ပရိသတ်အချစ်တော် ဂန္တဝင်ကစားသမားကိုမှ အသင်းမှာ မရှိသင့်တော့ဘူးလို့ ဒဲ့ပြောလိုက်တဲ့ ရွန်းနီ

Posted on

ယူနိုက်တဒ် ဂန္နဝင်ကစားသမားကြီး ဝိန်းရွန်းနီ က လက်ရှိအသင်းရဲ့ ဝါရင့်ကစားသမားတစ်ဦးဖြစ်သလို တချိန်ကတွဲဘက်အဖြစ်လည်း ကစားခဲ့ဖူးတဲ့ ဒေးဗစ်ဒဟေးယား ကို အသင်းမှာ မရှိသင့်တော့ကြောင်း ဝေဖန်လိုက်ပါတယ်။

ရွန်းနီ က သူကိုယ်တိုင်လည်း တိုက်စစ်ကို အနောက်ကနေစတင်ရတာမျိုးကို ကြိုက်နှစ်သက်သူဖြစ်တာကြောင့် သူ့ရဲ့ ဂိုးသမား ဟာ ဘောလုံးဖြန့်ဝေမှုအားကောင်းရန်လိုပြီး ပြိုင်ဘက်ရဲ့ တန်ပြန်တိုက်စစ်တွေကို အရှေ့ထိတက်ရှင်းနိုင်ဖို့လိုတယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့ တန်ဟဂ် နဲ့ တူညီတဲ့နည်းစနစ်ကိုသာ အသုံးပြုတဲ့ နည်းပြ ဖြစ်လို့ လက်ရှိ ယူနိုက်တဒ်ရဲ့ ခေတ်ဟောင်းဂိုးပေါက်ကာကွယ်သူ ဖြစ်တဲ့ ဒဟေးယား ဟာ မော်ဒန်ခေတ်မှာ အံမဝင်ကြောင်း ဝေဖန်ခဲ့တာပဲ ဖြစ်ပါတယ်။

ဝိန်းရွန်းနီက ” ဒေးဗစ်(ဒဟေးယား) က သိပ်ကောင်းတဲ့ ဂိုးသမားဖြစ်ပြီး သူ့ခြေထောက်တွေက ဂိုးပေါက်ကာကွယ်တဲ့နေရာမှာဆို ပိုပြီးထူးခြားပါတယ်။ဒါပေမယ့် သူက ပြိုင်ဘက်ကို ဖိဖိစီးစီး ကစားနေတဲ့ အသင်းမျိုးမှာ ကိုယ့်အသင်းအတွက် ဘောလုံးပိုင်ဆိုင်မှုပိုရအောင် ပြုလုပ်ပေးနိုင်တဲ့ အလီဆန်၊အီဒါဆင် တို့လို ဂိုးသမားမျိုးတော့ မဟုတ်ပါဘူး။”

” ကျွန်တော် နဲ့ အဲရခ်တန်ဟဂ် လို နည်းပြမျိုးတွေက အသင်းရဲ့ တိုက်စစ်/ကစားကွက်ကို အနောက်ကနေ စတင်ရတာ ကြိုက်တဲ့သူမျိုးတွေပါ ဒါက ဒေးဗစ် အတွက်တော့ ပုံမှန်မဟုတ်တဲ့ စိန်ခေါ်မှု ဖြစ်လာစေပါတယ်။အသင်းအနေနဲ့ ဒီလိုအနေထားမှာ အတိတ်မှာပိတ်မိမနေပဲ ရှေ့ဆက်ဖို့လိုပြီး ကစားသမားအသစ် ခေါ်ယူတဲ့နေရာမှာ အသင်းရဲ့ နည်းစနစ်၊နည်းပြရဲ့လိုအပ်ချက်/တောင်းဆိုမှု နဲ့ ကိုက်ညီတဲ့ ကစားသမားမျိုးကို ခေါ်ယူပေးဖို့လိုပါတယ်”လို့ဆိုပါတယ်။

အဲရခ်တန်ဟဂ် နဲ့ ပက်သက်ပြီး ဝိန်းရွန်းနီ က “ကျွန်တော်တို့အနေနဲ့ အဲရခ်ရဲ့ ခေတ်က အခုမှ စတယ်ဆိုတာ နားလည်ထားဖို့အရေးကြီးပါတယ်။သူ့အနေနဲ့ အသင်းမှာရှိတဲ့ပြသနာတွေကို ဆန်းစစ်အဖြေရှာနိုင်ဖို့ အချိန်တစ်ခုလိုအပ်ပြီး ဒီမှာ နေသားကျလာတာနဲ့အမျှ အသင်းရဲ့ အားနည်းချက်တွေကို ရှာဖွေလာနိုင်ပါလိမ့်မယ်။”

” သူကအခု ကစားသမားအားလုံးကို အခွင့်အရေး ပေးထားပြီး သူတို့ရဲ့ အခြေအနေကို စောင့်ကြည့်တဲ့ အနေထားမှာပဲ ရှိပါသေးတယ်။ဒါပေမယ့် သူ့အနေနဲ့ တချို့သော အချက်တွေကိုတော့ ခပ်မြန်မြန်ပြောင်းလဲပစ်ဖို့ လိုနေပြီး အထူးသဖြင့် လီဗာပူးလ် နဲ့ ကစာမယ့် ပွဲမျိုးမှာ ပြိုင်ဘက်ကို ရင်ဆိုင်နိုင်ဖို့ ကြိုတင်ပြင်ဆင်ထားဖို့လိုပါမယ်။လီဗာပူးလ် ကို အကောင်းဆုံး တုံပြန်နိုင်ခဲ့ရင် ရလာဒ်အရအရေးနိမ့်ခဲ့ရင်တောင် ပရိတ်သတ်တွေကတော့ ဒါကို လက်သင့်ခံနိုင်မှာပါ”လို့ ဆိုခဲ့ပါတယ်။