ယူနိုက်တက်အတွက် သတင်းကောင်းဖြစ်စေမယ့် နယူးကာဆယ်ရဲ့ဒဏ်ရာပြသနာများ

Posted on

အိုးထရဒ့်ဖိုဒ့် ကို လာရောက်ကစားမယ့် နယူးကာဆယ်အသင်းဟာ စီနီယာကစားသမား အများအပြားကို ဒဏ်ရာကြောင့် လက်လွှတ်ထားရပါတယ်။ နယူးကာဆယ်အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တဲ့ တိုက်စစ်မှုး အီဆက် အပါဝင် အားထားရတဲ့ တောင်ပံလူ အလန်စိန့်မက်ဆီမန် နဲ့ အဓိက ကွင်းလယ်ကစားသမား ဂျွန်ဂျိုရှလ်ဗေး တို့ပါ ဒဏ်ရာရနေတာကြောင့် အက်ဒီဟောင်း အနေနဲ့ အခက်ကြုံနေရပြီပဲဖြစ်ပါတယ်။အထူးသဖြင့် နယူးကာဆယ် ရဲ့ တောင်ပံမှာ အတိုးလှုပ်ကောင်းပြီး ထိန်းချုပ်ရခက်တဲ့ စိန့်မက်ဆီမန် ပါဝင်နိုင်ခြင်းမရှိတာက တောင်ပံတိုက်စစ်တွေကို ခံစစ်အသုံးပြုဖို့ ချိန်ဆနေရတဲ့ တန်ဟဂ် အတွက်တော့ မဟာသတင်းကောင်းပဲ ဖြစ်လာပါလိမ့်မယ်။

မက်ဆီမန် မပါဝင်နိုင်တဲ့ နယူး ရဲ့ ဘယ်တောင်ပံဟာ အန်တိုနီ+ဒါးလော့ အတွဲကို ထိန်းချုပ်ဖို့ ခက်သလို ပြန်လည်ထိုးနှက်ဖို့လည်း ခက်ခဲလာပါလိမ့်မယ်။နယူးကာဆယ်ကွင်းလယ် မှာ အတွေ့ကြုံရှိပြီး ယူနိုက်တဒ် နဲ့ ရင်ဆိုင်တိုင်း ပုံစံကောင်းပြလေ့ရှိတဲ့ ရှလ်ဗေး မပါဝင်တော့တဲ့ ကွင်းလယ် က အားနည်းသွားမှာဖြစ်သလို အီဆက် မပါဝင်နိုင်တာကြောင့်ဗာရန်း+မာတီနက်ဇ် အတွဲဟာ အလုပ်ရှုတ်သက်သာစေပါလိမ့်မယ်။ နယူးကာဆယ် အတွက်တော့ အလ်မီရွန်၊ဘရူနို တို့လို အားထားရတဲ့သူတွေ ရှိသေးပေမယ့် တိုက်စစ်ပိုင်းမှာတော့ အတော်လေး အားနည်းသွားတာကြောင့် အခက်ကြုံရတော့မှာပဲ ဖြစ်ပါတယ်။

အဲရခ်တန်ဟဂ် အတွက်တော့ မက်ဂွိုင်းယား၊ဘစ်ဆာကာ၊ဝီလျံ တို့လောက်သာ ဒဏ်ရာရကစားသမားစာရင်းထဲရှိနေပြီး မာစီရယ် ကို အရံလူစာရင်းမှာ ပြန်လည်မြင်တွေ့ရပါလိမ့်မယ်။ ဗာရန်း က ကြံခိုင်မှုပြန်လည်ကောင်းမွန်နေပြီ ဖြစ်တာကြောင့် ပွဲထွက်လူစာရင်းမှာ မြင်တွေ့ရနိုင်တာကြောင့် တိုက်စစ်ပိုင်းလူမစုံတဲ့ နယူးကာဆယ် အတွက် အခက်ခဲတွေ ဖြစ်လာပါလိမ့်မယ်။

ယူနိုက်တဒ် အနေနဲ့ လက်ရှိအချိန်မှာ ဆက်တိုက်အနိုင်ရရှိပြီး အသင်းရဲ့ လည်ပတ်မှု နဲ့ တိုက်ပွဲဝင်စိတ်ဓာတ်က အမြင့်ဆုံးကို ရောက်ရှိနေတာကြောင့် နိုင်ပွဲဆက်နေစေဖို့ အပြင်းထန်ကြိူးစားလာပါလိမ့်မယ်။တဖက်မှာလည်း နယူးကာဆယ် ဟာ နောက်ဆုံး (၂)ပွဲ (၉)ဂိုးသွင်းယူထားသည့်တိုင် လူမစုံတဲ့ ပြသနာက အခက်ခဲတွေ ဖြစ်လာနိုင်လို့ ယူနိုက်တဒ် အတွက် ကံကြမ္မာကမျက်နှာသာပေးတဲ့ ပွဲ လို့ ဆိုနိုင်ပါလိမ့်မယ်။