ရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့ပုံပြင်တွေကို တခန်းရပ် လိုက်တဲ့ အဲရခ်တန်ဟဂ်

Posted on

ရော်နယ်ဒိုရဲ့ အပြောင်းရွှေ့ပုံပြင်တွေကို တခန်းရပ် လိုက်တဲ့ အဲရခ်တန်ဟဂ်

မန်ယူနိုက်တဒ်အသင်းနဲ့ရော်နယ်ဒို ရဲ့ အပြောင်းရွှေ့ပုံပြင်ဟာ ယနေ့တခန်းရပ်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။ မနက်ဖြန်ကစားမယ့် လက်စတာ နဲ့ ပွဲအတွက် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အဲရခ်တန်ဟဂ် က ရော်နယ်ဒိုဟာ အသင်းမှာ ဆက်ရှိနေမှာဖြစ်ပြီး အရေးပါတဲ့ ကစားသမားဖြစ်တာကြောင့် လက်လွှတ်ဆုံးရှုံးခံမှာ မဟုတ်ကြောင်း အသိပေးခဲ့ပါတယ်။နာပိုလီအသင်းနဲ့ ရော်နယ်ဒို ကြား အပြောင်းရွှေ့အတွက် ပြုလုပ်နေတဲ့ မန်ဒက်စ် ရဲ့အစီစဉ်လည်း ပျက်သုဉ်းသွားခဲ့ရပြီဖြစ်ပါတယ်။

ယူနိုက်တဒ် အနေနဲ့ ရော်နယ်ဒို ဆက်ထိန်းထားနိုင်ဖို့ အပြောင်းရွှေ့တွေမှာ ဂရုတစိုက်ချဉ်းကပ်ခဲ့ရပြီး ကတ်စမဲရိုး ခေါ်ယူမှုက ပေါ်တူဂီသားရဲ့ စိတ်ကို ပြောင်းစေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တန်ဟဂ် က ရော်နယ်ဒို နဲ့ ပက်သက်ပြီး “ကျွန်တော်တို့ထိပ်သီးအဆင့်ရှိတဲ့ကစားသမားတွေလိုအပ်တယ်ဆိုတာကရှင်းပါတယ်။ခရစ်တီယာနို က အသင်းမှာဆက်ရှိပါလိမ့်မယ်။ကျွန်တော်တို့ရဲ့တိုက်စစ်ပိုင်းက ပွဲဆက်များတဲ့ အခြေအနေအရဆိုရင် တည်ငြိမ်စွာကစားနိုင်ဖို့ လုံလောက်တဲ့ လူအင်အားလိုအပ်ပါတယ်”လို့ဆိုပါတယ်။ ပြီးခဲ့တဲ့ လီဗာပူးလ် နဲ့ ပွဲမှာ ဒဏ်ရာပြန်ရခဲ့တဲ့ အန်သိုနီမာစီရယ် ကတော့ လေ့ကျင့်ခန်းမဆင်းနိုင်တာကြောင့် လက်စတာနဲ့ ပွဲကို ဆက်လက်လွဲချော်မှာပဲ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ရဖ်ရန်းနဂ် လက်ထက်မှာ မက်ဂွိုင်းယား အပါဝင် အင်္ဂလန်သားတွေ ကို လူစာရင်းကချန်လှပ်ရန် ပြောဆိုခဲ့တာကြောင့် အငြင်းပွားခဲ့ဖူးတယ်လို့ သတင်းတွေကဆိုပါတယ်။

ရော်နယ်ဒို အနေနဲ့ လက်တလောမှာ တန်ဟဂ် ရဲ့ စိန်ခေါ်ခြင်းခံထားရပြီး အပြောင်းရွှေ့ပြသနာတွေ ဖြေရှင်းပြီးဖြစ်တာကြောင့် ပွဲအပေါ် အပြည့်အဝအာရုံစိုက်ကာ နည်းပြသစ်တောင်းဆိုတဲ့ သွင်းဂိုးတွေ အတွက် အဖြေပြန်ပေးရတော့မယ့် အချိန်လည်း ရောက်ရှိလာပါပြီ။ ရော်နယ်ဒို က ယူနိုက်တဒ် နဲ့ ယခုရာသီဆက်လက်နေထိုင်ပြီး ချန်ပီယံလိဂ် ဝင်ခွင့်ရရှိခဲ့ရင် အသင်းမှာ စာချုပ်ထပ်တိုးကာ ဆက်လက်နေထိုင်သွားဖွယ်ရှိပါတယ်။