လီဗာပူးကို အနိုင်ရစေခဲ့တဲ့ လျို့ဝှက်ချက်ကို ထုတ်ဖော် ပြောပြသွားတဲ့ ရက်ရှ်ဖို့ဒ်

Posted on

မန်ချက်စတာယူနိုက်တက် အသင်းက တနင်္ဂလာနေ့ည မှာပဲ လီဗာပူး အသင်းကို အို့ထရက်ဖို့ဒ် ကွင်းအတွင်းမှာ ၂ဂိုး – ၁ဂိုး နဲ့ အနိုင်ရယူနိုင်ခဲ့ပြီး အဆိုပါ ပွဲစဉ်အတွင်း ယူနိုက်တက် အသင်း အတွက် ဒုတိယမြောက် ဂိုးကို သွင်းယူပေးထားနိုင်ခဲ့တဲ့ မားကပ်ရှ်ဖို့ဒ်က အနိုင်ရလဒ်ဟာ ယူနိုက်တက် ကစားသမားတွေရဲ့ နိုင်လိုစိတ် ပြင်းပြ မှုကို ဖော်ပြနေတာ ဖြစ်တဲ့ကြောင်း ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ယူနိုက်တက် အသင်း အတွက် ပထမ ဦးဆောင်ဂိုးကို ဂျေဒန်ဆန်ချိုက လီဗာပူး ကစားသမား တစ်ယောက် ကို အသာယာ ဟန်ပြကျော်ဖြတ်ကာ သွင်းယူသွားခဲ့တာ ဖြစ်ပြီး လီဗာပူး အသင်း အတွက် တစ်လုံးတည်းသော ချေပဂိုး ကိုတော့ ယူနိုက်တက် ဂိုးသမား ဒီဂီယာဆီက လျှံထွက်လာတဲ့ ဘောလုံးကို မိုဟာမက်ဆာလက်က ခေါင်းတိုက် ပိတ်သွင်း ယူသွားခဲ့တာ ဖြစ်ပါတယ်။

လီဗာပူး အသင်းကို ၂ဂိုး – ၁ဂိုး ရလဒ်နဲ့ အနိုင် ရယူနိုင်ခဲ့တဲ့ ပွဲစဉ်အပြီး ယူနိုက်တက် တိုက်စစ်မှုး မားကပ်ရက်ရှ်ဖို့ဒ်က ” ဒါဟာ အသင်းအတွက်တော့ ထူးကဲလွန်းတဲ့ ပွဲစဥ်တစ်ပွဲ ပါပဲ ။ ကျွန်တော် ပြောခဲ့ပြီးသားပဲလေ ။ လီဗာပူး နဲ့ ရင်ဆိုင််တဲ့ အခါမှာ လက်ရှိ ဘာတွေ ဖြစ်ပျက်နေခဲ့လဲဆိုတာကို မေ့လိုက်ကြပါလို့ ”

” ကျွန်တော်တို့ ဘယ်လို အခိုက်အတန့်ကိုပဲ ဖြတ်သန်းခဲ့ရပါစေ ၊ ဒီပွဲက ထူးကဲနေမှာပါပဲ ။ အဲ့ဒီမှာ နိုင်ပွဲ ရယူနိုင်တာက ပိုပြီး ထူးကဲလှပါတယ် ။ ကျွန်တော်တို့ ဒီရာသီကို စတင်တာ သိပ်မကောင်းခဲ့ဘူးလေ။ အခုလို အနိုင် 3 မှတ် ရှာဖွေနိုင်ခဲ့တာက အရမ်းကောင်းခဲ့ပါတယ် ”

” ရိုးရိုးသားသား ပြောရရင် အရေးအကြီးဆုံးက energy ပဲ ဖြစ်ခဲ့တယ်လို့ ထင်မိပါတယ် ။ ကျွန်တော်တို့ဟာ ပွဲစဥ်ကို tempo မြင့်မြင့်နဲ့ စတင်နိုင်ခဲ့ကြပါတယ် ။ အဆုံးမှာ ကျွန်တော်တို့ မောပမ်း နွမ်းနယ်သွားခဲ့ကြပါတယ် ။ ဒါပေမဲဲ့ ကျွန်တော်တို့ ရှေ့ဆက်ရင်း အဆုံးထိ အားထုတ်ခဲ့ကြပါတယ် ”

” သူတို့ တစ်ဂိုး ပြန်သွင်းနိုင်ခဲ့ပေမဲ့ ကျွန်တော်တို့လည်း လက်မ​မြောက်ခဲ့ကြပါဘူး ။ ကျွန်တော်တို့ ကောင်းကောင််း ခုခံနိုင်ခဲ့ကြပါတယ် ။ ဒါဟာ ကစားရတာ ပျော်ဖို့ကောင််းတဲ့ ပွဲစဥ်တစ်ပွဲ ဖြစ်သွားခဲ့ရပါတယ် ” လို့ ရပ်ရှ်ဖို့ က ​ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ်