အသင်းရဲ့တိုးတက်မှုမှာ ကစားသမားသစ်တဦးက အဓိကသော့ချက်ဖြစ်ခဲ့တယ်ဆိုတဲ့ ပေါလ်စခိုးလ်

Posted on

မန်ယူနိုက်တဒ်အသင်းရဲဘ လက်ရှိ တိုးတက်မှုတွေထဲမှာ အဲရခ်ဆင် ရဲ့ အခန်း က အခရာကျပြီး ဒိန်းမတ်သားဟာ တန်ဟဂ် အတွက် နည်းစနစ်ပုံဖော်သူ၊နည်းဗျူဟာပိုင်း ဦးဆောင်သူ အဖြစ် ဆော့ကစားလျက်ရှိပါတယ်။ယူနိုက်တဒ် ရဲ့ ကစားကွက်အခင်းအကျင်း နဲ့ တန်ပို အတင်/အချ အတွက် ကာရစ် နောက်ပိုင်းမှာ တည်ငြိမ်ပြီး တိကျစွာပေးပို့ နိုင်တဲ့ ကစားသမား မရှိတော့တာကြောင့် ဗဟိုကွင်းလယ်ဟန်ချက် ပျက်ယွင်းပြီး တိုက်စစ်-ခံစစ် ကြားက မျှချေဟာလည်း ယိုယွင်းသွားခဲ့ရပါတယ်။

နည်းပြအဆက်ဆက် မပြုပြင်နိုင်ခဲ့တဲ့ ကွင်းလယ် အတွက် တန်ဟဂ် က ခပ်မြန်မြန်ပဲ အဖြေရှာဖွေပေးခဲ့ပြီး အဲရခ်ဆင် ကို ဘရန်းဖိုဒ့် ကနေ အလွတ် နဲ့ ခေါ်ယူကာ လက်ရှိအချိန်မှာတော့ ဒိန်းမတ် သားက အသင်းရဲ့ အဓိက ကွင်းလယ်ကစားသမားအဖြစ် အသုံးတော်ခံနေပြီပဲ ဖြစ်ပါတယ်။

အဲရခ်ဆင် နဲ့ ပက်သက်ပြီး ပေါလ်စခိုးလ်က “သူ(အဲရခ်ဆင်) ဘောလုံးကိုင်ထားရင် ဒီဘောလုံးဘယ်ကိုရောက်လာမယ်ဆိုတာ တိုက်စစ်မှုး တိုင်းသိပါတယ်။တိုက်စစ်မှုးတွေအနေနဲ့ သူတို့ရဲ့ကွင်းလယ်လူက ဘောလုံးလမ်းကြောင်းမျှောချပေးရာမှာ သူတို့ထက်ပိုပြီး အတိကျ သိရှိတယ်ဆိုတာ နားလည်နေတာက တကယ်ကို ကောင်းမွန်စေပါတယ်။သူကအချိန်ပြည့် ကွင်းကို လိုက်လံစစ်ဆေးနေပြီး ဘယ်အချိန်မှာ ဘယ်သူ့ကို ပေးရမလည်းဆိုတာ အမြဲတွက်ဆနေသူမျိုးပါ။တိုက်စစ်မှုးတိုင်းက သူ့ဆီကနေ ဘောလုံးအချိန်မရွေး ရောက်ရှိလာမယ်ဆိုတာ သေချာပေါက်သိပါတယ်”လို့ဆိုပါတယ်။

ဆက်လက်ပြီး စခိုးလ်က ” ကျွန်တော့် အနေနဲ့ နံပတ်(၁၀) တစ်ယောက် ဒါမှမဟုတ် တောင်ပံလူကောင်းကောင်းတစ်ယောက်မရှိပဲ အသင်းကို ဘယ်လိုလည်ပတ်စေမလည်းဆိုတာ ပြောရခက်ပါတယ်။ဘာကြောင့်လည်းဆိုတော့ ဒီနေရာတွေမှာ ကစားသမားကောင်းတွေ မရှိရင် မမြဲတမ်းနာက်ပြန်ပေးတဲ့ ကိစ္စတွေကဖြစ်နေမှာပါပဲ။”

” ကစားသမားတွေက ပြိုင်ဖက် ဂိုးကို ကျောပေးထားလေ ဘောလုံးက အနောက်ကိုပိုရောက်လေ ဖြစ်ပြီး အချိန်ကုန်တာပဲ အဖတ်တင်ပါလိမ့်မယ်။ဘရူနို ကို ကြည့်လိုက်ပါ သူက ကွင်းလယ်ကနေ ပြေးတက်သွားပြီး ပြိုင်ဘက်နောက်တန်းလေးယောက်ကြားမှာ နေရာလွတ်တွေ ရှာဖွေတဲ့နေရာသိပ်ထူးချွန်ပါတယ် ဒါပေမယ့် သူ့ကို ရှာဖွေနိုင်ပြီး ပေးပို့နိုင်မယ့် ကစားသမားတော့လိုပါတယ်။ဒီနေရာအတွက် ခရစ်တီယန်အဲရခ်ဆင် ကသာ အသင့်တော်ဆုံး ပါပဲ”လို့ဆိုပါတယ်။