်း အဖွဲ့အစည်း တခု ဖြစ်သည့် အာဆီယံ အပေါ် ပုခုံးပြောင်း ပေးလိုက်သည်မှာ ကြာမြင့်လာပြီ ဖြစ်သည်။

သံအမတ် ကြီး ဦးကျော်မိုးထွန်း

ထို့အတွက် အာဆီယံသည် ခနော်နီ ခနော်နဲ့ ဖြင့် ဝင်ရောက်လာခဲ့ရသည်။ တရုတ်၊ အမေရိကန် တို့သည် အာဆီယံ၏ ကြိုးပမ်းမှု ကို ထောက်ခံကြောင်း အလေးအနက် ပြောကြားခဲ့ကြသော်လည်း စစ်ကောင်စီ အဖို့ ၎င်းတို့ ရေရှည် ရှင်သန်နိုင်ရေးက ပို၍ အရေးကြီးနေ၍ ပေယျာလကန် ပြုကာ မသိချင်ယောင် ဆောင်လာခဲ့ ကြသည်။

ဧပြီ ၂၄ တွင် ပြုလုပ်ခဲ့သည့် အာဆီယံ ထိပ်သီး အစည်းအဝေးတွင် ကိုယ်တိုင် တက်ရောက်ခဲ့သော မင်းအောင် လှိုင်သည် ထိုစဉ်က အခြေအနေများကို ထိန်းချုပ်နိုင်လိမ့်မည်ဟူသော အတွက်အချက်ဖြင့် အာဆီယံ ချပြသော အချက် ငါးချက် ကို သဘောတူခဲ့ခြင်း ဖြစ်သော်လည်း မှန်းချက် နှင့် နှမ်းထွက် မကိုက် ဖြစ်လာ၍ မျက်နှာပြောင် တိုက်ကာ တချက် တလေ ကိုမျှပင် ဟန်ပြ လိုက်လျောနိုင်ခြင်း မရှိတော့ပေ။

အာဆီယံ နှင့် ကုလ အထူး သံတမန် တဦးတလေမှ နိုင်ငံတွင်း ဝင်လာ မခံရဲတော့သည့် အထိ ဖြစ်လာနေသည်။ လက်ရှိတွင် အမျိုးသား ညီညွတ်ရေး အစိုးရမှ ပြည်သူတို့၏ ခုခံစစ်ပွဲ နိုင်ငံ အနှံ့ ဆင်နွှဲတော့မည်ဟု ကမ္ဘာကို ပွင့်လင်းစွာ အသိပေးလိုက်ပြီ ဖြစ်သည်။

အာဆီယံ အထူး သံတမန် ယူဆွတ်
ဂျပန်ရောက်မြန်မာများရဲ့ ”NUG နဲ့ ဦးကျော်မိုးထွန်းထောက်ခံပွဲ”
ဂျပန်ရောက်မြန်မာများရဲ့ ”NUG နဲ့ ဦးကျော်မိုးထွန်းထောက်ခံပွဲ”

ထိုအဆင့်အထိ ရောက်လာရခြင်းသည် ကမ္ဘာမိသားစု ဝင် နိုင်ငံများက လူသားချင်း စာနာထောက်ထားရမည့် အရေးထက် မိမိတို့ ၏ အကျိုးစီးပွား ကိုသာ အဓိက ထား စဉ်းစားပြီး တုန့်နှေးနေခဲ့ကြခြင်း ကြောင့်ပင် ဖြစ်သည်။

ကုလ သည် အံဩဖို့ ကောင်းလောက်အောက် နိုင်ငံတွင်း ဖြစ်ပွားလာနေသော ပြည်သူတို့၏ တွန်းလှန်စစ် အပေါ် မည်သို့မျှ ဝေဖန် ပြောဆိုခြင်း မရှိသေးပေ၊ ဤသည်ကလည်း ကိုယ်စားလှယ် ရွေးချယ်‌ရေး ကော်မတီ၏ ဆုံးဖြတ်ရန် ရှိနေမှု အပေါ် တစုံတရာ သက်ရောက်မှု မရှိစေရန် ထိန်းသိမ်းနေခြင်းလည်း ဖြစ်နိုင်ပေသည်။

