ပရိတ်သတ်တွေမျှော်လင့်မထားတဲ့ ထိပ်သီးဂိုးသွင်းရှင် ဖြစ်လာမယ့်သူကို ပြောပြလိုက်တဲ့ တန်ဟဂ်

Posted on

မန်ယူနိုက်တဒ်အသင်းဟာ ယခုရာသီမှာ တိုက်စစ်ပိုင်းလူအင်အား တောင့်တင်းသော်လည်း သွင်းဂိုးတွေကျဆင်းလျက်ရှိတာကြောင့် မေးခွန်းထုတ်ခံနေရပါတယ်။ သို့သော်လည်း ယူနိုက်တဒ်ဟာ ဖန်တီးမှုအပိုင်းမှာတော့ ထိပ်တန်းအဆင့်ရှိနေပြီး တိုက်စစ်က အဆုံးသတ်စွမ်းရည်ညံဖျင်းနေတာကြောင့်သာ သိသာတဲ့ ထိရောက်မှုမျိုး မရရှိသေးတာသာ ဖြစ်ကြောင်း တန်ဟဂ် က တုံပြန်လိုက်ပါတယ်။ တဆက်ထဲမှာပဲ မားကပ်စ်ရရှ်ဖိုဒ့် က ယခုရာသီမှာ ဂိုး(၂၀+) ရရှိနိုင်တဲ့ ကစားသမားဖြစ်ကြောင်း ဆိုခဲ့ပြီး ပြီးခဲ့တဲ့ Omonia ပွဲကအမှားတွေကို သင်ခန်းစာယူပြီး အကောင်းဆုံး ပြန်လာနိုင်မယ်လို့ယုံကြည်ကြောင်းဆိုပါတယ်။

တန်ဟဂ် က ” ကျွန်တော့်အသင်းသားတွေထဲမှာ ဒီရာသီ သွင်းဂိုး(၂၀)နဲ့အထက်ရရှိနိုင်မယ့် ကစားသမား ရှိတယ်ဆိုတာ ကျွန်တော်ယုံကြည်ပါတယ်။သူတို့အတွက် လွပ်လပ်စွာကစားနိုင်တယ်ဆိုရင် သွင်းဂိုးများစွာသွင်းယူပေးရမယ့် တာဝန်ရယူမှုကို အလွယ်တကူ ယူနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်တော့်အသင်းလူစာရင်းမှာ ဒီဂိုးအရေတွက်ကို ဖြည့်တင်းနိုင်မယ့် သူတွေရှိတယ်ဆိုတာ ယုံပါတယ်။ဒါပေမယ့် ကျွန်တော့်အနေနဲ့သူတို့ကို အုပ်စုတွေခွဲခြားထားရပါတယ် ဘာလို့လည်းဆိုတော့ အသင်းရဲ့နေရာစုံမှာရှိနေတဲ့ ကစားသမားတွေက သွင်းဂိုးတွေ ရယူနိုင်တွေချည်းပဲ စုပြုံနေလို့ပါ။တစ်ခါတစ်ရံ တော့ တိုက်စစ်ထက် ကွင်းလယ် နဲ့ ခံစစ်အဖွဲ့ဆီကလည်း ဂိုးတွေရလာဖို့ မျှော်လင့်ထားပါတယ်”လို့ဆိုပါတယ်။

မားကပ်စ်ရရှ်ဖိုဒ့် နဲ့ ပက်သက်ပြီး”ပြီးခဲ့တဲ့ ပွဲတွေမှာ သူ့ရဲ့ ကစားဟန် က အဆင်ပြေပါတယ် ဒါပေမယ့်လည်း နောက်ဆုံးမှာတော့ သူ့အနေနဲ့ အဆုံးသတ်စွမ်းဆောင်ရည်ပိုင်းမှာလိုအပ်ချက် ရှိနေသေးတယ်ဆိုတာကို ဂရုပြုဖို့လိုတာကို သိထားမိလာပါပြီ။မင်းအနေနဲ့သိပ်ကောင်းတဲ့ရွေ့လျားမှု၊ပေါင်းစပ်တိုက်စစ်ဆင်မှု၊အတိုးအလှုပ် နဲ့ အပိုင်အခွင့်အရေး ရရှိလာပြီဆိုရင် ဒါကို အဆုံးသတ်ပြနိုင်ဖို့လိုပါတယ်။တစ်ခါတစ်ရံတော့ ဒီနေ့က ငါ့နေမဟုတ်ဘူးဆိုတာမျိုး ကစားသမားတိုင်းကြုံရလေ့ရှိလို့ ကျွန်တော် နားလည်ပေးလို့ရပါတယ်။”

” ဒါပေမယ့် နောက်ပွဲမှာတော့ ဒီအခြေအနေကို ကျိမ်းသေတွန်းလှန်ပြစ် ဖို့ လိုပါတယ်၊သူ့အနေနဲ့ အကောင်းဆုံးပုံစံကို ရောက်ရှိနေပြီဖြစ်တာကြောင့် ဒီပုံစံကောင်းကို ဆက်ထိန်းပြီး သွင်းဂိုးတွေရှာဖွေကာ သူ့ရဲ့ ကစားပုံအဆင့်အတန်းကို နောက်တစ်ဆင့်မြှင့်တင်ဖို့လိုပါပြီ။ပြီးခဲ့တဲ့ တနင်္ဂနွေမှာသူ့အတွက် ဂိုးရခဲ့ပေမယ့် ခွင့်မပြုခံခဲ့ရတာက ကံဆိုးမှုဖြစ်ပြီး ဒီပွဲ(Omonia) မှာတော့သူ့အနေနဲ့လိုအပ်ချက်တစ်ချို့ရှိခဲ့ပါတယ် ဒီတော့ နောက်ပွဲမှာတော့ သူ့အတွက် သေချာပေါက် သူ့အတွက် သွင်းဂိုးရရှိဖို့ လိုအပ်နေပါပြီ”လို့သတိပေးခဲ့ပါတယ်။