ဖရဒ်ရဲ့ ဘရာဇီးသား ပြန်လည်ပီသမှုနဲ့အတူ စပါးကို ပညာပေးလိုက်တဲ့ မန်ယူ(ပွဲပြီး သုံးသပ်ချက်)

Posted on

ယူနိုက်တဒ်ရဲ့ ပွဲထွက်လူစာရင်းက နယူးကာဆယ် ကို သရေကျခဲ့တဲ့ပွဲနဲ့ တိုက်စစ်တစ်နေရာမှာသာ ပြောင်းလဲခဲ့ပြီး ရော်နယ်ဒို အစား ရရှ်ဖိုဒ့် ပါဝင်လာပါတယ်။ တန်ဟဂ် ကတော့ ရရှ်ဖိုဒ့် ရှိနေတာက တိုက်စစ် ကို ပိုမိုသွက်လက်စေပြီး တန်ပြန်တိုက်စစ် နဲ့ ဖိအားပေးရာမှာ ထူးခြားကောင်းမွန်စေတာကြောင့်လို့ ပြောဆိုခဲ့ပြီး ပွဲထဲမှာလည်း တကယ်အလုပ်ဖြစ်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ တန်ဟဂ် ရဲ့အသင်းက လျှင်မြန်မှု၊တိကျမှုတွေနဲ့စုဖွဲ့ထားတဲ့အသင်းဖြစ်တာနဲ့အညီ ရော်နယ်ဒို ရဲ့ လေးကွေးလာခြင်း က တိုက်စစ်ပိုင်းရဲ့ အားနည်းချက်ဖြစ်လာတာကို ယနေ့ပွဲမှာပိုပြီးထင်သာမြင်သာ ရှိစေခဲ့ပါတယ်။သို့သော်လည်း ရရှ်ဖိုဒ့် က အထောင်တိုက်စစ်မှုးမဟုတ်သလိုအမြင့်ဘောတွေ အသုံးပြုရာမှာအားနည်းချက် ရှိတာကြောင့် အမြင့်ဘောထိန်းသိမ်းနိုင်ပြီး အဆုံးသတ်/အရွေ့ကောင်းတဲ့ နံပတ်(၉)စစ်စစ် တစ်ယောက်တော့လိုအပ်ပါတယ်။

ယူနိုက်တဒ် က ပွဲအစမှာထဲက တော့တင်ဟမ် ကို တရစပ်ဖိအားပေးကစားခဲ့ပြီး ဒဟေးယား ပြောခဲ့တဲ့နည်းတူ တန်ဟဂ် က first line def ကို high press ကစားစေခဲ့ပါတယ်။ ရရှ်ဖိုဒ့် ကို ဒိုင်ယာ နဲ့ ရိုမဲရိုး ကြား နေရာယူစေပြီး ဆန်ချို ကို half space ထဲကနေ တော့တင်ဟမ် ကွင်းလယ်လူတွေကို လူကပ်စေပါတယ်။ဖရဒ် က ဒီပွဲရဲ့ key ဖြစ်ခဲ့ပြီး သူ့ရဲ့ မနားတမ်းပြေးလွှားနိုင်စွမ်းက တော့တင်ဟမ် ကွင်းလယ်နဲ့ခံစစ်ကို အတော်လေးအလုပ်ရှုတ်စေခဲ့ပါတယ်။

ဘရူနို က ဖရဒ် ရဲ့နောက်ကနေ sec press လိုက်ကပ်စေပြီး ကတ်စမဲရိုး-ဗာရန်း-မာတီနက်ဇ် အတွဲက ကွင်းလယ်ထိတက်ထောက်ကာ ကိန်း-ဆွန် အတွဲကို ခပ်ကြမ်းကြမ်းဟန့်တားထားကာ ကွန်တီ ရဲ့ တန်ပြန်တိုက်စစ် အဆင့်ဆင့်ပိတ်ဆို့ထားတဲ့ ခံစစ်နဲ့ကာကွယ်ထားပါတယ်။ဒီနေ့ပွဲမှာ ဖရဒ် အပြင် off the ball movement ကောင်းလွန်းခဲ့သူက ဆန်ချို ဖြစ်ပြီး half-space ကို တာဝန်ယူထားပေမယ့် သူ့ရဲ့ LW ကိုလည်း အချိန်မှီဆင်းကူနိုင်သလို ယခင်ပွဲတွေမှာ မမြင်တွေ့ခဲ့ရတဲ့ လုပ်အားနှုန်း နဲ့ ခြေစွမ်းကို ပြသနိုင်ခဲ့ပါတယ်။

တော့တင်ဟမ် အနေနဲ့ ဒီပွဲမှာ တန်ဟဂ် ရဲ့ မဟာဗျူဟာကိုထိုးဖောက်ဖို့ နည်းဗျူဟာမြောက် ကစားကွက်ဖန်တီးမှု မရှိခဲ့သလို တစ်ဦးချင်းစွမ်းဆောင်ရည်အပေါ်သာ အလွန်မကျွံမှီခိုပြီး ကစားခဲ့တာကြောင့်လည်း ကိန်း-ဆွန် အတွဲ lock လုပ်ခံလိုက်ရချိန်မှာတော့ ရေမြွေဖြစ်သွားရတာပဲ ဖြစ်ပါတယ်။ ယူနိုက်တဒ်က ပထမပိုင်းမှာတင် ကန်သွင်းချက်အကြိမ်(၂၀)ထိရခဲ့ပြီး ဟူဂိုလိုရစ် ကောင်းလွန်းနေတာကြောင့်သာ ခံသာ ခဲ့တာပဲ ဖြစ်ပါတယ်။

ရရှ်ဖိုဒ့် ရဲ့ ကန်ချက်အများစုကို တားဆီးနိုင်ခဲ့တာက အံအားသင့်စရာလမ်းစွမ်းလို့ အမည်တပ်လို့ရသလို ရှော ရဲ့ မြေမကျကန်ချက်ကို ဟန့်တားခဲ့တာက ဒီရာသီရဲ့ အလှပဆုံး ကာကွယ်မှုလို့အမည်တပ်လို့ရနိုင်ပါတယ်။သို့သော်လည်း ယခင်ပွဲတွေက ကံခေခဲ့တဲ့ ယူနိုက်တဒ် ရဲ့ လုပ်အားနှုန်းက ပိုကောင်းလာသလို ဂိုးသွင်းခွင့်တွေလည်း ပိုမိုဖန်တီးနိုင်လာတဲ့နောက် ဖရဒ် နဲ့ ဘရူနို က တစ်ဂိုးစီသွင်းယူကာ တော့တင်ဟမ် နဲ့ ကွန်တီ ကို ခြောက်ခြားစရာအိမ်မက်ဆိုးတွေ ပေးစွမ်းနိုင်ခဲ့ပါတယ်။