အမေရိကန် ဗဟိုဘဏ်ကြီး တွင် ရှိ ဒေါ်လာ တစ်ဘီလီယံသည်လည်း မည်သူ့ထံ လွှဲအပ်ရမည် ဆိုသည် နှင့် ပတ်သက်၍ ကုလ ဆုံးဖြတ်ချက်ကို စောင့်စားနေဟန်ရှိသည်။

Photo: CJ
အီတလီနိုင်ငံရောမမြို့က ”NUG နဲ့ ဦးကျော်မိုးထွန်းထောက်ခံပွဲ”

ထိုအကြောင်းနှင့် ပတ်သက်၍ ကမ္ဘာတဝှမ်း က တလေးတစား ဖတ်ရှုရသော နယူးယောက် တိုင်း သတင်းစာကြီးသည် မြန်မာ စစ်ကောင်စီကို တာလီဘန်တို့ နှင့် တတန်းစားတည်း ထား၍ ရေးသား သတိ ပေးလာခဲ့ပြီ ဖြစ်သည်။

လက်ရှိတွင် ကုလ မှ ချီတုံချတုံ ဖြစ်နေခိုက် မြန်မာတွင် ပြည်တွင်းစစ်ကြီးမှာ တငွေ့ငွေ့ တောက်လောင်လာနေ ပေသည်။ ယင်းနှင့် အတူ ပြည်သူများ အဖို့ နေ့စဉ်လို အကြမ်းဖက် စစ်ကောင်စီ ၏ သတ်ဖြတ်ခြင်းကို ခံနေ ရသည်။ ရွာများကို မီးရှို့ဖျက်ဆီးခြင်း ခံနေရ၍ အဝတ်တထည် ကိုယ်တခု နှင့် တောတောင်များထဲ ထွက်ပြေး ပုန်းရှောင်နေကြရပြီ။

အကြမ်းဖက် စစ်ကောင်စီသည် ၎င်းတို့ကိုယ် ၎င်းတို့ အစိုးရဟုသာ ကြွေးကြော်နေသော်လည်း နိုင်ငံတကာ ကျင့်ဝတ်များကို လိုက်နာထိန်းသိမ်းရမည့် တာဝန် များအား လစ်လျူရှုပြီး သူသတ်၍ ကိုယ်သတ်ရပါသည် ဟု non-state actor များ နှင့် အပြိုင် ကြေးညှိ ပြောဆိုနေကြရသည့် အဆင့်ထိ ထိုးဆင်းသွားခဲ့ရလေသည်။

လက်ရှိတွင် တိုက်ပွဲများသည် ဖြစ်ပွားနေကျ တိုင်းရင်းသား အများဆုံး နေထိုင်သည့် နယ်စပ်ဒေသများမှ သည် ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေး အစရှိသည့် နိုင်ငံ အလယ်ပိုင်း အထိ ကူးစက်လာပြီး ပြင်းထန်လာနေသော တိုက်ပွဲများကြောင့် အိန္ဒိယ ရှိ မီဇိုရမ် ပြည်နယ် သို့ စစ်ဘေးရှောင်များ အလုံးအရင်း နှင့် ဝင်ရောက်လာနေသည့် သတင်းများကလည်း နေ့စဉ်လို ထွက်ပေါ်နေသည်။

ဓါတ်ပုံ – Bloomberg News
Photo: CJ

တိုင်းပြည်စီးပွားရေးသည် ဒေါ်လာဈေး ကျပ် နှစ်ထောင်ကျော်အထိ ထိုးဆင်းလာနေမှု နှင့် အတူ ပျက်ဆီးခြင်း ငါးပါး ဆိုက်နေပြီ ဖြစ်သည်။

ကျေးရွာများကို လုယက် မီးရှို့၊ သံသယ ရှိသူများကို ပစ်ခတ် သတ်ဖြတ်နေကြသဖြင့် ယခင်က မြန်မာရုပ်ရှင် များတွင် မြင်တွေ့နေကျ “ဂျပန် ငပုတွေ လာနေပြီ ဟေ့…. ပြေးကြ” ဆိုသော စကား နေရာတွင် နောင်တချိန် ၌ “စစ်ခွေး တွေ ဝင်လာနေပြီဟေ့….ပြေးကြ ပြေးကြ” ဖြင့် အစားထိုး ရိုက်ကူးလာကြတော့မည် ဖြစ်သည်။ နိုင်ငံ အနှံ့ ချွေးတပ် ဆွဲရန်လည်း ကြံစည်နေပြီ ဆိုသည့် သတင်းများလည်း ထွက်ပေါ်လာနေသည်။

ထိုသို့သော အဖွဲ့ကို ကုလသမဂ္ဂမှ အသိအမှတ်ပြုလိုက်မည်ဆိုလျှင် နိုင်ငံတကာရှိ လူ့အခွင့် အရေး အဖွဲ့များ၊ တက်ကြွ လှုပ်ရှားသူများ နှင့် သတင်း မီဒီယာများက ရစရာ မရှိအောင် ပြောဆိုကြတော့မည်သာ ဖြစ်သည်။ အချို့သော နိုင်ငံများ နှင့် နိုင်ငံတ

အာဏာသိမ်း ခေါင်းဆောင်

ကာ အဖွဲ့အစည်းများဖက်ကလည်း ရိုဟင်ဂျာ ပြဿနာကို ဖြေရှင်းနိုင်ဖို့က ရှိနေသေး၍ လက်ရှိ အာဏာကို ဆုပ်ကိုင်ထားသည့် စစ်တပ်အပေါ် မည်သည့် ပုံစံနှင့် ဆက်ဆံသွားရမည်ကို ဝေခွဲမရ ဖြစ်လာနေပုံလည်း ရသည်။

လက်ရှိတွင် မြန်မာ ပြည်သူ ၅၄ သန်း အဖို့ သေရေး ရှင်ရေး တမျှ အရေးကြီးသော ပြဿနာ နှင့် ရင်ဆိုင်နေ ကြရပြီး ရိုဟင်ဂျာများကလည်း လက်ရှိ စစ်တပ် မှ တိုင်းပြည်ကို ထိန်းချုပ်နေသရွေ့ ၎င်းတို့ အား သတ်ဖြတ် အနိုင်ကျင့် မောင်းထုတ်ခဲ့ကြသူများထံ ပြန်လာရဲကြမည် မဟုတ် ဆိုသည်ကို သိထားမှ ဖြစ်ပေမည်။

နိုင်ငံတော် အတိုင်ပင်ခံ အစိုးရအနေနှင့် ထိုကိစ္စအပေါ် မည်သို့မျှ လှုပ်မရအောင် အစွန်းရောက် မျိုးချစ်များကို နောက်ကွယ်မှ မြှောက်ပင့် ပေးပြီး အနှောက်အယှက် ပေးခဲ့ကြသည်မှာလည်း လက်ရှိ အာဏာသိမ်းထားသူများ ဖြစ်နေသည်ကို သတိမူသင့်သည်။

အမေရိကန် နှင့် ဥရောပ နိုင်ငံများရှိ မြန်မာ နိုင်ငံသား များက မိမိတို့ ပြည်သူများကို ကိုယ်စားပြုသည့် သံအမတ် ကြီး ဦးကျော်မိုးထွန်းအား ရွေးချယ် ပေးရန် တနင်္ဂနွေနေ့က လန်ဒန်၊ အမ်စတာဒမ် အစရှိသည့် မြို့ကြီးများတွင် ကျယ်လောင်စွာ ဆန္ဒ ထုတ်ဖေါ်ခဲ့ကြပြီး ဖြစ်သည်။

သံအမတ် ကြီး ဦးကျော်မိုးထွန်း
သံအမတ် ကြီး ဦးကျော်မိုးထွန်း

နယူးယောက်ရှိ ကုလ ရုံးချုပ်ရှေ့တွင်လည်း စုဝေး ဆန္ဒ ထုတ်ဖေါ်နိုင်ရန် မြန်မာ တို့ ချီတက်လာနေကြပြီလည်း ဖြစ်သည်။

တော်လှန်ရေးကြီး မုချ အောင်ရမည်!!!

Hla Soewai

Leave a Reply

Your email address will not be published. Required fields are marked *