epa09560298 Manchester United's Cristiano Ronaldo (L) scores the 1-1 equalizer during the UEFA Champions League group F soccer match between Atalanta BC and Manchester United at the Gewiss stadium in Bergamo, Italy, 02 November 2021. EPA-EFE/PAOLO MAGNI

ရော်နယ်ဒို ခေတ် မကုန်သေးဘူးဆိုတာ ပြသနေတဲ့ ပွဲ (၃)ပွဲ

Posted on

ရော်နယ်ဒို ပြီးဆုံးသွားပြီ ဆိုတဲ့အသံတွေ ကမ္ဘာကြီးမှာ ပဲ့တင်ထပ်နေခဲ့ပြီ၊ ဘယ်အသင်းကိုမဆို ဘယ်လိုခံစစ်ကိုမဆို မည်သို့သော်နည်းပြကိုမဆို ရိုက်ချိုးကျော်ဖြတ်ပြီး အသစ်သစ်သောစံချိန်တွေ တင်ခဲ့သူဟာ အသက် (၃၇)ကို ကျော်လာချိန်မှာတော့ ကစားသမားဘဝ ရဲ့ ပထမဆုံးသော နောက်ပြန်ကျခြင်းကို ကြုံတွေ့လာရပြီပဲ ဖြစ်ပါတယ်။လူတိုင်း အိုနာ ခြင်းနဲ့ မလွဲမသွေကြုံရသလို ရော်နယ်ဒို ဟာ လည်း မည်သို့ပင် ကြိုးစားစေကာမူ ဇရာ ရဲ့ ပညာခြင်းကို ရင်ဆိုင်လာရတဲ့နောက် စိတ်သွားတိုင်း ကိုယ် မပါတော့ခြင်းတွေမှာ အားမလိုအားမရ ဖြစ်ခြင်းနဲ့အတူ စိတ်ပိုင်းဆိုင်ရာ ကျဆင်းခြင်းကိုပါ ပူးတွဲ ခံစားလာရပါတယ်။လူသားဆန်မှု ရဲ့ ပြယုဂ် ဖြစ်တာကြောင့် သူ့ရဲ့ကျဆုံးခြင်းဟာ ကာကွယ်ခြင်းတွေ မလိုအပ်ပေမယ့် သူဟာ (၃၇)မှာ ကစားသမားဘဝဆုံးသွားခြင်းမရှိသေးကြောင်းတော့ ပြီးခဲ့တဲ့ရာသီကစားခဲ့တဲ့ ပွဲ(၃)ပွဲက သက်သေပြနေပါသေးတယ်။

ယူနိုက်တဒ် ၃-၂ အက်တလန်တာ

ဒီပွဲဟာ ယူနိုက်တဒ် အတွက်ရော ချန်ပီယံလိဂ်ပြိုင်ပွဲအတွက်ပါ ခမ်းနားတဲ့သမိုင်းဝင် ပြန်လာခြင်းပွဲတစ်ပွဲဖြစ်သလို ရော်နယ်ဒို အတွက်လည်း အိမ်ပြန်လမ်းဟာ ပန်းတွေဝေခဲ့ခြင်းဖြစ်ခဲ့ပါတယ်။ပထမပိုင်း နှစ်ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ ယူနိုက်တဒ် ဟာ ဒုတိယပိုင်းမှာတော့ ရရှ်ဖိုဒ့်၊မက်ဂွိုင်းယား တို့ဂိုးတွေနဲ့ ပြန်လည်ချေပနိုင်ခဲ့ပြီး (၈၉)မိနစ်မှာတော့ ရော်နယ်ဒို ရဲ့ လှပသေသပ်လွန်းတဲ့ ခေါင်းတိုက်ချက်ဟာ အီတလီသားတွေ အတွက်တော့ အသဲခွဲဂိုး ဖြစ်စေခဲ့ပါတယ်။

ယူနိုက်တဒ် ၂-၁ ဗီလာရီးရဲလ်

စပိန်သားတွေရဲ့ မော်ကြွားမှုဟာ အိုးထရဒ့်ဖိုဒ့် ကို မခန့်လေးစား လုပ်ရာကျခဲ့ပြီး ယူရိုပါလိဂ်ဗိုလ်လုပွဲရှုံးကြွေးလည်း ဆပ်ရမယ့် အခြေအနေမှာ (၅၅)မိနစ် ကို (ဝ-၁) နဲ့ အရေးနိမ့်နေခဲ့လို့ ဖိအားတွေဟာ ရော်နယ်ဒို ရဲ့ ပုခုံးနှစ်ဖက်ကိုပဲ ကျရောက်ခဲ့ရပြန်ပါတယ်။အဲလက်စ်တဲလက်စ် ရဲ့ လှ့သေသပ်လွန်းတဲ့ အဝေးကန်ချက်က ချေပဂိုးဖြစ်ခဲ့ပြီး ထုံးစံအတိုင်း ကယ်တင်ရှင်ဟာ (၉၀+၅)မိနစ်မှာ ရော်နယ်ဒို သာ ဖြစ်ခဲ့ကာ အဝါရောင်ရေငုပ်သင်္ဘောကြီးကို နှစ်မြှပ်နိုင်ခဲ့ပါတယ်။

ယူနိုက်တဒ် ၃-၂တော့တင်ဟမ်

ရော်နယ်ဒို က တော့တင်ဟမ် နဲ့ တွေ့တိုင်းဂိုးမြူးလေ့ရှိသလို ဒီတစ်ကြိမ်မှာလည်း တော့တင်ဟမ် ရဲ့ နှစ်ကြိမ်တိုင်ချေပမှုတွေကို ကျော်ဖြတ်ပြီး နိုင်ပွဲရစေဖို့ ဆောင်ကျဉ်းပေးနိုင်ခဲ့ပါတယ်။ ရော်နယ်ဒို ရဲ့ (၁၂)မိနစ် ဦးဆောင်ဂိုးဟာ ဟယ်ရီကိန်း ရဲ့ (၃၅)ပယ်နယ်တီ ကြောင့် ချေပခံရသလို (၃၈)မိနစ်မှာ ပြန်ပြီးဦးဆောင်နိုင်ခဲ့တာကလည်း မက်ဂွိုင်းယား ကြောင့် (၇၂)မှာ ပြန်လည်ချေပခြင်းခံခဲ့ရပါတယ်။ဇွဲမလျှော့တဲ့ ရော်နယ်ဒို က (၈၁)မှာ တတိယမြောက်ဦးဆောင်ဂိုး နဲ့ သူ့အတွက် ဟက်ထရစ်ဂိုးကိုသွင်းယူခဲ့တဲ့ လန်ဒန်ကကြက်ဖကြီး ဒီတစ်ကြိမ်တော့ အပြီးတိုင် ချုပ်ငြိမ်းသွားခဲ့ရပါတယ်။