Getty Images

မန်ယူပစ်မှတ် ဂတ်ပိုရဲ့အ​ပြောင်းအ​ရွှေ့နဲ့ပတ်သက်ပြီး အ​ခြေ​နေအမှန်ကို ဝန်ခံသွားတဲ့ PSV ဒါရိုက်တာ

Posted on

မန်ယူနိုက်တဒ်အသင်းရဲ့ စိတ်ဝင်စားခြင်းကို အထူးတလည်ရရှိထားပြီး တန်ဟဂ် နဲ့ တိုက်ရိုက် ဆွေးနွေးမှုတွေ ပြုလုပ်ထားပြီးဖြစ်တဲ့ ဂတ်ပို ကို ပြီးခဲ့တဲ့ နွေမှာ တည်ငြ်ိမ်အောင်ထ်န်းသိမ်းရန်ခက်ခဲခဲ့တယ်လို့ PSVအားကစားဒါရိုက်တာ မာဆယ်ဘရန်းစ် က ဆိုပါတယ်။

Getty Images

ယူနိုက်တဒ် ဟာ တိုက်စစ်ကိုဖြည့်တင်းရန်အတွက် PSV တိုက်စစ်က ဂတ်ပို နဲ့ Ajax တောင်ပံလူ အန်တိုနီ တို့ကို ချိန်ရွယ်ခဲ့ပြီး အဆုံးသတ်မှာ နည်းဗျူဟာပိုင်းအရညာတောင်ပံလ်ိုအပ်ချက်ကြီးမားစွာရှိနေတာကြောင့် အန်တိုနီ ကို ယူရို(၉၅)သန်းနဲ့ ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ်။သို့သော်လည်း ယူနိုက်တဒ် ဟာ ဂတ်ပို ကို နောက်ရာသီမှာခေါ်ယူဖို့ အကြိုသဘောတူညီမှုတချိူ့ ရယူထားတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ယူနိုက်တဒ် ရဲ့ ကမ်းလှမ်းမှုကိုရခဲ့ပြီးနောက်ဘဂတ်ပိုဟာ အသင်းရဲ့အရေးပါတဲ့ ချန်ပီယံလိဂ် အဆုံးဖြတ်ပွဲတွေမှာတောင် ဝင်ရောက်ကစားဖို့ ခက်ခဲခဲ့ပြီး သူ့ကိုတည်ငြိမ်မှုရှိစေဖို့ နည်းပြသစ် ရုဒ်ဗန်နစ္စတရွိုင်းက အတော်လေးအားစိုက်ကြိုးပမ်းခဲ့ရပါတယ်။

Getty Images

အဆိုပါအခြေအနေနဲ့ ပက်သက်ပြီး ဘရန်းစ် က ” ကော်ဒီ(ဂတ်ပို) က မန်ယူနိုက်တဒ် နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ပြီးထဲက ကျွန်တော်တို့အသင်းမှာ လေ့ကျင့်ခန်းပြုလုပ်ဖို့တောင် စည်းရုံးရခက်ခဲသွားပါတယ်။ မန်ယူနိုက်တဒ်ရဲ့ တရားဝင်ကမ်းလှမ်းမှုက ဩဂုတ် လကုန်ခါနီးထိ မရောက်လာမှသာ အခြေအနေတွေက အနည်းငယ် တည်ငြိမ်သွားခဲ့တာပါ။ ကျွန်တော်တို့မှာ ကော်ဒီ နဲ့ ပက်သက်ပြီး ဈေးနှုန်း သဘောတူညီမှု ရယူထားတာရှိပါတယ် ဒါပေမယ့် ပြီးခဲ့တဲ့နွေမှာတော့ သတ်မှတ်ထားတဲ့ပြောင်းရွှေ့ကြေးသာ ရောက်ရှိလာရင်တောင် ကော်ဒီကို မရောင်းချဖို့ ကျွနိတော့်ဖက်ကအစွမ်းကုန်ကြိုးစားခဲ့ပြီး အဆုံးသတ်မှာတော့ ကံကောင်းစွာပဲ ပြောင်းရွှေ့ကြေးကတရားဝင်ရောက်ရှိလာခြင်းမရှိပါဘူး“လ်ို့ဆိုပါတယ်။

ဆက်လက်ပြီး “မန်ယူနိုက်တဒ် က အပြောင်းရွှေ့ဈေးကွက်အစပိုင်းမှာထဲက ကျွန်တော်တို့ကို ချိတ်ဆက်ခဲ့ပြီး ဩဂုတ်လထဲမှာတော့ အခြေအနေက ပိုကောင်းတဲ့ဖက်ကို ဦးတည်လာတာပါ။ ကျွန်တော်တို့အားလုံးလည်း တရားဝင်ကမ်းလှမ်းမှုကို စောင့်ခဲ့ကြပြီး တရက်မှာတော့ အပြောင်းရွှေ့ကတကယ်ဖြစ်ပြီလို့တောင် ထင်ခဲ့ကြတာပါ။ဒါပေမယ့် နောက်ဆုံးမှာတော့ အခြေအနေတွေက ပြောင်းလဲသွားခဲ့တာပါ“လို့ ပြောဆိုခဲ့ပါတယ်။

Getty Images

မန်ယူနိုက်တဒ် ဟာ ဂတ်ပို ကို ခေါ်ယူရန် အလုံးစုံသဘောတူညီမှုရရှိခဲ့ပေမယ့် မဟာဗျူဟာအရ ညာခြမ်းလိုအပ်ချက်မြင့်မားတာကြောင့် အန်တိုနီ ကို ယူရို(၉၅+၅)သန်းနဲ့သာ ခေါ်ယူပေးရန် တန်ဟဂ် က တောင်းဆိုခဲ့တာကြောင့် လာမယ့်နွေမှသာ ကော်ဒီဂတ်ပို ကို ပြန်လည်ခေါ်ယူရန် ကြိုးစားသွားမှာဖြစ်ပါတယ်။